maranathamedia-myanmar.com

စာစောင်ငယ်များ

ကလေးသူငယ်များအတွက် ဘုရားသခင်၏ စာရိတ္တတော်အchilကြောင်း လမ်းညွှန်

ဘုရားသခင်ရဲ့ စာရိတ္တအမှန်က ဘယ်လိုဖြစ်မလဲ။ ဘုရားသခင် အမျက်ဒေါသထွက်တယ်လို့ သမ္မာကျမ်းစာက ဖော်ပြတဲ့အခါ ဘာကိုဆိုလိုချင်တာ ဖြစ်မလဲ။ သူ့စကားကို နားမထောင်လို့ အကြမ်းနည်း အသုံးပြုပြီး သန်းချီတဲ့ လူသားတွေကို ရေလွှမ်းမိုးခြင်းဖြင့် တကယ်ပဲ ဘုရားသခင် ဖျက်ဆီးခဲ့ပါသလား။

နှိုင်းယှဉ်ခြင်း

သန့်ရှင်းသော ဝိညာဉ်တော်က ဘယ်သူလဲ။ သန့်ရှင်းသော ဝိညာဉ်တော်ဆိုတာ ဘာလဲ။ ဘုရားသခင်နှင့် သူ၏သားတော်သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ဘယ်လိုပတ်သက်သလဲ။ ဝိညာဉ်ဟူသော စကားလုံးသည် အလွန်ကျယ်ပြန်သောကြောင့် အထက်ပါမေးခွန်များကို ဖြေဆိုရန်မလွယ်ကူပါ။ အများစုကလည်း ထိုမေးခွန်းအကြောင်း မလေ့လာရဲကြပေ။ အကြောင်းမှာ အယ်လင်ဝှိုက်က သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပတ်သက်၍ “တိတ်တိတ်နေ ခြင်းသည် သာ၍ကောင်း၏” ဟုပြောခဲ့ပါသည်။ သို့သော်လည်း သူမကိုယ်တိုင်ကမူ သန့်ရှင်းသော ဝိညာဉ်တော်အကြောင်း မကြခဏ ပြောလေ့ရှိပါသည်။ သို့ဖြစ်၍ မည်သည့် အချိန်တွင် တိတ်တိတ်နေ၍၊ မည်သည့်အချိန်တွင် ပြောရမည်နည်း။

ဖျက်ဆီးသောသူ

ဖျက်ဆီးသောသူ

အဲဂုတ္တုပြည်သားဦးများကို ဖျက်ဆီးခဲ့သည့် ဖျက်ဆီးသောသူကား အဘယ်နည်း။

ထွက်မြောက်ရာကျမ်း ၁၂း၂၃ - အကြောင်းမူကား၊ ထာဝရဘုရားသည် အဲဂုတ္တုလူတို့ကို ဒဏ်ခတ်ခြင်းငှါ ထုတ်ချင်းခတ်သွားတော်မူမည်။ တံခါးထုပ်နှင့် တံခါးတိုင်နှစ်ဘက်၌ ရှိသော အသွေးကို မြင်သောအခါ၊ ထာဝရဘုရားသည် တံခါးကို လွန်သွားတော်မူမည်။ ဖျက်ဆီးသောသူသည် သင့်တို့ကို ဒဏ်ခတ်ခြင်းငှါ၊ အိမ်ထဲသို့ ဝင်ရသောအခွင့်ကို ပေး တော်မမူ။

သားဦးအပေါင်းတို့အား ကွပ်မျက်သူသည် ဘုရားသခင်ပင်ဖြစ်သည် ဟူ၍ လူအမြောက်အများ ယုံကြည်နေကြသည်။ ဣသရေလလူတို့၏ နေအိမ်များအတွင်းသို့ ဝင်ရောက်ရန် ဖျက်ဆီးသော သူအား ဘုရားသခင် အခွင့်မပေးပါ ဟုဆိုရာတွင် မိမိကိုယ်မိမိ ဘုရားသခင် ပြန်လည်ဟန့်တားနေ သည့် အဓိပ္ပါယ်မျိုးကို ပြောဆိုနေခြင်းပါလော။ သို့ဖြစ်လျှင် အဓိပ္ပါယ်ရှိပါလိမ့်မည်လော။ အဲဂုတ္တု ပြည်သားဦးများကို ခရစ်တော် ဖျက်ဆီးခဲ့သည်မှန်လျှင်၊ ခရစ်တော်နှင့်အတူ ကားတိုင်တွင် ရိုက် ထားခံရသူများနှင့် မိမိတို့တွင် ခရစ်တော် တည်နေသည်ဟု ယုံကြည်သူများတို့၏ အတွင်း၌ဖျက် ဆီးသောသူ ကိန်းအောင်းနေသကဲ့သို့ ဖြစ်နေမည်မဟုတ်ပါလော။

လူသားသည် လူတို့၏အသက်ကို သတ်အံ့သောငှါ ကြွလာသည်မဟုတ်။ ကယ်တင် အံ့သောငှါ ကြွလာသည်။ ရှင်လုကာခရစ်ဝင် ၉း၅၆

စာတန်သည် ဖျက်ဆီးသောသူပင်ဖြစ်ပြီး သူ၏ ဆိုးသွမ်းသည့်အလုပ်များကို ဟန့်တားနေသူ ကား ဘုရားသခင်ပင်ဖြစ်သည်ကို သက်သေအားဖြင့် ရှင်းလင်းစွာ ပြသထားပေးပါသည်။

မာရ်နတ်သည် လူသားမျိုးနွယ်တို့၏ ဖန်ဆင်းရှင်နှင့် ကျေးဇူးရှင်၏ အရေကိုခြုံထား ၏။ ရက်စက်ခြင်းအမှုများကား စာတန်နှင့်ဆိုင်၏။ ဘုရားသခင်မူကား ချစ်ခြင်း မေတ္တာဖြစ်တော်မူ၏။ ဘုရားသခင် ဖန်ဆင်းသမျှတို့သည် အပြစ်ဝင်ရောက်မလာမှီ တိုင်အောင် စင်ကြယ်သန့်ရှင်းခြင်းရှိ၍ ချစ်ဖွယ်ကောင်းလှ၏။ စာတန်သည်ကား လူ သားများ အပြစ်ပြုစေခြင်းငှါ ကြိုစားအားထုတ်၏။ ထို့နောက် သူတို့အား ဖျက်ဆီးပစ် ဖို့ သူကြိုးပမ်း၏။ လူသားများ သူ၏သားကောင်များဖြစ်လာသောအခါ မိမိစီမံထား သောဖျက်ဆီးခြင်းလုပ်ရပ်အတွက် စာတန် နှစ်ထောင်းအားရ၏။ အခွင့်ရှိလျှင်၊ လူသားမျိုးနွယ်တစ်ခုလုံးကို မိမိပိုက်ကွန်အောက်သို့ သူဆွဲသွင်းလို၏။ တန်ခိုးတော်အားဖြင့် ဘုရားသခင် ကြားဝင်ဟန့်တားခြင်းမပြုခဲ့ပါမူ၊ အာဒံ၏သားသမီးများ တစ်ဦးတစ်ယောက်မျှ လွတ်မြောက် ခွင့်ရှိမည်မဟုတ်ပါချေ။ (GC 534.2)

ဘာ့ကြောင့်ပညတ်စောင့်ရသနည်း။ - ဂလာတိ ၃း ၁၉ကို အနက်ဖွင့်ခြင်း

၁၈၈၈ခုနှစ်၊ ခရစ်တော်ကို မြှော်လင့်သော  သတ္တမနေ့ ဥပုသ်အသင်းတော်၏  ဘိုင် ဘလ် ကွန်းဖရင့်၌   ဂလာတိကျမ်းရှိ   ပညတ်တော်အကြောင်း ဆွေးနွေးရာတွင် အ ခြေခံယုံကြည်ချက်နှင့် ပတ်သက်၍ ငြင်းခုံစရာမေးခွန်းတစ်ခုရှိခဲ့သည်။

ထိုမေးခွန်း၏ အဓိကအချက်ကို နားလည်ရန်   အဘယ့်ကြောင့် အလွန်အရေးကြီးရ သနည်း။  ဂလာတိကျမ်းရှိ ပညတ်တော်သည်   သမ္မာကျမ်းစာရှိ ထာဝရပဋိညာဉ်အ ကြောင်း ကောင်းစွာ နားလည်ခြင်း ရှိမရှိကို ဖော်ပြနေသည်။ 

ဘုရားသခင့် တရားစီရင်ခြင်း

ခရစ်ယာန်အများစု၌ ဘုရားသခင်၏ တရားစီရင်ခြင်း၊ အမျက်ဒေါသ၊ အပြစ်ပေးခြင်း၊ ကလဲ့စားချေ ခြင်းတို့အပေါ်  ခိုင်မာသော ယုံကြည်ယူဆချက်များ ရှိကြသည်။ သူတို့အမြင်တွင် ဘုရားသခင်သည် အတိုင်းတာတစ်ခုကျော်လွန်လာပါက   စိတ်ရှည် သည်းခံမနေတော့ဘဲ   အပြစ်ပေးသူ၊  ပညတ်ချက် လွန်ကျူးသူများကို ကောင်းကင်တမန်များစေလွှတ်၍ ဖျက်ဆီးစေသူ၊ သူကို မယုံကြည်သူများအပေါ် ဖျက်ဆီးလိုသည့် ရည်ရွယ်ချက် ပြည့်ဝနိုင်ရန် သဘာဝဘေးအန္တရယ်များကို အသုံးပြုကာ လူသားများ ကို နှိပ်စက်သတ်ဖြတ်သူအဖြစ် ယုံကြည်ကြသည်။ ဘာကြောင့်လူတွေဒီလို ယုံကြည်ကြတာလဲ?

ကားတိုင်ထက်က ခရစ်တော်၏ ပုံပြင်နှင့် ယေရုရှလင်မြို့ပျက်စီးခြင်း ပုံပြင်အားဖြင့် ဘုရားသခင်၏ တရားစီရင်နည်း၊   နောက်ဆုံးသောနေ့ရက်တွင်   ဆိုးသွမ်းသူများအပေါ် ဘုရားသခင်  အသုံးပြုမည့် တရားစီရင်နည်းကို ရှာဖွေတွေ့ရှိနိုင်ပါသည်။

၁။ သတိပေးသည်။ အမှန်ပြင်ပေးသည်။ ဆုံးမသွန်သင်သည်။ လုံခြုံသောလမ်းကို ညွှန်ပြသည်။

၂။ လူတို့သည် ဝိညာဉ်တော်ကို စွန့်ကာ၊ မိမိတို့ကိုယ်ပိုင်လမ်းစဉ်ကို လိုက်လျောက်ကြသည်။

၃။ အထပ်ထပ်အခါခါ သတိပေးသော်လည်း မိမိတို့လမ်းကိုသာ ရွေးချယ်သည်။

၄။ မိမိကိုမိမိ ဘုရားသခင့်ကွယ်ကာရာ အပြင်ဘက်သို့ ထားကြသည်။

၅။ ဘုရားသခင်က သူ့ကောင်းချီးမင်္ဂလာများကို ရုတ်သိမ်းလျက်၊ သူ့အကာကွယ်တော်ကို ဖယ်ရှားလိုက်သည်။

၆။ ဘုရားသခင်၏ ဝိညာဉ်တော် ရုတ်သိမ်းခံကြရသည်။

၇။ စာတန်၏ တိုက်ခိုက်မှုများမှ ကာကွယ်ပေးမည့် ကောင်းကင်တမန်များကို ကာကွယ်ရန် တာဝန်ချပေးထားခြင်းမရှိတော့။

၈။ စာတန်သည် ပင်လယ်၊ မြေပြင်၊ အရပ်ရပ်တွင် ကပ်ဘေးဒုက္ခများ ကျရောက်စေလျှက် လူအ ပေါင်းတို့ကို သူ့သားကောင်များ ဖြစ်လာစေသည်။

ဘုရားသခင်၏ နာမတော်မြတ်၌ - ခရစ်ယာန်နိုင်ငံရေး ကျဆုံးခန်း

ကမ္ဘာမြေကြီး၏ စည်းစိမ်ဥစ္စာများ အပိုင်စီးနိုင်ရေးနှင့် ဩဇာအာဏာ လွှမ်းမိုးနိုင်ရေးအတွက် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပြိုင်ဆိုင်တိုက်လှန်ရာတွင် ဘုရားသခင်သည် သင့်ကို သူ့လူမျိုးကြီးအဖြစ် ရွေးချယ်ပြီ။ ထို့ကြောင့် သူသည် သင်၏ရန်သူများကို တိုက်ဖျက်ချေမှုန်းကာ သင့်လက်အေက်တွင် သွတ်သွင်းတော်မူမည်ဟု ယုံကြည်စေခြင်းထက် သာ၍ကောင်းသော စိတ်ဓာတ်လှုံ့ဆော်နည်း မရှိပါ။

ထိုကဲ့သို့သော ပုံပြင်များကို ဗြိတိသျှ၊ ဂျာမနီနှင့် အထင်ရှားဆုံးဖြစ်သော အမေရိကန်နိုင်ငံ တို့က အသုံးပြုခဲ့ကြသည်။ ခရစ်ယာန် အမည်ခံယူသော ထိုနိုင်ငံများ၏ သင်ကြားမှုတွင် ဘုရားသခင်အား စစ်ရေးမှူးကြီးတစ်ဦးသဖွယ် ပေါ်လွှင်စေသည့်အတွက် များစွာသော လူတို့က ခရစ်ယာန်ဘာသာကို စစ်မက်လိုလားသော အကြမ်းဖက်ဘာသာအဖြစ် ငြင်းပယ်ရှုတ်ချနေကြသည်။

ဤစာအုပ်ကို ရေးသော စာရေးသူလည်း ခရစ်ယာန်ဘာသာကို အကြမ်းဖက်ဘာသာရေး အဖြစ်ခံယူသူများအနက် တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။ ဘုရားသခင်နှင့် ခရစ်တော်အကြောင်းကို မတူခြားနားသော အမြင်ဖြင့်နားလည်နိုင်ရန် အစပြုပေးသည့် ခရစ်ယာန်တစ်ချို့နှင့် မထင်မှတ်သော နေရာတွင် ဆုံတွေ့သိကျွမ်းခဲ့သည်။ ဤစာအုပ်ငယ်လေးကို မိမိတို့ရည်မှန်းချက် တိုးတက် အောင်မြင်ရေးအတွက် ခရစ်ယာန်ဘာသာကို ခုတုံးလုပ်ကြသော နိုင်ငံများ၏ မှားယွင်းသော စနစ်ကို ဖော်ထုတ်ရန် ရည်ရွယ်ရေးသားထားပါသည်။

ကမ္ဘာကြီးတွင် ဖော်ညွှန်းသရုပ်ဖော်ခဲ့ကြသော ဘုရားသခင်အပေါ် အမြင်များသည် လူများကို နောက်ဆုတ်ထွက်သွားစေသည့် အဓိကအကြောင်းရင်းဖြစ်သည်။ ယေရှုသည် ငြိမ်သက်ခြင်း၏ အရှင်အဖြစ် ဤလောကသို့ ကြွလာခဲ့သည်မှန်လျှင် ခမည်းတော်ဘုရား၊ မှန်သော တစ်ဆူတည်းသော ဘုရားသခင်သည် ငြိမ်သက်ခြင်း၏ ရှင်ဘုရင် ဖြစ်မည်မှန်လျှင် အများထင်ကြသကဲ့သို့ စစ်မက်ဘုရား မဖြစ်နိုင်တော့ပေ။

ဘုရားသခင်၏ နီးတော်မူခြင်း

ဒီလို မီးပုံပွဲအနားမှာ ထိုင်ရတဲ့ ညနေခင်းတွေက ကြည်နူးဖို့ကောင်းပါတယ်။ ဒါ ပေမယ့် ကျွန်တော်တို့ မနှစ်သက်တဲ့ တစ်စုံတစ်ယောက် ဒီမှာရှိနေရင် ဘာဖြစ်မလဲ။ အဲဒီအချိန်တိုလေးက ဒီမှာရှိတဲ့ လူအားလုံးအတွက် အနေထိုင် ခက်ခဲစေနိုင်ပါတယ်။

ကောင်းကင်နိုင်ငံတော်က ဘုရားသခင်ရဲ့ မီးပုံပွဲမှာ ထာဝရနေဖို့ ဖိတ်ကြားခြင်းခံရ တယ်လို့ စိတ်ကူးကြည့်ပါ။ ဒါပေမယ့် မင်းက သူရဲ့ မကောင်းကြောင်း အများကြီး ကြားထားတယ်။ အရမ်းထိန်းချုပ်ချင်တဲ့သူ၊ အရမ်း စိတ်ဆိုးလွယ်တဲ့သူ၊ သင်မနှစ် သက်တဲ့ သူတစ်ယောက်နဲ့ မင်းဘာလို့ ထာဝရနေချင်မလဲ။ ဒီအကြောင်းတွေက ခရစ် ယာန်တွေ၊ ခရစ်ယာန်မဟုတ်တဲ့ သူတွေဆီက မင်းကြားရတဲ့ ဘုရားသခင်အကြောင်း မင်းရဲ့ ထင်မြင်ချက်ပဲ ဆိုပါတော့။

ဒါပေမယ့် ကျွန်တော်တို့အားလုံး အလိမ်ခံလိုက်ရတာ ဆိုရင် ဘယ်လိုလုပ်မလဲ။ တ ကယ်လို့ သူက လူတွေပြောသလို ထိန်းချုပ်ချင်တဲ့သူ၊ အနိုင်ကျင့်တတ်တဲ့သူ မဟုတ် ဘူးဆိုရင်ရော။ တကယ်လို့ သူက တကယ်ပဲ သူ့သားသမီးတွေနဲ့ အတူနေချင်တဲ့သူ၊ သူ့သားသမီးတွေအတွက် အကောင်းဆုံးကို ဖြစ်စေချင်တဲ့ ဖခင်တစ်ယောက်ဆို ရင်ရော။ ကျွန်တော်တို့ရဲ့ မှားယွင်းစွာ နားလည်မှုတွေ ပြောင်းလဲပေးပြီး၊ အဖေနဲ့ အိမ် တော်မှာနေချင်တဲ့ စိတ်တွေ ထည့်ပေးရင်ရော။ သူ့အပေါ်ကျွန်တော်တို့ရဲ့ စိတ်သ ဘောထားကို ပြောင်းဖို့ မျှော်လင့်ချက်နဲ့ ကောင်းကင်ခမည်းတော်ဟာ  ကျွန်တော်တို့ တွက် အရာရာကို ပြင်ဆင်ပေးနေတယ်ဆိုတာ သတိပြုပါ။ ကျွန်တော်တို့အပေါ် ထား ရှိတဲ့ သူ့ရဲ့စိတ်သဘောဟာ ပြောင်းလဲခြင်းမရှိပါဘူး။

 

ဘုရားသခင်၏ မေတ္တာတော်အမျက်

ဘုရားသခင်၏အမျက်တော်အကြောင်း သမ္မာကျမ်းစာက ဘာပြော ထားသလဲ။

ကျွန်ပ်တို့ကဲ့သို့ပဲလား။ ဘုရားက မိုက်ရူးသောသူလား။ သူက စိတ်ဆိုးလား။ ဆိုးသော သူကို မီးနှင့်ဖျက်ဆီးလျှင်၊ ဘုရားသည် အဘယ်သို့ ချစ်ခြင်းမေတ္တာရှင် ဖြစ်နိုင်မည် နည်း။

ဤမေးခွန်းများကို ဤစာအုပ်ငယ်ထဲတွင် ဂရုတစိုက်ဖြေဆိုထားပါသည်။ ဤစာအုပ် ငယ်သည် ကျွန်ပ်တို့၏ ကောင်းကင်ဘုံရှင်ထာဝရဘုရား၏ နှစ်သက်ဖွယ်ကောင်း သော ပုံသဏ္ဍာန်ကို တင်ဆက်ပေးထားပါသည်။

သခင်ယေရှုသည် ခမည်းတော်ကို ကျွန်ပ်တို့အား ပြသခြင်းငှါ ကြွလာတော် မူခဲ့ပြီ။ သူသည် ပြီးပြည့်စုံသည့် ဘုရားသခင်၏ရုပ်လုံးတော် ဖြစ်သည်။ ဖန်ဆင်းရှင်ကို ချစ်ပြီ၊ အပြစ်သားများအပေါ် ဘယ်တော့မှ အချစ်မလျော့သောသူ ဖြစ်သည်။

ဘုးရားသခင် ပုံသွင်းထားသော အသက်သာ စံပုံစံညွန်း

ဘုရားသခင်
ပုံသွင်းထားသော အသက်တာ
စံပုံစံညွန်း

ကမ္ဘာအနှံ့ရှိအသက်တာ၏ပုံစံများ အားလုးံသည်ကျွန်ပ်တို့ပတ်ဝန်းကျင်
တွင်ရှိသည်။ သူတို့သည် မူလရင်းမြစ်အရှင်ဖြစ်သည့် ဘုရားသခင်၏စံပုံစံညွန်းမှ သားတော်အားဖြင့် ခမည်းတော်ထံမှ ရောက်လာခြင်းဖြစ်သည်။ ၎င်းကို အသက်တာ၏ အဆင့်တိုင်းတွင်တွေ့ရသည်။

နေနှင့် လ၊ မျိုးစေ့နှင့် အပင်၊
မိဘနှင့် ကလေး၊ ဘုရင်နှင့်တိုင်းပြည်၊
ဓမ္မဟောင်းကျမ်း - ဓမ္မသစ်ကျမ်း
၎င်းတို့သည် ဇစ်မြစ်နှင့်ဇာတ်ကြောင်း စံပုံစံညွန်း၏
အဓိကသော့ချက်ဖြစ်သည်။

အထက်ပါအကြောင်းအရာနှင့်ဆန့်ကျင်လျက် အဖျက်သဘောဆောင်သည့်
ပဋိပက္ခပုံစံသည် အမျိုးသား၊ အမျိုးသမီးများ၏ အသက်တာတွင် လည်းကောင်း၊ ခေါင်းဆောင်များနှင့် အုပ်ချုပ်သူများ၏ စိတ်နှလုးံသားထဲတွင်လည်းကောင်း ဝင်ရောက်လာသည်။ 
အားလုးံသည် သူတို့၏ အသက် (သို့) သေခြင်း၏ ပုံစံကို ရွေးချယ်ရမည်။ အသက်ကို ရွေးချယ်ရန် မြင့်မြတ်သော ကျမ်းချက်များသည် ကျွန်ပ်တို့ကို အားပေးလျက်ရှိပါသည်။

ယုံကြည်ခြင်း ခရီးစဉ်

ပဋိညာဉ်တရားနှစ်မျိုး၏အကြောင်းအရာကို နားလည်ခြင်းသည် ဧဝံဂေလိတရားကို နား လည်ရန်နှင့် သမ္မာကျမ်းစာကို မှန်ကန်သောမူဘောင်အတွင်း ဖတ်ရှုခြင်းအတွက် အရေး ကြီးသော အခန်းကဏ္ဍဖြစ်ပါသည်။ ဤစာအုပ်ငယ်သည် စာဖတ်သူအား ဤအကြောင်း အရာကို နားလည်ရန် မရှိမဖြစ်လိုအပ်သောအရာများနှင့်အတူ ထိုအကြောင်းအရာကို ရိုးရှင်းသောနည်းလမ်းဖြင့် နားလည်ရန် မိတ်ဆက်ပေးထားပါသည်။

လွန်ခဲ့သောရာစုနှစ်များစွာက၊ ခရစ်ယာန်ဘာသာအတွင်း ဖြစ်ပွားခဲ့သော လွဲမှားသော နားလည်မှုများကြောင့်၊ ပဋိညာဉ်များအကြောင်းနှင့် ပတ်သက်၍ ရှုပ်ထွေးမှုများစွာ ရှိခဲ့ သည်။

ပဋိညာဉ်၏ရိုးရှင်းမှုကို အာဗြဟံ၏အသက်တာထဲတွင် ဖော်ပြထားသည်ကို သိမြင်စေ သည်။ ဤအရာသည် ဂလာတိဩဝါဒစာ၌ ရှင်ပေါလုက ကျွန်ပ်တို့ကို ပြောထားသော အ ရာဖြစ်ပါသည်။

ပညတ္တိကျမ်းစာ၌ လာသည်ကား၊ အာဗြဟံ၌ သားနှစ်ယောက်ရှိ၏။ သားတယောက်ကား၊ ကျွန်မ၏ သားဖြစ်၏။ တယောက်ကား ကျွန်မမဟုတ်သော မိန်းမ၏သားဖြစ်၏ဟု လာသ တည်း။ ကျွန်မ၏သားသည် ဇာတိပကတိအားဖြင့် ဘွားသောသားဖြစ်၏။ ကျွန် မဟုတ် သော    မိန်းမ၏သားသည် ဂတိတော်အားဖြင့် ဘွားသောသားဖြစ်၏။ ထိုအကြောင်းအရာ ကို ပုံပမာအားဖြင့်ဆိုသော်၊ ထိုမိန်းမ နှစ်ယောက်ကား၊ ပဋိညာဉ်တရားနှစ်ပါးကို ဆိုလိုသ တည်း။ ဟာဂရအမည်ရှိသော မိန်းမတည်းဟူသော ပဋိညာဉ်တရားတပါးသည် သိနာ တောင်ပေါ်မှာ စီရင်၍၊ ကျွန်များကိုဘွားတတ်သောတရားဖြစ်၏။ ဂလာတိဩဝါစာ ၄း၂၂-၂၄)

သင်ဖတ်ရှုသည့်အတိုင်း သင်၏ယုံကြည်ခြင်းခရီးစဉ်၌ များစွာသောကောင်းချီးမင်္ဂလာ ခံစားရပါစေ…

ဤကမ္ဘာလောကကြီးအတွက် ခရစ်တော်၏မစ်ရှင်

“ခရစ်တော်သည် ဘုရားသခင်၏ အကျင့်စာရိတ္တတော်ကို ချီးမြောက်တော်မူခဲ့ သည်။ ချီးမွမ်းသည်။ လောကကြီးအတွက် သူ့ဦးတည်ရည်ရွယ်ချက်ဖြစ်သော ဘုရားသခင်ကို ထင်ရှားပြသခြင်းအားဖြင့် လူသားများကို အမှားမှ အမှန်သို့ ပဲ့ပြင်ကာ၊ အရာအားလုံးအတွက် ခမည်းတော်ကို မူလပိုင်ရှင်၊ ပဲ့ကိုင်သူအဖြစ် အသိအမှတ်ပြုခဲ့သည်။ ခမည်းတော်၏ တုနှိုင်းမဲ့ ပြီးပြည်စုံခြင်းနှင့် မိဘကဲ့သို့သော ကရုဏာကျေးဇူးတော်ကို လူသားများရှေ့တွင် ခရစ်တော်၏ အသက်တာအားဖြင့် ပြသခဲ့သည်။ ကားတိုင်တင်မခံမှီ၊ ဆုတောင်းချက်တွင် ခရစ်တော်က “အကျွန်ုပ်သည် ကိုယ်တော်၏ နာမကိုပြပါပြီ။”ဟု ပြောခဲ့၏။ အကျွန်ုပ်သည် မြေကြီးပေါ်မှာ ကိုယ်တော်ကို ဘုန်းထင်ရှားစေပါပြီ။ အကျွန်ုပ်ဆောင်ရွက်စရာအဖို့  အကျွန်ုပ်၌ အပ်ပေးတော်မူသောအမှုကို အကျွန်ုပ်ဆောင်ရွက်၍ ပြီးပါပြီ။သူ့အမှုတော်၏ ဦးတည်ချက် (ဘုရားသခင်ကို မြေကြီးပေါ်မှာ ဘုန်းထင်ရှား စေခြင်း) ပြီးမြောက်သောအခါ ဘုရားသခင်၏ သားတော်သည် သူ့အမှုပြီးမြောက် အောင်မြင်ပြီ၊ ခမည်းတော်၏ စာရိတ္တတော်သည် လူသားများထံ ထင်ရှားလေပြီဟု ကြွေးကြော်တော်မူ၏။ (ST January 20, 1890, par. 9)