အခန်း ၁၇ ကမ္ဘာကြီး တန့်တဲ့နေ့ (စာအုပ်မှ လောကမာယာများမှ ရုန်းထွက်ခြင်း)
အခန်း ၁၇ ကမ္ဘာကြီး တန့်တဲ့နေ့
တနင်္လာနေ့ Maatan ဟာ သူ့စားပွဲကို သွားနေတုန်း David က သူ့ရုံးခန်းထဲလာဖို့ ခေါ် တယ်။ “Maatan ငါတို့ ဘေထုပ်ထားတဲ့ဖက်သွားပြီး ဘာလို့ဝင်ငွေလျှော့ရတာလည်းဆို တာ ကြည့်ပေးပါဦး” လို့ David က ပြောတယ်။
“စိတ်ချ၊ သူဋ္ဌေး နောက်နေ့မနက်ကျရင် အရင်ဆုံးလုပ်လိုက်ပါ့မယ်”
နောက်နေ့မနက် စက်တင်ဘာ ၁၁၊ ၂၀၀၁ ဟာ နေပွင့်ပြီး လှပနေပါတယ်။ ကောင်းကင် မှာ တိမ်ကင်းလို့။ Spring Hill ဌာနကို Maatan မနက် ၈း၃၀ မှာ ရောက်ပြီး မန်နေဂျာ James နဲ့ စကားပြောတယ်။ သူတို့ (၂) ယောက်လုံးက အချက်အလက်တွေ ရှာနေတုန်း တစ်မုဟုတ်ချင်းပဲ လူတွေလှုပ်လှုပ်ရှားရှား ဖြစ်သွားကြတယ်။
“ဘာဖြစ်တာလဲ” ဆိုပြီး သူတို့ (၂) ယောက် ခေါင်းရှုပ်သွားတယ်။
သူတို့လည်း အပြင်ထွက်ကြည့်တော့ World Trade Centre မြောက်ဘက်ကတိုက် မီးခိုး ထွက်နေတယ်။ James က “ဘာဖြစ်တာလဲ” တဲ့။ အထဲပြန်ဝင်ပြီး မှန်ပြောင်းသွားယူ တယ်။ အဲဒီတိုက်ဟာ သူတို့ဆီကနေ (၅) ကီလိုမီတာဝေးတယ်။ ဒါကြောင့် မျက်စိနဲ့လှမ်း မြင်နိုင်တယ်။
James က “အိုး၊ မီးခိုးတွေဟ World Trade Centre မှာ အပေါက်ကြီးဖြစ်တဲ့ပုံပဲ”
Maatan လည်း စိတ်မအေးဘူး။ “ဗုံးပေါက်တာလားဘာလား မသိဘူး” ဒီအဖြစ်ကြောင့် ခံစားရမဲ့လူတွေအတွက် ဆုတောင်းရအောင်။ တစ်ချို့တော့ ဒီပေါက်ကွဲမှုကြောင့် သေမှာ သေချာတယ်။ “အဖဘုရား ဒုက္ခကြုံမယ့်သူတွေကိုမစတော်မူပါ။ ယေရှုနာမ၌ ဆုတောင်း ပါ၏”
James က “သတင်းမှာဘာပြောလဲ သွားကြည့်မယ်” ဆိုပြီး လစ်သွားတယ်။ TV ဖွင့်လိုက် တော့ လေယာဉ်က ဝင်တိုက်တယ်လို့ မှန်းရတယ်လို့ ပြောတယ်။
Maatan က “ဘာ၊ လေယာဉ်! လေယာဉ်မှူးက မှားနိုင်လား” အပေါက်ကြီးက ကြီးမားတဲ့ လေယာဉ်မြန်နှုန်းကို ပြတယ်။ လေယာဉ်ငယ်ဆိုရင်တော့ ယင်ကောင်က တိုက်အနား စွန်းကို တိုက်သလိုပဲနေမှာ။
Maatan လည်း သူ့စိတ်ကို ပြန်စုစည်းတယ်။ မြို့ထဲကသူ့ရုံးလည်း သူရှိတဲ့နေရာနဲ့ အခင်း ဖြစ်ပွားရာနေရာလောက် ဝေးတယ်။ ပေါက်ကွဲမှုအကြီးစားကြီး တကယ်ဖြစ်ခဲ့တယ်။ ဒါ ဟာမြို့ကို ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်တာဖြစ်ရမယ်။ တကယ့်ပြဿနာပါပဲ။
Maatan ဗိုက်က သရိုးသရီဖြစ်သလို ခံစားလာတယ်။ မီးသတ်ဥဩသံကလည်း တိုက်နှစ် လုံးကြားက မီးခိုးငွေ့နဲ့ အပြိုင်မြည်နေတယ်။ Maatan ဘာလုပ်ရမှန်းမသိ တက်လိုက် ဆင်းလိုက်နဲ့ လုပ်နေချိန် ဖုန်းဝင်လာတယ်။ Stella က စိတ်ပူပူနဲ့ “Honey, အဆင်ပြေ လား။ World Trade Centre ကိုတိုက်တဲ့ သတင်းကြားမိလို့ပါ” တဲ့။
“ငါ အေးဆေးပဲ Stella၊ ငါ မြစ်တစ်ဘက်က Spring Hill မှာ ရောက်နေတယ်။ James နဲ့ ငါ အဲဒီဖြစ်စဉ်ကို တွေ့တယ်။ မီးခိုးတွေလှိမ့်တက်နေတာကို တွေ့ရတယ်။ ဒုက္ခတွေ့မယ့် လူတွေအတွက် ငါတို့ ဆုတောင်းပေးရမယ်။ ဒီနေ့တော့ မိသားစုအများကြီးအတွက် နေ့ ဆိုးပဲ။ မီးသတ်အဖွဲ့ ထိန်းနိုင်မယ်လို့ မျှော်ရမှာပဲ”
“Maatan ဒါက တိုက်ခိုက်တာဆိုရင် ဘာဆက်ဖြစ်နိုင်မလဲ။ နင် အိမ်ပြန်လာသင့်တယ် ထင်တယ်”
“David ကို ဖုန်းခေါ်ပြီး သူဘာပြောလဲကြည့်မယ်လေ။ နောက်မှ နင့်ကို အကြောင်းကြား လိုက်မယ်”
Maatan က David ကို ဖုန်းဆက်ပြီး “David ခင်ဗျားအဆင်ပြေလား၊ World Trade Centre ကို ကြည့်ဖြစ်သေးလား”
“အေး၊ ငါကောင်းပါတယ် Maatan နင် အိမ်ပြန်လိုက်ပါလား။ ပင်တဂွန်လည်းထိတယ် ပြောတယ်။ အဲဒါကြောင့် မြို့လယ်တွေကို ပိတ်ပစ်နိုင်တယ်။ မြို့ရဲ့တစ်ဘက်မှာ ဖြိုခွဲမှု တွေ ဆက်ပြီးဖြစ်နိုင်ချေရှိနေတယ်။ Stella နဲ့ ကလေးတွေဆီပြန်လိုက်တော့”
“ပင်တဂွန်ကိုတိုက်တယ် ဟုတ်လား။ ဘယ်လိုကြီးလဲ။ ကမ္ဘာ့အကြီးဆုံး ကာကွယ်ရေးဌာ နက သူ့အဆောက်အဦးကို မကာကွယ်နိုင်ဘူးလား။ အဓိပ္ပာယ်မရှိလိုက်တာ”
“အခုတော့ ဘာမှကိုအဓိပ္ပာယ်မရှိဘူး Maatan နင့်ကို အိမ်ပြန်ဖို့ပဲ တိုက်တွန်းချင်တယ်။ ကိစ္စတွေ မကြာခင်ကောင်းလာမယ်လို့ မျှော်လင့်ပါတယ်”
“ကောင်းပါပြီ David အားလုံးကို ဆုတောင်းပေးကြတာပေါ့။ ဒီနေ့တော့ ကျွန်တော်တို့ ဘယ်တော့မှ မမေ့မယ့်နေ့ပဲ။ တကယ့်ဦးနှောက်ပဲ။” Maatan လည်း ဂျိမ်း ဆီမှာ “ကျွန် တော်အိမ်ပြန်တော့မယ်။ David က အိမ်ပြန်တာ အကောင်းဆုံးလို့ ပြောတယ်။ ခင်ဗျား ကော ဘာလုပ်မှာလဲ”
“ငါ့မှာ လုပ်စရာနည်းနည်းရှိသေးတယ်။ အခြေအနေကြည့်ပြီး နောက်မှ အေးဆေးပြန် မယ်” လို့ ဂျိမ်းက ဖြေတယ်။
“ကောင်းပြီ။ သတိမပြတ်စေနဲ့။ Constance မြို့အတွက် ဆုတောင်းပေးရအောင်။ ဒီနေ့ တော့ တကယ့်ပြဿဒါးပဲ”
Maatan ဘူတာရုံကိုလာတဲ့အခါ မြို့လယ်ကနေထွက်လာတဲ့ အသံကြီးကို ကြားရတယ်။ မြေကြီးတုန်သွားတယ်။ လူတွေကလည်း “နိုး၊ နိုး၊ နိုး” ဆိုပြီး ဆူညံနေတာပဲ။ တိုက်ကြီး တစ်ခုလုံး ပြိုကျသွားတာ Maatan မြင်ရတဲ့အခါ သူ့အတွက် အရာအားလုံးဟာ အနှေးပြ ကွက်လို ဖြစ်နေတယ်။ သူလည်း သူတွေ့ရတာနဲ့ပတ်သက်လို့ အာစေးမိနေတယ်။ သူ လည်း ချက်ချင်းပဲ ဒီတိုက်ထဲမှာ လူတွေရှိဦးမှာပဲဆိုပြီး “ယေရှုဘုရား ဒါဟာ ဘာသဘော လဲ၊ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ” တဲ့။
Maatan လည်း ရထားထဲရောက်တော့ သူ့စိတ်ကိုပြန်ပြီး စုစည်းတယ်။ ဒီတိုက်ကြီး ဒီလို ပြိုကျနိုင်မယ်လို့ကို သူ မစဉ်းစားတတ်ခဲ့ဘူး။ ဒါပေမယ့်လည်း ယုတ္တိရှိရှိစဉ်းစားဖို့လည်း အာရုံမစိုက်နိုင်ဘူး ဖြစ်နေတယ်။ ဖြစ်ပျက်ခဲ့တာတွေကလည်း ရှုပ်ထွေးလွန်းနေတယ်။ Maatan က သူ့ဖုန်းကနေ နောက်ဆုံးသတင်းတွေကို နားစွင့်နေတယ်။
သူ့အိမ်နဲ့နီးတဲ့ဘူတာ မရောက်ခင်မှာ မြောက်ဘက်ကတိုက်လည်း ပြိုကျပြီဆိုတဲ့သတင်း ကြားခဲ့သေးတယ်။ အခု Maatan ဒီအကြောင်းကို စဉ်းစားနေပါပြီ။ မြောက်ဘက်ကတိုက် က ဘာလို့ ပြိုကျနိုင်ရတာလဲ။ လေယာဉ်တိုက်ခဲ့တဲ့နေရာက တောင်ဘက်တိုက်ထက် အ များကြီး မြင့်နေတယ်လေ။ ရထားစီးနေတဲ့သူ အားလုံးက သတင်းမှာ တောင်ဘက်က တိုက်လိုပဲ ပြိုသွားပြီလို ပြောတယ်လေလို့ ပြောနေကြတယ်။ တိုက် (၂) လုံးစလုံး အခု တော့ မြေပုံဖြစ်သွားတယ်။ အရင်က ကောင်းကင်ကို စီးမိုးနေတဲ့နေရာမှာ အခုဘာမှမရှိ တော့ဘူး။
Stella က ကြောက်ကြောက်နဲ့ “Maatan ဘာတွေဖြစ်ခဲ့တာလဲ” လို့ တံခါးဖွင့်ရင်းမေး တယ်။ Maatan က သူ့ကိုဖက်ပြီး နှစ်သိမ့်တယ်။
“ဒီဖြစ်စဉ်က ဆန်းနေတယ်။ တစ်ချို့ဟာတွေက တွေးလို့ကို မရဘူး။ TV ကြည့်ပြီးတော့ ပြန်စဉ်းစားရမယ်” လို့ Maatan က ပြောတယ်။ Maatan နဲ့ Stella တို့ကတော့ ကျမ်းစာ ပိုဖတ်ဖြစ်အောင်TV ကြည့်တာကို လျှော့တယ်။ တစ်ခါတစ်လေတော့ သတင်းသိရအောင် ကြည့်ကြတယ်။
Stella က “သူတို့က လေယာဉ်ပေါ်ကလူတွေ သူတို့မိသားစုနဲ့ စကားပြောတာတွေ ပြန် ပြန်ပြနေတယ်” လို့ ပြောတယ်။
Maatan က “TV ကို အိပ်ခန်းထဲပြောင်းထားလိုက်မယ်။ ကလေးတွေ ကြည့်ဖို့မလိုဘူး”
“Maatan နင် ဘာစဉ်းစားနေတာလဲ။ နင့်မျက်လုံးမှာ တစ်ခုခုတော့ တစ်ခုခုပဲ”
“အင်တာဗျူးထားတာကို လွှင့်တော့ အမျိုးသမီးရဲ့အသံကို နင်ကြားလား။ လူတွေ ကြောက်နေ၊ ပျာယာခတ်နေတဲ့အသံတွေ ကြားနေရမှာ မဟုတ်လား။ အခု ဒီအမျိုးသမီး က တည်ငြိမ်နေသလိုပဲ။ ထူးဆန်းလိုက်တာ Stella။ တကယ်ပါ တစ်ခုခုတော့ မှားနေ တယ်။
Stella က “ရေချိုးခန်းကနေပြောလို့လားမှ မသိတာ” တဲ့။
“လေယာဉ်ပေါ်ကနေ ဖုန်းပြောလို့ရလို့လား။[1] ဖုန်းမပြောရမှန်း ငါသိတယ်။ အမြင့်ဆုံး ရောက်တဲ့အချိန်တော့ မသိဘူး Stella။ ဆန်းတာတော့ တကယ်ကိုဆန်းတာ။ ပင်တဂွန် ပျက်တဲ့ပုံကော တွေ့လား။ လေယာဉ်ကော ဘယ်မှာလဲ။ ဘာလေယာဉ်မှ ငါမတွေ့ဘူး။ တောင်နဲ့မြောက် တိုက်(၂)လုံးကို တိုက်တာက လေယာဉ်တွေပါဆိုတာကော နင်အတပ် သိလို့လား”
“တိုက်ထဲမှာ အားလုံးရှိတာနေမှာပေါ့ Maatan”
သူ့မေးခွန်းတွေဟာ stella အတွက် အရမ်းခက်နေမှန်း Maatan သိလိုက်တယ်။ “နင် ပြောတာမှန်နိုင်တယ် Stella။ လေယာဉ်ဟာ တိုက်ထဲမှာလည်း ရှိနေနိုင်တယ်။ နေပါဦး နင်ကလေးတွေကို ထိန်းလိုက်လေ ငါလည်းဆက်ကြည့်ပြီး သတင်းစုဦးမယ်”
Maatan လည်း ဆက်ကြည့်ပြီး VHS Tape မှာ ကူးထားလိုက်တယ်။ သူက ခရီးစဉ်အမှတ် ၉၃ မှာ ပါသွားတဲ့လူရဲ့ မိခင့်အသံကို နားထောင်ကြည့်တယ်။ အဲဒီမိခင်က သူ့သားရဲ့ နာ မည် အပြည့်အစုံကို ပြောတဲ့အခါ အတုကြီးလိုဖြစ်နေတယ်။ ဘာတွေဖြစ်နေတာလဲ။ မြေ ပြင်ကမီးခိုးနဲ့ တောထဲကိုကျတယ် ပြောတဲ့နေရာက မီးခိုးကိုလည်း ကြည့်ဖြစ်တယ်။ လေ ယာဉ် ဘာလို့မတွေ့ရတာလဲ။ လေယာဉ်ကို ဘာလို့မပြရတာလဲ။ သူအံ့ဩနေတယ်။ CNN က ဒုတိယလေယာဉ်က တိုက်ကိုတိုက်တဲ့ပုံ ပြတာကို ကြည့်တယ်။ မပေါက်ကွဲမချင်း တစ်ယောက်ကမှ ဘာမှမပြောဘူး။ သူတို့ရဲ့ မြေပြင်သတင်းထောက် အဲဒီနေရာမှာရှိ တယ်။ သူက ပေါက်ကွဲတာကိုပဲပြောပြီး လေယာဉ်အကြောင်း ဘာမှမပြောဘူး။ နာရီအ တော်ကြာပြီးနောက်မှာ Maatan က လမ်းထလျှောက်ပြီး အားလုံးကို ချိတ်ဆက်ကြည့် တယ်။ ခေါင်းချာလပတ်ရမ်းသလို ခံစားရလို့ “Stella ရေ ငါလမ်းထွက်လျှောက် ဆု တောင်းလိုက်ဦးမယ်။ ငါ့မှာ စဉ်းစားစရာတွေရှိတယ်”
“ဘုရားက လမ်းပြပေးမယ်လို့ သက် ယုံတယ်။ ဆုတောင်းပေးပါတယ်”
Maatan က ပြုံးပြီး “ကျေးဇူးပဲ honey” ဘုရားရေ ဘာတွေဖြစ်နေတာလဲ။ ဘာမှကို နား မလည်နိုင်တော့ဘူး။ ကျွန်တော်ရူးပြီထင်တယ်။ ဒါတွေကို မစဉ်းစားချင်တော့အောင် ဖြစ် မိတယ်။ ဆုတောင်းနေချိန်မှာ ကျမ်းချက်တစ်ချက် ခေါင်းထဲဝင်လာတယ်။ ။
“အကြောင်းမူကား၊ အမြင့်ဆုံးသောဘုရားသည် လောကီနိုင်ငံကို အုပ်စိုးတော်မူသည်ကိုလည်းကောင်း၊ ပေးလိုသော သူတို့အား ပေးတော်မူသည်ကိုလည်းကောင်း၊ ယုတ်မာသော သူတို့ကို ချီးမြှောက်၍ နိုင်ငံကိုအပ်ပေးတော်မူသည်ကိုလည်းကောင်း သတ္တဝါတို့ သိနားလည်ရသော အခွင့်ရှိစေခြင်းငှာ၊ သစ်ပင်စောင့်တို့သည် ဤသို့စီရင်ကြပြီ။ သန့်ရှင်းသူတို့သည် အမိန့်တော်ကို ပေးကြပြီဟု ဟစ်ကြော်လေ၏။” - ဒံယေလအနာဂတ္တိကျမ်း ၄:၁၇
Maatan လည်း အရင် (၅)နှစ်လောက်မှာ Martin Bryant က လူ (၃၅) ယောက်ကို သတ် ခဲ့တဲ့ Arthur ဆိပ်ကမ်း လူသတ်မှုကြီးအကြောင်း စ သုံးသပ်လိုက်တယ်။ သူက ကဖေးထဲ မှာ လူ (၁၂) ယောက်ကို (၁၅) စက္ကန့်အတွင်း သတ်ခဲ့တယ်လို့ သတင်းကပြောတယ်။ အဲ ဒီမှာ မီဒီယာရဲ့လှည့်ဖြားမှု အများကြီးပါတယ်လို့ ခံစားရတယ်။ Bryant ပြောတာကို နား ထောင်တဲ့အခါ သူက ဒါမျိုးလုပ်နိုင်မယ့် အရည်အချင်း ရှိပုံမပေါက်ဘူး။ ကမ္ဘာကြီးက အာ ရုံစိုက်ရလောက်အောင် ဒီလိုမြန်မြန်သတ်နိုင်ဖို့ ခင်ဗျားဒီလိုသင်တန်းကို ဘယ်မှာတက်ခဲ့ တာလဲ။ ဒါ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ဆန်းနေတယ်။
Maatan က ငါတော့ အတွေးနဲ့ မရူးချင်ဘူး။ ဒါပေမယ့် ဒီသတင်းတွေကို ဘယ်လိုလုပ်ရ မှာလဲ ။ New World Order အင်အားစုဟာ ကန့်လန့်ကာနောက်မှာရှိနေမှန်း ငါသိတယ်။ သမ္မတဘုရှ်ရဲ့အဖေက ဒါကိုပြောဖူးတယ်။ Maatan လည်း ဆုတောင်းအပြီးမှာ နေသာ ထိုင်သာရှိလာတယ်။ သူလည်း ထွေနေတယ်။ ဒီအထိကတော့ ခေါင်းဆောင်တစ်ချို့ လူ့ အရေးအတွက် ဓမ္မကိုလုပ်ဆောင်ချင်တယ်လို့ မျှော်လင့်လို့ရတယ်။ ဒါပေမယ့် ကမ္ဘာကြီး ဟာ အဓမ္မသမားတွေရဲ့လက်ထဲ ရောက်နေတဲ့ သာဓကတွေက တောင်လိုပုံနေတယ်။
အစိုးရက အားလုံးကို ထိန်းချုပ်နေတာလို့ ခံစားနေရတယ်။ ဒါက လက်ခံရခက်ပါတယ်။ သတင်းအတိုင်း ယုံလိုက်တာ ပိုမလွယ်ဘူးလား။ ဘောင်အပြင်ထွက်ရတာ မောပါတယ်။ အဲဒါနဲ့ Maatan ဟာ သူ့ငွေငုတ်တွေဆီ အာရုံရောက်သွားတယ်။ ဒါက သူ့မှာ အာကာသ ရဲ့တန်ခိုးကို အစိုးရတဲ့မင်းက ကြိုးကိုင်တဲ့ ဒီကမ္ဘာအကြောင်း လေ့လာစရာတွေ အများ ကြီးရှိကြောင်းကို အမှတ်ရစေတယ်။ ဒီလိုမဖြစ်ပျက်နိုင်အောင် လုပ်နိုင်တဲ့အစွမ်းကနေ ရုန်းထွက်ဖို့က ခက်လွန်းမက ခက်မယ့်ပုံပဲ။
ညနေအတော်စောင်းပြီဆိုတော့ Maatan လည်း အိမ်ပြန်လာတယ်။ အိမ်ရောက်တာနဲ့ TV ပြန်ကြည့်တယ်။ ညနေ ၅း၂၀ မှာ WTC တိုက်အမှတ် (၇) ပြိုကျတဲ့သတင်း တက်လာ တယ်။ “မဟုတ်သေးပါဘူး။ ဒါတော့ ဟုတ်ကို မဟုတ်တော့ဘူး။ ဒါတော့ ထိန်းချုပ်မှုနဲ့ ဖြိုချတာပဲ။ ဒီလိုပဲဖြစ်နိုင်တယ်။ ဒါကတော့ အတွင်းစည်းရဲ့ ကြံစည်မှုမဟုတ်ဘူးလို့ ဘယ်သူမှ ငါ့ကိုနားချလို့ရမှာ မဟုတ်ဘူး။ WTC (၇) ကို ဘယ်လေယာဉ်မှ မတိုက်ဘူး။ မီး တွေကြောင့်လည်း အဲဒီတိုက်ကို မပြိုစေနိုင်ဘူး။ အဲဒီတိုက်ပြိုတဲ့အချိန် မီးငြိမ်းနေပြီ။ ဒါ တော့ များသွားပြီ။
Maatan အသက်ပြင်းပြင်းရှူလိုက်တယ်။ ဘဝမှာ ထားထားတဲ့ မျှော်လင့်ချက်တွေလည်း ပျောက်ကုန်ပြီ။ ကမ္ဘာကြီး ဒီလိုအမြဲ မြဲနေမှာမဟုတ်မှန်း သူသိပါတယ်။ ကမ္ဘာကြီးဟာ နောက်ဆုံးကာလကို ခြေလှမ်းနေမှန်း သိပါတယ်။ သူဟာ ယေရှုပြခဲ့တဲ့ ခမည်းတော်ရဲ့ မေတ္တာတော်နဲ့ ကယ်တင်ခြင်းလက်ဆောင် ပံ့သကူပေးနေတဲ့အကြောင်းတွေကို စဉ်းစား ဖြစ်နေတယ်။ သူ့ကလေးတွေ၊ သူ့မိတ်ဆွေတွေအကြောင်းကို စဉ်းစားပြီး သူတို့ရှေ့ရေးအ တွက် ဘာလုပ်ပေးရမလဲဆိုတာကို စဉ်းစားတယ်။ သူ့အတွက် ဘာကအရေးကြီးလဲဆို တာလည်း အာရုံစိုက်တယ်။
သခင်ယေရှုဘုရား၊ ကိုယ်တော်ရဲ့ငြိမ်းချမ်းမှု ကျွန်တော်လိုအပ်ပါတယ်။ ကျွန်တော့်စိတ် ကတော့ ဒီမိစ္ဆာကို တိုက်ချင်ပါတယ်။ ဒါပေမယ့် ကိုယ်တော်က ကိုယ်တော့်ရဲ့နိုင်ငံဟာ ဒီ ကမ္ဘာမဟုတ်ဘူးလို့ မိန့်ခဲ့တယ်။ အရှင့်ရဲ့ အစေခံတွေကလည်း ဒီလိုမတိုက်ကြဘူး။ အမှန် တရားနဲ့ အရှင့်ရဲ့ကောင်းမြတ်ခြင်းကို ကျွန်တော် အာရုံပြုဖို့လိုပါတယ်။ အရှင်ဟာ ကျွန်ုပ် ရဲ့ကြေးငုတ်တွေကို ငွေရောင်ပြောင်းပေးခဲ့ပါပြီ။ မြို့ကနေထွက်ပြေးနိုင်ဖို့ ဒီငွေငုတ်တွေ ကို ရွှေရောင်ဖြစ်အောင်လုပ်ဖို့ လိုပါသေးတယ်။
Maatan လည်း ဘုရားကိုတွေ့ဖို့ သူ့မွေးရပ်ဒေသကို စွန်ခွာခဲ့တဲ့ သူ့ရဲ့ဘိုးဘေးကြီး အာဗြ ဟံအကြောင်း တွေးဖြစ်တယ်။ Maatan လည်း အာဗြဟံလိုပဲ သူကြီးပြင်းခဲ့တဲ့ အရပ်ဟာ မကောင်းမှန်းသိပြီး သူ့မိသားစုကို ဒါထက်ကောင်းအောင် ထားချင်ခဲ့တယ်။ ရှင်ပေါလုက လူကမလုပ်ဘဲ ဘုရားက ကြံစည်ပေးတဲ့အဖြစ်ကို အောက်ကအတိုင်း ပြောတယ်။ ။
“အာဗြဟံသည် အမွေခံရလတ္တံ့သော ပြည်သို့ ထွက်သွားမည်အကြောင်း၊ ဘုရားသခင်ခေါ်တော်မူသောအခါ၊ သူသည် အဘယ်အရပ်သို့သွားသည်ကို ကိုယ်တိုင်မသိဘဲလျက်၊ ယုံကြည်ခြင်းအားဖြင့် နားထောင်၍ ထွက်သွားလေ၏။ ၁၀အကြောင်းမူကား၊ ဘုရားသခင် တည်ထောင်ပြုစုတော်မူသော၊ ခိုင်ခံ့မြဲမြံသောမြို့ကို မျှော်လင့်သတည်း။” - ဟေဗြဲဩဝါဒစာ ၁၁:၈၊ ၁၀
https://maranathamedia-myanmar.com/book/view/escaping-pentagon-burmese