
ဤစာအုပ်မဖတ်ရသော် ဤစာအုပ်ကိုအရင်ဖတ်ရန်အကြံပေးသည်
နောက်ထပ်စာအုပ်ဖတ်ရန်အကြံပေးလိုသည်
ပဋိညာဉ်တရားနှစ်မျိုးအကြောင်းကို နားလည်ခြင်းသည် ဧဝံဂေလိတရားကို နားလည်ရန် နှင့် သမ္မာကျမ်းစာကို မှန်ကန်သော မူ၊ဘောင်အတွင်းဖတ်ရှုခြင်းအတွက် အရေးကြီးသော အခန်းကဏ္ဍဖြစ်ပါသည်။ ဤစာအုပ်ငယ်သည် စာဖတ်သူအား ထိုအကြောင်းကို နားလည် နိုင်ရန် မရှိမဖြစ် လိုအပ်သော အရာများနှင့် ရိုးရှင်းသောနည်းလမ်းဖြင့် မိတ်ဆက်ပေးထား ပါသည်။
လွန်ခဲ့သောရာစုနှစ်များစွာက ခရစ်ယာန်ဘာသာအတွင်း ဖြစ်ပွားခဲ့သော လွဲမှားသည့် နား လည်မှုများကြောင့် ပဋိညာဉ်များအကြောင်းနှင့် ပတ်သက်၍ ရှုပ်ထွေးမှုများစွာရှိခဲ့သည်။
ပဋိညာဉ်၏ ရိုးရှင်းမှုကို အာဗြဟံ၏အသက်တာထဲတွင် ဖော်ပြထားသည်ကို သိမြင်နိုင် သည်။ ဤအရာသည် ဂလာတိဩဝါဒစာ၌ ရှင်ပေါလုက ကျွန်ုပ်တို့ကို ပြောပြထားသော အရာ ဖြစ်ပါသည်။
ပညတ္တိကျမ်းစာ၌ လာသည်ကား၊ အာဗြဟံ၌ သားနှစ်ယောက်ရှိ၏။ သားတယောက်ကား၊ ကျွန်မ၏ သားဖြစ်၏။ တယောက်ကား ကျွန်မမဟုတ်သော မိန်းမ၏ သားဖြစ်၏ဟု လာ သတည်း။ ကျွန်မ၏သားသည် ဇာတိပကတိအားဖြင့် ဘွားသောသားဖြစ်၏။ ကျွန် မဟုတ် သော မိန်းမ၏သားသည် ဂတိတော်အားဖြင့် ဘွားသောသားဖြစ်၏။ ထိုအကြောင်းအရာ ကို ပုံပမာအားဖြင့်ဆိုသော်၊ ထိုမိန်းမ နှစ်ယောက်ကား၊ ပဋိညာဉ်တရားနှစ်ပါးကို ဆိုလိုသ တည်း။ ဟာဂရအမည်ရှိသော မိန်းမတည်းဟူသော ပဋိညာဉ်တရားတပါးသည် သိနာ တောင် ပေါ်မှာ စီရင်၍၊ ကျွန်များကို ဖွားတတ်သောတရားဖြစ်၏။ ဂလာတိဩဝါစာ ၄း၂၂-၂၄)
သင်ဖတ်ရှုသည့်အတိုင်း သင်၏ယုံကြည်ခြင်းခရီးစဉ်၌ များစွာသော ကောင်းချီးမင်္ဂလာ ခံစားရပါစေ…