maranathamedia-myanmar.com
စာရေးဆရာ Jutta Deichsel
ထုတ်ဝေခဲ့သည် မေ 13, 2022
ရေးသားချက် မေ 13, 2022
ဒေါင်းလုတ်များ 292

ခရစ်ယာန်အများစု၌ ဘုရားသခင်၏ တရားစီရင်ခြင်း၊ အမျက်ဒေါသ၊ အပြစ်ပေးခြင်း၊ ကလဲ့စားချေ ခြင်းတို့အပေါ်  ခိုင်မာသော ယုံကြည်ယူဆချက်များ ရှိကြသည်။ သူတို့အမြင်တွင် ဘုရားသခင်သည် အတိုင်းတာတစ်ခုကျော်လွန်လာပါက   စိတ်ရှည် သည်းခံမနေတော့ဘဲ   အပြစ်ပေးသူ၊  ပညတ်ချက် လွန်ကျူးသူများကို ကောင်းကင်တမန်များစေလွှတ်၍ ဖျက်ဆီးစေသူ၊ သူကို မယုံကြည်သူများအပေါ် ဖျက်ဆီးလိုသည့် ရည်ရွယ်ချက် ပြည့်ဝနိုင်ရန် သဘာဝဘေးအန္တရယ်များကို အသုံးပြုကာ လူသားများ ကို နှိပ်စက်သတ်ဖြတ်သူအဖြစ် ယုံကြည်ကြသည်။ ဘာကြောင့်လူတွေဒီလို ယုံကြည်ကြတာလဲ?

ကားတိုင်ထက်က ခရစ်တော်၏ ပုံပြင်နှင့် ယေရုရှလင်မြို့ပျက်စီးခြင်း ပုံပြင်အားဖြင့် ဘုရားသခင်၏ တရားစီရင်နည်း၊   နောက်ဆုံးသောနေ့ရက်တွင်   ဆိုးသွမ်းသူများအပေါ် ဘုရားသခင်  အသုံးပြုမည့် တရားစီရင်နည်းကို ရှာဖွေတွေ့ရှိနိုင်ပါသည်။

၁။ သတိပေးသည်။ အမှန်ပြင်ပေးသည်။ ဆုံးမသွန်သင်သည်။ လုံခြုံသောလမ်းကို ညွှန်ပြသည်။

၂။ လူတို့သည် ဝိညာဉ်တော်ကို စွန့်ကာ၊ မိမိတို့ကိုယ်ပိုင်လမ်းစဉ်ကို လိုက်လျောက်ကြသည်။

၃။ အထပ်ထပ်အခါခါ သတိပေးသော်လည်း မိမိတို့လမ်းကိုသာ ရွေးချယ်သည်။

၄။ မိမိကိုမိမိ ဘုရားသခင့်ကွယ်ကာရာ အပြင်ဘက်သို့ ထားကြသည်။

၅။ ဘုရားသခင်က သူ့ကောင်းချီးမင်္ဂလာများကို ရုတ်သိမ်းလျက်၊ သူ့အကာကွယ်တော်ကို ဖယ်ရှားလိုက်သည်။

၆။ ဘုရားသခင်၏ ဝိညာဉ်တော် ရုတ်သိမ်းခံကြရသည်။

၇။ စာတန်၏ တိုက်ခိုက်မှုများမှ ကာကွယ်ပေးမည့် ကောင်းကင်တမန်များကို ကာကွယ်ရန် တာဝန်ချပေးထားခြင်းမရှိတော့။

၈။ စာတန်သည် ပင်လယ်၊ မြေပြင်၊ အရပ်ရပ်တွင် ကပ်ဘေးဒုက္ခများ ကျရောက်စေလျှက် လူအ ပေါင်းတို့ကို သူ့သားကောင်များ ဖြစ်လာစေသည်။