maranathamedia-myanmar.com
စာရေးဆရာ Sabrina Reedy
ထုတ်ဝေခဲ့သည် ဧပြီ 30, 2021
နောက်ဆုံး အပ်ဒိတ်တင်ခြင်း ဇူလိုင် 01, 2021
ဒေါင်းလုတ်များ 1,407
ဒေါင်းလုတ်အရေအတွက် 1,407

အခြားဘာသာစကား

Afrikaans български език Cebuan Chin English Français Deutsch bahasa Indonesia 國語 Español Wikang Tagalog ภาษาไทย اردو

ကောလောသဲ ၁: ၁၅-၁၆ “ထိုသားတော်သည် မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ဖြစ်၏။ ဝေနေယျသတ္တဝါအပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ၏။

ရှင်ယောဟန် ၁၄: ၆ “ယေရှုက၊ ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။

ဘာကြောင့် ခမည်းတော်ဘုရားသခင်က သူ၏သားတော် ခရစ်တော်အားဖြင့် ခပ်သိမ်းသောအရာအားလုံးကို ဖန်ဆင်းခဲ့သနည်း။ အဘယ်ကြောင့် ဘုရားသခင်သည် သားတော်ရှိရသနည်း။ အဘယ်ကြောင့် ကျွန်ုပ်တို့ ခမည်းတော်ထံရောက်ရှိနိုင်ရန် သားတော်အားဖြင့် သွားရန်လိုအပ်သနည်း။ ဤမေးခွန်းအားလုံး၏ အဖြေသည် ကယ်တင်ခြင်းသိပ္ပံပညာ၏ အဓိကနှလုံးသားဖြစ်ပါသည်။

အကယ်၍ ကျွန်တော်တို့သာ ဘုရားသခင်နှင့် သူ့တစ်ပါးတည်းသော သားတော်၏ ဆက်ဆံရေး၊ သူတို့နှင့် စကြာဝဠာတစ်ခုလုံး၏ ဆက်ဆံရေးကို နားလည်နိုင်ပါက ကျွန်တော်တို့၌ ဖန်ဆင်းခြင်းနှင့် ဖန်ဆင်းခြင်းအထဲတွင် ရှိသောအရာအားလုံး၏ အကြောင်းကို နားလည်နိုင်မည့် သော့ချက်ရှိနေပြီဖြစ်ပါသည်။ အကြောင်းမှာ ခပ်သိမ်းသောအရာတို့ကို ခမည်းတော်နှင့် သားတော်ဟူသော ပုံစံနည်းစနစ်အတွင်း၌ ဖန်ဆင်းထားသောကြောင့်ဖြစ်ပါသည်။ ထို့ပြင် ထိုဆက်ဆံရေး၌ ခပ်သိမ်းသော ဆက်ဆံရေးအားလုံး၏ ချစ်ခြင်းမေတ္တာ ပုံစံနည်းစနစ်ရှိနေပါသည်။