maranathamedia-myanmar.com
စာရေးဆရာ Dejan Andov
ထုတ်ဝေခဲ့သည် ဖေဖော်ဝါရီ 25, 2021
ဒေါင်းလုတ်များ 576

အခြားဘာသာစကား

Cebuan Čeština Nederlands English Français Deutsch bahasa Indonesia नेपाली Русский Español Wikang Tagalog ภาษาไทย Twi

ဖျက်ဆီးသောသူ

အဲဂုတ္တုပြည်သားဦးများကို ဖျက်ဆီးခဲ့သည့် ဖျက်ဆီးသောသူကား အဘယ်နည်း။

ထွက်မြောက်ရာကျမ်း ၁၂း၂၃ - အကြောင်းမူကား၊ ထာဝရဘုရားသည် အဲဂုတ္တုလူတို့ကို ဒဏ်ခတ်ခြင်းငှါ ထုတ်ချင်းခတ်သွားတော်မူမည်။ တံခါးထုပ်နှင့် တံခါးတိုင်နှစ်ဘက်၌ ရှိသော အသွေးကို မြင်သောအခါ၊ ထာဝရဘုရားသည် တံခါးကို လွန်သွားတော်မူမည်။ ဖျက်ဆီးသောသူသည် သင့်တို့ကို ဒဏ်ခတ်ခြင်းငှါ၊ အိမ်ထဲသို့ ဝင်ရသောအခွင့်ကို ပေး တော်မမူ။

သားဦးအပေါင်းတို့အား ကွပ်မျက်သူသည် ဘုရားသခင်ပင်ဖြစ်သည် ဟူ၍ လူအမြောက်အများ ယုံကြည်နေကြသည်။ ဣသရေလလူတို့၏ နေအိမ်များအတွင်းသို့ ဝင်ရောက်ရန် ဖျက်ဆီးသော သူအား ဘုရားသခင် အခွင့်မပေးပါ ဟုဆိုရာတွင် မိမိကိုယ်မိမိ ဘုရားသခင် ပြန်လည်ဟန့်တားနေ သည့် အဓိပ္ပါယ်မျိုးကို ပြောဆိုနေခြင်းပါလော။ သို့ဖြစ်လျှင် အဓိပ္ပါယ်ရှိပါလိမ့်မည်လော။ အဲဂုတ္တု ပြည်သားဦးများကို ခရစ်တော် ဖျက်ဆီးခဲ့သည်မှန်လျှင်၊ ခရစ်တော်နှင့်အတူ ကားတိုင်တွင် ရိုက် ထားခံရသူများနှင့် မိမိတို့တွင် ခရစ်တော် တည်နေသည်ဟု ယုံကြည်သူများတို့၏ အတွင်း၌ဖျက် ဆီးသောသူ ကိန်းအောင်းနေသကဲ့သို့ ဖြစ်နေမည်မဟုတ်ပါလော။

လူသားသည် လူတို့၏အသက်ကို သတ်အံ့သောငှါ ကြွလာသည်မဟုတ်။ ကယ်တင် အံ့သောငှါ ကြွလာသည်။ ရှင်လုကာခရစ်ဝင် ၉း၅၆

စာတန်သည် ဖျက်ဆီးသောသူပင်ဖြစ်ပြီး သူ၏ ဆိုးသွမ်းသည့်အလုပ်များကို ဟန့်တားနေသူ ကား ဘုရားသခင်ပင်ဖြစ်သည်ကို သက်သေအားဖြင့် ရှင်းလင်းစွာ ပြသထားပေးပါသည်။

မာရ်နတ်သည် လူသားမျိုးနွယ်တို့၏ ဖန်ဆင်းရှင်နှင့် ကျေးဇူးရှင်၏ အရေကိုခြုံထား ၏။ ရက်စက်ခြင်းအမှုများကား စာတန်နှင့်ဆိုင်၏။ ဘုရားသခင်မူကား ချစ်ခြင်း မေတ္တာဖြစ်တော်မူ၏။ ဘုရားသခင် ဖန်ဆင်းသမျှတို့သည် အပြစ်ဝင်ရောက်မလာမှီ တိုင်အောင် စင်ကြယ်သန့်ရှင်းခြင်းရှိ၍ ချစ်ဖွယ်ကောင်းလှ၏။ စာတန်သည်ကား လူ သားများ အပြစ်ပြုစေခြင်းငှါ ကြိုစားအားထုတ်၏။ ထို့နောက် သူတို့အား ဖျက်ဆီးပစ် ဖို့ သူကြိုးပမ်း၏။ လူသားများ သူ၏သားကောင်များဖြစ်လာသောအခါ မိမိစီမံထား သောဖျက်ဆီးခြင်းလုပ်ရပ်အတွက် စာတန် နှစ်ထောင်းအားရ၏။ အခွင့်ရှိလျှင်၊ လူသားမျိုးနွယ်တစ်ခုလုံးကို မိမိပိုက်ကွန်အောက်သို့ သူဆွဲသွင်းလို၏။ တန်ခိုးတော်အားဖြင့် ဘုရားသခင် ကြားဝင်ဟန့်တားခြင်းမပြုခဲ့ပါမူ၊ အာဒံ၏သားသမီးများ တစ်ဦးတစ်ယောက်မျှ လွတ်မြောက် ခွင့်ရှိမည်မဟုတ်ပါချေ။ (GC 534.2)