maranathamedia-myanmar.com

 

“Father of Love” ပေ့ချ်မှ လိုက်လှဲစွာ ကြိုဆိုအပ်ပါသည်။ ဝင်ရောက်လေ့လာခြင်းအတွက် သင့်အား အထူး ကျေးဇူးတင်ဂုဏ်ယူမိသည်။ ကရုဏာမေတ္တာရှင် ဘုရားသခင်၏ စာရိတ္တတော်များအကြောင်းကို ဖေါ်ပြပေးသော အကောင်းဆုံးစာအုပ်စာပေများကို ဤဖေ့ချ်မှ သင့်အဖို့ မျှဝေထားပေးပါသည်။ မျှဝေထားသော စာပေများကို ဖတ်ရှုလေ့လာရင်း၊ ဘုရားသခင်သည် မေတ္တာရှင်စစ်စစ် ဖြစ်တော်မူသည်ကို သင်သိမြင်နားလည်ရပေလိမ့်မည်။ ယနေ့တွင်၊ ဘုရားသခင့်စာရိတ္တကို လူအများအမြောက် တလွဲရှုမြင်နားလည်နေကြပါသည်။ ထိုသူများထဲတွင် ခရစ်ယာန်များပင် ပါဝင်နေကြသည်။ ကျမ်းစာ၌ ဘုရားသခင်ကိုယ်တော်တိုင် မိန့်မြွက်ထားတော်မူသည့် ချစ်ခြင်းနှင့် စိတ်ရှည်သည်းခံခြင်းများအကြောင်းကို ပြောဆိုရမည့်အစား၊ မိမိ(စာတန်)၏ ကိုယ်ပိုင်အရည်အသွေးများဖြစ်သည့် အမျက်ထွက်ခြင်း၊ ရန်တုန့်မူခြင်းနှင့် လူသတ်မှုကျူးလွန်ခြင်း စသည်တို့ကို မိမိအား ဘုရားသခင် ပေးအပ်ထားတော်မူသည့်စွမ်းရည်များအလား စာတန်တင်ပြပြောဆိုထားလေသည်။ ထိုနည်းဖြင့် လူသားတို့ကို အစွမ်းကုန် သူကြိုးစားလှည့်စားထားသည်။ မကြာခဏဆိုသလိုလည်း သူအောင်မြင်မှုရရှိထားလေသည်။

            သို့ဖြစ်လျှင် “ဓမ္မဟောင်းကျမ်းတွင် ဖေါ်ပြထားသည့် ဘုရားသခင် လူသတ်သည့်ကြောင်းနှင့် လူသတ်ရန် အမိန့်ပေးတော်မူသည့်အကြောင်းအရာများကား အဘယ်သို့နည်း။” ဟူ၍ သင်မေးကောင်း မေးမိပေလိမ့်မည်ဖြစ်သည်။ ကျွန်ုပ်တို့လည်း ထိုနည်းတူ မေးခွန်းထုတ်မိကြဖူးပါသည်။ အဘယ့်ကြောင့်ဆိုသော် ထိုဘုရားသည် ဓမ္မသစ်ကျမ်း၌ ဖေါ်ပြထားသည့် ဘုရားသခင်(ယေရှု)နှင့် ကွဲလွဲနေသည်ဟု ကျွန်ုပ်တို့ နားလည်ထားခဲ့ကြသောကြောင့်ဖြစ်သည်။ ဤအတွေးသည် ဘုရားသခင်၏မေတ္တာတော်အကြောင်းကို ရှာဖွေလေ့လာနေသူများတို့အား အနှောက်အယှက်ဖြစ်စေသည့် အတွေးတစ်ခုပင်ဖြစ်ပေသည်။

            ဘုရားသခင်နှင့် ထိုသခင်၏အကြောင်းကို ၁၆ နှစ်ကြာ ကြိုးစားရှာဖွေလေ့လာထားသော သုတေသနပြုချက်တစ်ခု၏ အသီးအပွင့်များတို့ကို  ဤဝက်(ဘ်)ဆိုဒ်တွင်  သင်တွေ့ရှိရပေလိမ့်မည်။ လက်ရှိ လက်တွေ့ ဘဝအကြောင်းအရာများကို မီးမောင်းထိုးပြထားပေးသည့် နက်ရှိုင်းသောကျမ်းစာလေ့လာမှုများကိုလည်း ပေးထားသောစာအုပ်အသီးသီးတို့မှ သင်တွေ့ရှိရပေလိမ့်မည်။ ထိုစာအုပ်များသည် ကျွန်ုပ်တို့အဖို့ ကောင်းချီးဖြစ်သည် နည်းတူ သင့်အဖို့လည်း ကောင်းချီးဖြစ်မည်ဟု ကျွန်ုပ်တို့မျှော်လင့်မိသည်။ ကျွန်ုပ်တို့၏ ဘုရားသခင်သည် မေတ္တာ ရှင်အမှန်ပင်ဖြစ်ကြောင်းနှင့် ကျွန်ုပ်တို့အား သူအလေးအနက်ချစ်တော်မူကြောင်းကို ကျွန်ုပ်တို့ သိရှိလာရသောအခါ  ကြီးမားသည့် စိတ်လွတ်လပ်ပေါ့ပါးမှုများတို့နှင့်အတူ ဝမ်းမြောက်ပျော်ရွှင်ခြင်းများကို ကျွန်ုပ်တို့ ဧကန်အမှန် ရရှိခံစားရပေလိမ့်မည်။