maranathamedia-myanmar.com

စာအုပ်များ

ကားတိုင်တော်အား ဆန်းစစ်ခြင်း နှင့် ကားတိုင်တော်အား တွေ့ဆုံခြင်း

ကားတိုင်တော်အား အဘယ်ကြောင့် လိုအပ်ခဲ့သနည်း။ အဘယ်သူ လိုအပ်ခဲ့သနည်း။

ကျွန်ုပ်တို့၏ ကယ်တင်ခြင်းအဖို့ ကားတိုင်တော်ကို အဘယ်ကြောင့် လိုအပ်ခဲ့သနည်း။

မိမိသားတော်၏ အသေခံတော်မူခြင်းအားဖြင့် ဘုရားသခင် အမျက်တော်ပြေငြိမ်းခဲ့ပါသလား။

ဘုရားသခင်၏ တရားမှုကား အဘယ်နည်း။ ကျွန်ုပ်တို့၏ တရားမှုနှင့် ကွာခြားမှုရှိပါသလား။

တိုင်ပေါ်တွင်မြောက်ထားသည့် ကြေးဝါမြွေရုပ်နှင့် မိမိကိုယ်ကို ယေရှုအဘယ်ကြောင့် နှိုင်းယှဉ် ပြတော်မူခဲ့သနည်း။

ကားတိုင်တော်အကြောင်းနှင့် ပတ်သက်ပြီး ဣသရေလလူမျိုးတို့၏ သန့်ရှင်းရာဌာနတော်က အဘယ်သို့ပြောဆိုထားပါသနည်း။

 

ကောင်းချီးမင်္ဂလာ စီမံကိန်း

ကောလောသဲ ၁: ၁၅-၁၆ “ထိုသားတော်သည် မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ဖြစ်၏။ ဝေနေယျသတ္တဝါအပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ၏။

ရှင်ယောဟန် ၁၄: ၆ “ယေရှုက၊ ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။

ဇာစ်မြစ် ရှင်းတမ်း

လူတို့သည် မိမိကိုယ်မိမိ အခြားသူများနှင့်နှိုင်းယှဥ်ကာ မိမိ၏ လုပ်ရည်ကိုင်ရည်ကို အားမရခြင်း၊ အများ၏ နှစ်သက်ချစ်ခင်မှုမရဟု ခံစားရခြင်း၊ အခြားသူများလောက် အသုံးမကျဟူသော ခံစားချက်တို့ကြောင့်  ဘဝကို စိတ်ပျက်ကြ၏။ တန်ဖိုးမရှိသော လူသားများအဖြစ် ခံစားရကြ၏။ ဘဝအောင်မြင်တိုးတက်ရေး၊ စိတ်ချမ်းသာပျော်ရွှင်ရေး ဆိုင်ရာ စာအုပ်စာပေအများစုက ထိုပြဿနာကို ဖြေရှင်းဖို့ လူများကို ကိုယ့်ကိုယ်ကိုယ် ချစ်ရန်၊ ကိုယ့်ကိုယ်ကိုယ် အလိုလိုက်ရန်၊ ကိုယ့်ကိုယ်ကိုယ် သူမတူထူးခြားသူဟု ခံယူရန် အားပေးအားမြောက်ပြုကြသည်။

သို့​သော် လူသားတို့၏ မရှိမဖြစ်လိုအပ်ချက်မှာ မေတ္တာတရားသာဖြစ်သည်။ လူသားတို့သည် လောကီအရာများ၌သာ ဘဝပျော်ရွှင်ကျေနပ်မှုကို ရှာဖွေကြလေရာ စိတ်ပျက်ခြင်းနွံထဲ ရုန်းလေနှစ်လေဖြစ်ရကြသည်။ မေတ္တာအသိုက်အဝန်းရှိရာအရပ်တွင်သာ ဘဝပျော်ရွှင်ကျေနပ်မှုကို ရှာတွေ့နိုင်သည်။ ထိုမေတ္တာအသိုက်အဝန်း၏ မိသားစုဝင်တစ်ဦးဖြစ်လာဖို့ "ချစ်သား" "ချစ်သမီး" ဟု သင့်ကို ခမည်းတော်ဘုရား ခေါ်ဖိတ်နေပါသည်။

ထာဝရဘုရား၏ ဉာဏ်တော်အနန္တ

ထာဝရဘုရား၏ ဉာဏ်တော်အနန္တ

သားတော်ကိုရသောသူသည် အသက်ကိုရ၏။ အဘယ့်ကြောင့် ဤသို့ဖြစ်နိုင်ရသနည်း။ ဘုရားသားတော်၏အထဲတွင်  ခမည်းတော်၏ အလိုကိုလိုက်သည့် သားလိမ္မာ၏ စင် ကြယ်သည့်နှလုံးသားတစ်စုံ ကိန်းအောင်းနေသောကြောင့်ဖြစ်၏။ ၎င်းက ခမည်းတော် ၏အလိုကို မပြတ်အစဉ် ဆောင်ရွက်၏။ ၎င်းသည် ခမည်းတော်၏ကောင်းချီးနှင့် မေတ္တာတော်ကို ပိုင်ဆိုင်၏။ သားတော်၏နှလုံးသားသည် ခမည်းတော်၏ မေတ္တာ တော်ကို မှီခို၏။

ခမည်းတော်၏ ပညတ်တော်များကို စောင့်လိုသည့် ချစ်လှစွာသော သားတော်၏ ချိုသာသိမ်မွေ့နာခံတတ်သည့် စိတ်သဘောကို စကြဝဠာတစ်ခုလုံးသို့ ချပြခြင်းသည် ခမည်းတော်ဘုရားသခင်၏ မဟာဉာဏ်တော်အနန္တပင် ဖြစ်၏။
သိမ်မွေ့သည့် ထိုစိတ်သဘောသည် ထာဝရဘုရားသခင်၏ မဟာရာဇပလ္လင်တော်မှ အစပြုကာ ဇီဝအသက်ပင်တော်ကို ကြားခံကာ စီးဆင်းလာ၏။ မာရ်နတ်သည် ဘုရား သားတော်နှင့် ၎င်း၏သိမ်မွေ့သောစိတ်ထားကို ငြင်းခဲ့၏။ ၎င်း၏ လမ်းမလိုက်သည့် စိတ်နှင့် သားတော်၏ လမ်းလိုက်သည့်စိတ်တို့ စီးချင်းထိုးကြ၏။ ကန့်လန့် တိုက်တတ်သည့် စိတ်သည် လူသားအပေါင်းတို့သို့ ဆင့်ပွားခဲ့၏။ သခင်ခရစ်တော်၏ ပေးဆပ်မှုက ငါတို့အား ဤသိမ်မွေ့သောစိတ်ထားကို ပြန်ရပိုင်ခွင့်ပေး၏။ ဤစိတ်ထားကို ရနိုင်မည့် လျှို့ဝှက်ချက်ကား ခမည်းတော်နှင့်သားတော်တို့သည် မည် သူများ ဖြစ်ကြောင်း ထိုးထွင်းသိရန်ဖြစ်၏။ ခမည်းတော်နှင့် သားတော်ကို သိကျွမ်း ရခြင်းသည် ထာဝရအသက်ပင်ဖြစ်ပြီး၊ ဘုရားသခင်နှင့် သားတော်တို့၏ ရာဇပလ္လင် တော်မှ စီးဆင်းလာသည့် အသက်စမ်းရေကို သောက်သုံးရသောအခွင့်ပင် ဖြစ်သ တည်း။

 

ဒဏ်ခတ်သော ကောင်းကင်တမန်များ

ဤကဲ့သို့သော ရေးသားချက်များကို သင် မည်သို့နားလည်သနည်း။

“ဘုရားသခင့်အုပ်စိုးမှုအောက်၌ ကောင်းကင်တမန်တို့သည် အစွမ်းတန်ခိုးကြီးကြ၏။ တစ်ခါက ခရစ်တော်၏  အမိန့်တော်ကြောင့် အာရှုရိစစ်သား ၁၈၅၀၀၀ ကို ကောင်း ကင်တမန်တို့သည် တစ်ညအတွင်း သတ်ဖြတ်ခဲ့ကြသည်။” DA 702

“ပေတရုကို ထောင်ထဲမှ ကယ်တင်ခဲ့သောကောင်းကင်တမန်သည် ဟေရုဒ်ကို တရားစီ ရင်သည့် အမျက်ဒေါသ၏   ကောင်းကင်တမန်ဖြစ်သည်။ သူသည်  အိပ်ပျော်နေသော ပေတရုကို ပုတ်၍ နှိုးခဲ့သည်။ သို့သော် ဆိုးယုတ်သောရှင်ဘုရင်ကိုမူ အခြားသော ရိုက် ပုတ်မှုဖြင့် ဒဏ်ခတ်ခဲ့သည်။ ရှင်ဘုရင်၏ မာန်မာနကို နိမ့်ချကာ၊ အမြင့်ဆုံးသောဘုရား ၏ အပြစ်ဒဏ်ကို သူ့အပေါ် သက်ရောက်စေခဲ့သည်။ ဟေရုဒ်မင်းသည် ဘုရားသခင်၏ ကလဲ့စားချေတရားစီရင်ခြင်းအောက်၌ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်သည် ဝေဒနာပြင်းစွာ ခံရကာ ကွယ်လွန်ခဲ့သည်။” AA 152. 1

ဘုရားသခင့် သန့်ရှင်သောကောင်းကင်တမန်တို့သည် အမှန်တကယ်   လူသတ်ပါသလား။ ခ ရစ်တော်က “ဒီလူတွေ သေသင့်တဲ့အချိန်ရောက်ပြီ။ သွားသတ်ကြပါ” ဟု အမှန်တကယ် စေ ခိုင်းမည်ဟု ထင်ပါသလား။ ယေရှု ဤလောက၌ကြွလာခဲ့စဉ်က ဘုရားဇာတိအချို့ ဖုံးကွယ်ခဲ့ ပါသလား။ ဤလောက၌ ရှိစဉ်အခါက မည်သူ့ကိုမျှ  ယေရှုမသတ်ခဲ့ပါ။ အကယ်၍ လူသတ် ခြင်းသည် ခရစ်တော်၏  အကျင့်စရိုက်တစ်ခုဖြစ်လျှင် ဤလောကတွင်ရှိစဉ်က ဘာကြောင့် လူမသတ်ခဲ့သနည်း။

“လူသားသည် လူတို့၏ အသက်ကို သတ်အံ့သောငှါ ကြွလာသည်မဟုတ်။ ကယ်တင်အံ့ သောငှါကြွလာသည်ဟု ဆုံးမတော်မူ” ၏။ ရှင်လုကာ ၉း ၅၅

“ယေရှုက၊ ဖိလိပ္ပု၊ ဤမျှကာလပတ်လုံး ငါသည်သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေးသလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။ သို့ဖြစ်လျှင်၊ ခမည်း တော်ကို အကျွန်ုပ်တို့အား ပြတော်မူပါဟု သင်သည်အဘယ်သို့ဆိုသနည်း။” ရှင်ယောဟန် ၁၄း ၉

ရှံဆုန်၏ အသက်တာကို နားလည်ခြင်း

ဘုရားသခင်သည် ဘုန်းတန်ခိုးကြီးသော ဘုရားဖြစ်လျှင် အဘယ့်ကြောင့် ဣသရေလလူမျိုးများ စစ်တိုက်စရာမလိုဘဲ ခါနန်ပြည်ကို သိမ်းယူပေးတော်မမူသနည်း။

ခါနန်ပြည်သည် ကတိထားတော်မူရာ တိုင်းပြည်ဖြစ်ပြီး အဘယ့်ကြောင့် ဣသရေလလူမျိုးများ၏ သမိုင်းသည် ခါနန်ပြည်ဝင်သည်နှင့် တပြိုင်နက် အလွန်မှောင်မိုက်ခဲ့ရသနည်း။

ဘုရားသခင်သည် သူ့ကို မယုံကြည်သောသူများ၊ သူ့စကားကို နားမထောင်သော သူများကို မည်သို့ ဆက်ဆံနားလည်ပေးသနည်း။ သူတို့ကို ဘုရားသခင် စွန့်ပစ်တော်မူပါသလား။

အီဂျစ်အတွေးခေါ် လွမ်းမိုးမှုခံခဲ့ရသော ကျွန်ုပ်တို့၏ ဘိုးဘေးများနှင့် ဘုရားသခင်၏ ဆက်ဆံရေးအကြောင်း သင်ယူခြင်းအားဖြင့် သင်ခန်းစာယူစရာ များစွာရှိပါသည်။ ဤစာအုပ်ငယ်သည် အထူးသဖြင့် ပျက်စီးရာလမ်းသို့ ဦးတည်နေသော ကျွန်ုပ်တို့၏ ရင်းနှီးသော မိတ်ဆွေ၊ မိသားစုဝင်များနှင့် ဆက်ဆံနေရသူများအတွက် ရည်ရွယ်ပါသည်။ သူတို့ကို မည်သို့ နားလည်ဆက်ဆံ ပေးရမလဲ။ ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့၏ ဖမည်းတော်သည် ထိုသို့သော အခြေနေမျိုး၌ မည်သို့ပြုတော်မူမည်နည်း။

လောင်သောမီး

အပြစ်ကို အဆုံးသတ်ရမည့် တစ်ခုတည်းသောနည်းလမ်း ကား ဘုရားသခင့်နှလုံးသားတော်ထဲက လာသောမီး ဖြင့် မတရားသောသူများအား လောင်ကျွမ်းစေခြင်း ဖြင့် ထိုသူတို့အား အဆုံးသတ်ပစ်လိုက်သည့်နည်း ပင်ဖြစ်သည်ဟု ဘုရားသခင်ကို ယုံကြည်သောသူ အတော်များများက မှတ်ယူထားကြလေသည်။ မတရား သောသူတို့သည် မိမိကိုယ်ကို ပျက်စီးစေကြမည် မဟုတ်ပဲ၊ ဘုရားသခင်သည် တရားမျှတသော ဘုရားတစ်ဆူ ဖြစ်လျှင် လွန် ကျူးသောသူများကို သူသည် ပြစ်ဒဏ်ပေးတော် မူမည်ဖြစ်ပြီး သူတို့ ၏ဆိုးသွမ်းမှုများနှင့်အညီ သူတို့အား မီးထဲတွင် အရှင်လတ်လတ်မီးရှို့ ဖျက်ဆီးတော်မူမည်ဖြစ်သည်ဟု လူများ မကြာခဏ တွေးမိကြသည်။ မေတ္တာရှင် ဘုရားတစ်ဆူက မိမိသားသမီးများအား ထိုသို့ပြုပါ လိမ့်မည်လော။

ပြောမရဆိုမရသော သင့်သားသမီးများကို သင့်အနေဖြင့် မီးထဲသို့ အရှင်လတ်လတ်ချပစ်ပြီး ဝေဒနာပြင်းစွာဖြင့် ဟစ်အော်နေကြရမည့် သူတို့အဖြစ်ကို သင်ထိုင်ကြည့်နိုင်ပါမည်လော။ ကင်ဆာကို ဖယ်ရှားနိုင်မည့် တစ်ခုတည်းသောနည်းကား ထိုကင်ဆာကြိတ်ကို ခွဲထုတ်ပစ် ခြင်းပင်ဖြစ်သည်ဟု လူအချို့ပြောဆိုတတ်ကြသည်။ ဤနှိုင်းယှဉ်ချက်တွင် တွေ့ရသည့် ကွာဟချက်ကား၊ ကင်ဆာကြိတ်ကို သင်ခွဲထုတ်သောအခါ အသက်ကို ဖျက်ဆီးဖို့မဟုတ်ပဲ အသက်ကို ကယ်တင်ဖို့အတွက် သင်ခွဲထုတ်နေခြင်းဖြစ်သည်။ လူတချို့ကလည်း၊ မတရား သောသူတို့သည် အိပ်ဆေးထိုးပေးဖို့လိုသည့် ခွေးရူးတစ်ကောင်နှင့် တူသည်ဟု ပြောဆို ကြပြန်သည်။ သင့်ခွေးရူးကို အိပ်ဆေးထိုးပေးပြီးသည်နောက် ထိုခွေးအား တမြေ့မြေ့နှင့် ရက်များစွာ သင်မီးထိုင်ရှို့ရင်း ၎င်းမှ နာကျင်စွာအော်သံပေး အူသံပေးနေရသည့်အဖြစ်ကို သင်ထိုင်ကြည့်နိုင်ပါသလား။ ထို့နည်းတူ၊ ဖြောင့်မတ်သောသူများက မတရားသောသူများ ကို “နည်းနည်းထပ်ခံစားနေလိုက်ကြအုံး၊ မင်းတို့လုပ်ခဲ့တဲ့ မတရားမှုအတွက် မင်းတို့အဲလို ခံထိုက်တယ်” ဟု အော်ပြောနေကြစဉ် ဘုရားသခင်က ထိုမတရားသောသူများကို တမြေ့ မြေ့နှင့် မီးထိုင်ရှို့ပေးနေမည်လော။ နောက်ဆုံးနေ့တွင် အမှန်ပင် ဤသို့ဖြစ်လိမ့်မည်လော။

သင်စီရင်သည့်အတိုင်း

တရားစီရင်ရာနေ့! ဒီဘဝမှာ ပြုခဲ့တဲ့အရာတွေအတွက် အယောက်တိုင်းက တရားစီရင်ခြင်း (အကျိုး) ခံရမယ်ဆိုတဲ့အယူ ဒီကမ္ဘာမှာရှိတဲ့ လူမျိုးတိုင်းမှာ ရှိပါတယ်။ ယေရှုခရစ်တော်က ဒီတရားစီရင်မှုကို ကြံ့ကြံ့ခံရမယ့် ရိုးရိုးရှင်းရှင်းနည်းကို ပေးခဲ့ပါတယ်။

အကျွန်ုပ်တို့ သိမ်မွေ့ရှင်ဘုရားသခင်၏ ဆောင်ရွက်ချက်များ

            "အကျွန်ုပ်တို့သည် သိမ်မွေ့သိမ်မွေ့ရှင် ဘုရားသခင်၏ လုပ်ဆောင်ချက်များ'' စာအုပ်သည် သမ္မကျမ်းစာမှ သိသာထင်းရှားသောသက်သေများကိုယူကာ ဘုရားသခင်အား မကြင်နာတတ်သော၊ ဝေဖန်တတ်သော၊ ထိန်းချုပ်တတ်သော၊ မတရားသော၊ စိတ်ဆတ်သော၊ ပြင်းထန်သောသူအဖြစ် မှားယွင်းစွာ စွပ်စွဲထားခြင်း မှ လွတ်မြောက်စေပါသည်။ သမ္မကျမ်းစာတအုပ်လုံးကိုမှန်ကန်စွာနားလည်ပါက ဘုရားသခင်သည် ၁ယော ၄း၈ တွင်ဖော်ပြထားသည့်အတိုင်း "ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်၏ "​ ဟူသော တိကျသည့် အဆိုပြုချက်နှင့် သဟဇာတဖြစ်ကြောင်း တွေ့ရှိရသည်။​

အတ္တမဲ့မေတ္တာတော်

လွန်ခဲ့သည့်နှစ် (၂,၀၀၀) ကာလများ၌ ခရစ်တော်ဘုရား ဤကမ္ဘာ၌ပွင့်ခဲ့စဉ်က လူ အသင်္ချေထံ ငြိမ်းချမ်းခြင်းကိုဆောင်ယူခဲ့သည့် ပရဟိတပုံရိပ်ကို ရှေ့သွားနမူနာပြခဲ့၏။ သမ္မာကျမ်းစာကို စိတ်ဝင်စားသူများအတွက် ကျမ်းစာလာဘုရားပုံရိပ်နှင့် ခရစ်တော် ဘုရား၏ သက်တော်စဉ်အကြားခြားနားခြင်းက ၎င်း၏အဆိုအမိန့်များခြားနားပုံကို ဖြေ ရှင်းရခက်စေ၏။ သို့တိုင်လည်း ယေရှုဘုရား စိတ်အားငယ်ချိန်၌ပင် ၎င်း၏တပည့်တော် တစ်ဦးအား “ငါ့ကိုမြင်သောသူသည် ခမည်းတော်ကို မြင်ပြီးဖြစ်၏” ဟု မိန့်ခဲ့၏။

အနှီသည် မည်သို့ဖြစ်နိုင်မည်နည်း။ ဘုရားသခင်သည် ယေရှုဘုရား၏ အသက်တာ၌ ပြခဲ့ သည့်အတိုင်း သနား၊ ကြင်နာ၊ ကရုဏာနှင့် အမှန်ပြည့်စုံသလော။ အနှီပဟေဠိကြီးသည် သမ္မာကျမ်းစာကို ယုံကြည်ရင်းဖြင့် အဖြေကို အမှန်တကယ်တွေ့နိုင်မည်လော။ အနှီ ပဟေဠိအဖြေတွေ့နိုင်ရန် သင့်လက်၌ ထိုသော့ကိုကိုင်လျက်ရှိပါပြီ။