maranathamedia-myanmar.com
စာရေးဆရာ Adrian Ebens
ထုတ်ဝေခဲ့သည် စက်တင်ဘာ 15, 2021
ဒေါင်းလုတ်များ 683

အခြားဘာသာစကား

Afrikaans عربى български език Cebuan Čeština Nederlands English Français Deutsch bahasa Indonesia 國語 मराठी नेपाली Polski Português Română Русский Español Kiswahili Wikang Tagalog

တရားစီရင်ရာနေ့! ဒီဘဝမှာ ပြုခဲ့တဲ့အရာတွေအတွက် အယောက်တိုင်းက တရားစီရင်ခြင်း (အကျိုး) ခံရမယ်ဆိုတဲ့အယူ ဒီကမ္ဘာမှာရှိတဲ့ လူမျိုးတိုင်းမှာ ရှိပါတယ်။ ယေရှုခရစ်တော်က ဒီတရားစီရင်မှုကို ကြံ့ကြံ့ခံရမယ့် ရိုးရိုးရှင်းရှင်းနည်းကို ပေးခဲ့ပါတယ်။

သင် စစ်​ကြော​​ခြင်းမခံရရန် ​ စစ်​ကြောဆုံး​ဖြတ်​ခြင်း​ကို မ​ပြု​နှင့်။” - ရှင်​မဿဲ​ ၇:၁

အခြားလူတွေကို စစ်ကြောဆုံးဖြတ်ခြင်းမရှိတဲ့ဝန်းကျင်မှာ နေထိုင်ရခြင်းဟာ ဘာနဲ့တူမလဲ။ ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ကျွန်တော်တို့ဟာ လူတွေရဲ့ရုပ်အဆင်း၊ နိမ့်/ မြင့်၊ ဝ/ ပိန်၊ ကိုးကွယ်ယုံကြည်မှု၊ လူရာဝင်မှု၊ ဝင်ငွေ၊ ပညာဂုဏ်တွေကို အတင်းပြောကြပါတယ်။

ဘယ်သူ့ကိုမှ မစစ်ကြောတဲ့ ရှေ့သွားနမူနာယူဖို့ ဒီလိုပြီးပြည့်စုံတဲ့ပုဂ္ဂိုလ်
ကျွန်တော်တို့ ဘယ်မှာရှာတွေ့နိုင်မှာလဲ။

သင်​တို့​သည် ဇာ​တိ​ပ​က​တိ​အ​တိုင်း စီ​ရင်​တတ်​ကြ၏။ ငါ​မူ​ကား”
- ရှင်​ယော​ဟန်​ခ​ရစ်​ဝင် ၈:၁၅

ယေရှုဘုရားက ဘယ်သူ့ကိုမှ မစီရင်ဘူးဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။ သူ့ခမည်းတော်အကြောင်း ယေရှုဘုရားဘာမိန့်သလဲဆိုတာ သုံးသပ်ကြပါဦး။

ခ​မည်း​တော်​သည် အ​ဘယ်​သူ​ကို​မျှ တ​ရား​စီ​ရင်​တော်​မ​မူ။ တ​ရား​စီ​ရင်​ခြင်း​အ​ခွင့်ရှိ​သ​မျှ​ကို သား​တော်​အား အပ်​ပေး​တော်​မူ၏။” - ရှင်​ယော​ဟန်​ခ​ရစ်​ဝင် ၅:၂၃

လူတိုင်း တန်ရာတန်ရာကိုရမယ်ဆိုတဲ့ ဘုရားရဲ့တရားစီရင်ခြင်းအကြောင်း ကျမ်းစာမှာလာတယ် မဟုတ်လား။ ဒီအကြောင်းက ယေရှုမိန့်တာတွေနဲ့ ဘယ်လိုသဟဇာတ ဖြစ်ကြသလား။ ကိုယ်ကျရှုံး တဲ့အခါ ကိုယ့်ကိုယ်ကိုအပြစ်တင်တတ်ခြင်း၊ အခြားလူတွေက ကိုယ့်ကို မကောင်းကြံပြီး ဟားတိုက်ကြတာကို ကြံ့ကြံ့ခံနိုင်မယ့်သော့ချက်ကို ရှာကြံပါ။

အပြစ်တင်ခြင်းကင်းစင်တဲ့ ပရမတ်ကို ရှာမှီးပါ။