maranathamedia-myanmar.com
စာရေးဆရာ Gavin Devlin
ထုတ်ဝေခဲ့သည် ဇန်နဝါရီ 24, 2021
ရေးသားချက် ဇန်နဝါရီ 24, 2021
နောက်ဆုံး အပ်ဒိတ်တင်ခြင်း ဇူလိုင် 01, 2021
52
ဒေါင်းလုတ်များ 586

အခြားဘာသာစကား

Afrikaans English bahasa Indonesia 國語 नेपाली Español Kiswahili

ဒီလို မီးပုံပွဲအနားမှာ ထိုင်ရတဲ့ ညနေခင်းတွေက ကြည်နူးဖို့ကောင်းပါတယ်။ ဒါ ပေမယ့် ကျွန်တော်တို့ မနှစ်သက်တဲ့ တစ်စုံတစ်ယောက် ဒီမှာရှိနေရင် ဘာဖြစ်မလဲ။ အဲဒီအချိန်တိုလေးက ဒီမှာရှိတဲ့ လူအားလုံးအတွက် အနေထိုင် ခက်ခဲစေနိုင်ပါတယ်။

ကောင်းကင်နိုင်ငံတော်က ဘုရားသခင်ရဲ့ မီးပုံပွဲမှာ ထာဝရနေဖို့ ဖိတ်ကြားခြင်းခံရ တယ်လို့ စိတ်ကူးကြည့်ပါ။ ဒါပေမယ့် မင်းက သူရဲ့ မကောင်းကြောင်း အများကြီး ကြားထားတယ်။ အရမ်းထိန်းချုပ်ချင်တဲ့သူ၊ အရမ်း စိတ်ဆိုးလွယ်တဲ့သူ၊ သင်မနှစ် သက်တဲ့ သူတစ်ယောက်နဲ့ မင်းဘာလို့ ထာဝရနေချင်မလဲ။ ဒီအကြောင်းတွေက ခရစ် ယာန်တွေ၊ ခရစ်ယာန်မဟုတ်တဲ့ သူတွေဆီက မင်းကြားရတဲ့ ဘုရားသခင်အကြောင်း မင်းရဲ့ ထင်မြင်ချက်ပဲ ဆိုပါတော့။

ဒါပေမယ့် ကျွန်တော်တို့အားလုံး အလိမ်ခံလိုက်ရတာ ဆိုရင် ဘယ်လိုလုပ်မလဲ။ တ ကယ်လို့ သူက လူတွေပြောသလို ထိန်းချုပ်ချင်တဲ့သူ၊ အနိုင်ကျင့်တတ်တဲ့သူ မဟုတ် ဘူးဆိုရင်ရော။ တကယ်လို့ သူက တကယ်ပဲ သူ့သားသမီးတွေနဲ့ အတူနေချင်တဲ့သူ၊ သူ့သားသမီးတွေအတွက် အကောင်းဆုံးကို ဖြစ်စေချင်တဲ့ ဖခင်တစ်ယောက်ဆို ရင်ရော။ ကျွန်တော်တို့ရဲ့ မှားယွင်းစွာ နားလည်မှုတွေ ပြောင်းလဲပေးပြီး၊ အဖေနဲ့ အိမ် တော်မှာနေချင်တဲ့ စိတ်တွေ ထည့်ပေးရင်ရော။ သူ့အပေါ်ကျွန်တော်တို့ရဲ့ စိတ်သ ဘောထားကို ပြောင်းဖို့ မျှော်လင့်ချက်နဲ့ ကောင်းကင်ခမည်းတော်ဟာ  ကျွန်တော်တို့ တွက် အရာရာကို ပြင်ဆင်ပေးနေတယ်ဆိုတာ သတိပြုပါ။ ကျွန်တော်တို့အပေါ် ထား ရှိတဲ့ သူ့ရဲ့စိတ်သဘောဟာ ပြောင်းလဲခြင်းမရှိပါဘူး။