maranathamedia-myanmar.com
စာရေးဆရာ Adrian Ebens
ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 28, 2021
ရေးသားချက် ဒီဇင်ဘာ 27, 2021
48
ဒေါင်းလုတ်များ 379

“ခရစ်တော်သည် ဘုရားသခင်၏ အကျင့်စာရိတ္တတော်ကို ချီးမြောက်တော်မူခဲ့ သည်။ ချီးမွမ်းသည်။ လောကကြီးအတွက် သူ့ဦးတည်ရည်ရွယ်ချက်ဖြစ်သော ဘုရားသခင်ကို ထင်ရှားပြသခြင်းအားဖြင့် လူသားများကို အမှားမှ အမှန်သို့ ပဲ့ပြင်ကာ၊ အရာအားလုံးအတွက် ခမည်းတော်ကို မူလပိုင်ရှင်၊ ပဲ့ကိုင်သူအဖြစ် အသိအမှတ်ပြုခဲ့သည်။ ခမည်းတော်၏ တုနှိုင်းမဲ့ ပြီးပြည်စုံခြင်းနှင့် မိဘကဲ့သို့သော ကရုဏာကျေးဇူးတော်ကို လူသားများရှေ့တွင် ခရစ်တော်၏ အသက်တာအားဖြင့် ပြသခဲ့သည်။ ကားတိုင်တင်မခံမှီ၊ ဆုတောင်းချက်တွင် ခရစ်တော်က “အကျွန်ုပ်သည် ကိုယ်တော်၏ နာမကိုပြပါပြီ။”ဟု ပြောခဲ့၏။ အကျွန်ုပ်သည် မြေကြီးပေါ်မှာ ကိုယ်တော်ကို ဘုန်းထင်ရှားစေပါပြီ။ အကျွန်ုပ်ဆောင်ရွက်စရာအဖို့  အကျွန်ုပ်၌ အပ်ပေးတော်မူသောအမှုကို အကျွန်ုပ်ဆောင်ရွက်၍ ပြီးပါပြီ။သူ့အမှုတော်၏ ဦးတည်ချက် (ဘုရားသခင်ကို မြေကြီးပေါ်မှာ ဘုန်းထင်ရှား စေခြင်း) ပြီးမြောက်သောအခါ ဘုရားသခင်၏ သားတော်သည် သူ့အမှုပြီးမြောက် အောင်မြင်ပြီ၊ ခမည်းတော်၏ စာရိတ္တတော်သည် လူသားများထံ ထင်ရှားလေပြီဟု ကြွေးကြော်တော်မူ၏။ (ST January 20, 1890, par. 9)