maranathamedia-myanmar.com
စာရေးဆရာ Kevin J. Mullins
ထုတ်ဝေခဲ့သည် မေ 13, 2021
ဒေါင်းလုတ်များ 599

အခြားဘာသာစကား

Afrikaans عربى български език Nederlands English Deutsch bahasa Indonesia 國語 नेपाली Norsk Português Română Русский Српски Español Kiswahili ภาษาไทย

လောင်သောမီး

အသက်တာ၏မွှေးရနံ့လော (သို့) မီးနှင့်တူသောညှဉ်းပန်းခြင်းလော

အပြစ်ကို အဆုံးသတ်ရမည့် တစ်ခုတည်းသောနည်းလမ်း ကား ဘုရားသခင့်နှလုံးသားတော်ထဲက လာသောမီး ဖြင့် မတရားသောသူများအား လောင်ကျွမ်းစေခြင်း ဖြင့် ထိုသူတို့အား အဆုံးသတ်ပစ်လိုက်သည့်နည်း ပင်ဖြစ်သည်ဟု ဘုရားသခင်ကို ယုံကြည်သောသူ အတော်များများက မှတ်ယူထားကြလေသည်။ မတရား သောသူတို့သည် မိမိကိုယ်ကို ပျက်စီးစေကြမည် မဟုတ်ပဲ၊ ဘုရားသခင်သည် တရားမျှတသော ဘုရားတစ်ဆူ ဖြစ်လျှင် လွန် ကျူးသောသူများကို သူသည် ပြစ်ဒဏ်ပေးတော် မူမည်ဖြစ်ပြီး သူတို့ ၏ဆိုးသွမ်းမှုများနှင့်အညီ သူတို့အား မီးထဲတွင် အရှင်လတ်လတ်မီးရှို့ ဖျက်ဆီးတော်မူမည်ဖြစ်သည်ဟု လူများ မကြာခဏ တွေးမိကြသည်။ မေတ္တာရှင် ဘုရားတစ်ဆူက မိမိသားသမီးများအား ထိုသို့ပြုပါ လိမ့်မည်လော။

ပြောမရဆိုမရသော သင့်သားသမီးများကို သင့်အနေဖြင့် မီးထဲသို့ အရှင်လတ်လတ်ချပစ်ပြီး ဝေဒနာပြင်းစွာဖြင့် ဟစ်အော်နေကြရမည့် သူတို့အဖြစ်ကို သင်ထိုင်ကြည့်နိုင်ပါမည်လော။ ကင်ဆာကို ဖယ်ရှားနိုင်မည့် တစ်ခုတည်းသောနည်းကား ထိုကင်ဆာကြိတ်ကို ခွဲထုတ်ပစ် ခြင်းပင်ဖြစ်သည်ဟု လူအချို့ပြောဆိုတတ်ကြသည်။ ဤနှိုင်းယှဉ်ချက်တွင် တွေ့ရသည့် ကွာဟချက်ကား၊ ကင်ဆာကြိတ်ကို သင်ခွဲထုတ်သောအခါ အသက်ကို ဖျက်ဆီးဖို့မဟုတ်ပဲ အသက်ကို ကယ်တင်ဖို့အတွက် သင်ခွဲထုတ်နေခြင်းဖြစ်သည်။ လူတချို့ကလည်း၊ မတရား သောသူတို့သည် အိပ်ဆေးထိုးပေးဖို့လိုသည့် ခွေးရူးတစ်ကောင်နှင့် တူသည်ဟု ပြောဆို ကြပြန်သည်။ သင့်ခွေးရူးကို အိပ်ဆေးထိုးပေးပြီးသည်နောက် ထိုခွေးအား တမြေ့မြေ့နှင့် ရက်များစွာ သင်မီးထိုင်ရှို့ရင်း ၎င်းမှ နာကျင်စွာအော်သံပေး အူသံပေးနေရသည့်အဖြစ်ကို သင်ထိုင်ကြည့်နိုင်ပါသလား။ ထို့နည်းတူ၊ ဖြောင့်မတ်သောသူများက မတရားသောသူများ ကို “နည်းနည်းထပ်ခံစားနေလိုက်ကြအုံး၊ မင်းတို့လုပ်ခဲ့တဲ့ မတရားမှုအတွက် မင်းတို့အဲလို ခံထိုက်တယ်” ဟု အော်ပြောနေကြစဉ် ဘုရားသခင်က ထိုမတရားသောသူများကို တမြေ့ မြေ့နှင့် မီးထိုင်ရှို့ပေးနေမည်လော။ နောက်ဆုံးနေ့တွင် အမှန်ပင် ဤသို့ဖြစ်လိမ့်မည်လော။