maranathamedia-myanmar.com
စာရေးဆရာ Adrian Ebens
ထုတ်ဝေခဲ့သည် ဇွန် 21, 2022
ရေးသားချက် ဇွန် 21, 2022
68
ဒေါင်းလုတ်များ 269

အခြားဘာသာစကား

عربى български език Čeština Nederlands English Français Deutsch 國語 Русский Српски Español Kiswahili

ဤကဲ့သို့သော ရေးသားချက်များကို သင် မည်သို့နားလည်သနည်း။

“ဘုရားသခင့်အုပ်စိုးမှုအောက်၌ ကောင်းကင်တမန်တို့သည် အစွမ်းတန်ခိုးကြီးကြ၏။ တစ်ခါက ခရစ်တော်၏  အမိန့်တော်ကြောင့် အာရှုရိစစ်သား ၁၈၅၀၀၀ ကို ကောင်း ကင်တမန်တို့သည် တစ်ညအတွင်း သတ်ဖြတ်ခဲ့ကြသည်။” DA 702

“ပေတရုကို ထောင်ထဲမှ ကယ်တင်ခဲ့သောကောင်းကင်တမန်သည် ဟေရုဒ်ကို တရားစီ ရင်သည့် အမျက်ဒေါသ၏   ကောင်းကင်တမန်ဖြစ်သည်။ သူသည်  အိပ်ပျော်နေသော ပေတရုကို ပုတ်၍ နှိုးခဲ့သည်။ သို့သော် ဆိုးယုတ်သောရှင်ဘုရင်ကိုမူ အခြားသော ရိုက် ပုတ်မှုဖြင့် ဒဏ်ခတ်ခဲ့သည်။ ရှင်ဘုရင်၏ မာန်မာနကို နိမ့်ချကာ၊ အမြင့်ဆုံးသောဘုရား ၏ အပြစ်ဒဏ်ကို သူ့အပေါ် သက်ရောက်စေခဲ့သည်။ ဟေရုဒ်မင်းသည် ဘုရားသခင်၏ ကလဲ့စားချေတရားစီရင်ခြင်းအောက်၌ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်သည် ဝေဒနာပြင်းစွာ ခံရကာ ကွယ်လွန်ခဲ့သည်။” AA 152. 1

ဘုရားသခင့် သန့်ရှင်သောကောင်းကင်တမန်တို့သည် အမှန်တကယ်   လူသတ်ပါသလား။ ခ ရစ်တော်က “ဒီလူတွေ သေသင့်တဲ့အချိန်ရောက်ပြီ။ သွားသတ်ကြပါ” ဟု အမှန်တကယ် စေ ခိုင်းမည်ဟု ထင်ပါသလား။ ယေရှု ဤလောက၌ကြွလာခဲ့စဉ်က ဘုရားဇာတိအချို့ ဖုံးကွယ်ခဲ့ ပါသလား။ ဤလောက၌ ရှိစဉ်အခါက မည်သူ့ကိုမျှ  ယေရှုမသတ်ခဲ့ပါ။ အကယ်၍ လူသတ် ခြင်းသည် ခရစ်တော်၏  အကျင့်စရိုက်တစ်ခုဖြစ်လျှင် ဤလောကတွင်ရှိစဉ်က ဘာကြောင့် လူမသတ်ခဲ့သနည်း။

“လူသားသည် လူတို့၏ အသက်ကို သတ်အံ့သောငှါ ကြွလာသည်မဟုတ်။ ကယ်တင်အံ့ သောငှါကြွလာသည်ဟု ဆုံးမတော်မူ” ၏။ ရှင်လုကာ ၉း ၅၅

“ယေရှုက၊ ဖိလိပ္ပု၊ ဤမျှကာလပတ်လုံး ငါသည်သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေးသလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။ သို့ဖြစ်လျှင်၊ ခမည်း တော်ကို အကျွန်ုပ်တို့အား ပြတော်မူပါဟု သင်သည်အဘယ်သို့ဆိုသနည်း။” ရှင်ယောဟန် ၁၄း ၉