maranathamedia-myanmar.com

၇။ သဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခြင်း

တင်ထားသည် ဇွန် 01, 2021 မှ Adrian Ebens အထဲ၌ ဘုရားသခင်သည်ချစ်ခြင်းမေတ္တာဖြစ်
1,030 ထိရောက်မှု

၇။ သဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခြင်း


မာန်နတ်နှင့် ကောင်းကင်သားသုံးပုံတစ်ပုံက သားတော်၏အဆင့်အတန်း၊ ခမည်းတော်နှင့် ပတ်သက်ပုံကို စောဒကတက်ကြ၏။ ခမည်းတော်၊ သားတော်ဘုရားတို့၏ ဇာတိတော် နဂိုတော်ကို စစ်ဆေးနိုင်သည့်ပုဂ္ဂိုလ် တစ်ဦးမျှမရှိ။ ထို့ကြောင့် ခမည်းတော်ဘုရားသည်  လူသားတိုင်းအတွက် အမြတ်ဆုံးကို သိတော်မူ၏ဟု ကို်းစားယုံကြည်ရန်သာ ရှိ၏။

တစ်ချိန်ချိန်တွင် မိမိနှင့်သားတော်အကြား ဆက်ဆံရေးကို စာတန် စောဒကတက် နိုင်ခြေရှိကြောင်းကို သိပြီးဖြစ်သောကြောင့် ဘုရားသခင်သည် အစီအစဉ်ချ ပြီးသားဖြစ်၏။ ၄င်းတို့၏ ကြီးမြတ်မှု၊ နာခံတတ်မှုများကို စကြဝဠာတစ်ခုလုံးက နမူနာယူကြရန် ပမာပြခဲ့၏။

ခမည်းတော်နှင့် သားတော်ဘုရားတို့မှ ကမ္ဘာလူသားကိုဖန်ဆင်းရန် အစပြုချိန်မှ စပြီး လူစီဖာ၏ အပျက်စိတ်သဘောသည် ထပ်ဆင့်ထွားလာ၏။ လူစီဖာသည် ဤကမ႓ာကြီး၏ အရှင်ဖြစ်လိုခဲ့၏။ ထိုလျှောက်တင်ချက် အပယ်ခံရ၏။ ဤကမ႓ာ၌ လူသားကို ခမည်းတော်၊ သားတော်တို့ကဲ့သို့သဏ္ဌာန်တူဖန်ဆင်းမည်ဖြစ်သောကြောင့် သခင်ခရစ်တော်သည် ဤကမ႓ာ၏ အရှင်ဖြစ်ရမည်ဖြစ်၏။ လူစီဖာသည် သားတော် ဘုရားအပေါ် မနာလိုမုန်းတီးစိတ် ဝင်တော့၏။ လူစီဖာက ဤစီမံကိန်းသည် ခမည်းတော်နှင့် သားတော်တို့၏ ပတ်သက်မှုကို သာ၍အမြင်ရှင်းစေမည့် စီမံကိန်း ဖြစ်သည်ဟုမြင်လျှင်၊ ဘုရားသခင်၏နိုင်ငံတော်၌ သားတော်သည် အလွန်အရေး ပါကြောင်းကိုမြင်လျှင် ၄င်းအတွက်သာ၍ကောင်းမည်ဖြစ်လျှက်နှင့် ထိုသို့မဖြစ်ခဲ့ပါ။

ခမည်းတော်နှင့် သားတော်တို့သည် ၎င်းတို့၏ ပတ်သက်မှုကို စကြဝဠာတစ်လုံးသို့ ချပြန်နိုင်ရန် အကြံတော်ရှိသည့်အတိုင်း ဆက်၍ရှေ့တိုးခဲ့ကြ၏။ “ငါတို့ ပုံသဏ္ဌာန်နှင့် တစ်ညီ တစ်သဏ္ဌာန်တည်း လူကိုဖန်ဆင်းကြစို့” ဟုဆို၏။ ကမ႓ာဦးကျမ်း ၁း၂၆။

ထိုတစ်ပတ်အတွင်း၏ ဖန်ဆင်းခြင်းအမှုကို မည်သူထိုးထွင်းသိနိုင်မည်နည်း။ ကမ႓ာကြီး သည် သားတော်၏ ဖန်ဆင်းခြင်းတန်ခိုးတော်အားဖြင့် တစ်ရက်ပြီးတစ်ရက် ရုပ်လုံးပေါ်လာ၏။ ကုန်းမြေ၊ မြက်ခင်း၊ ပန်းမာလ်၊ သစ်ပင်၊ နေ၊ လ၊ ကြယ်နက္ခတ်၊ သတ္တဝါများ ဖန်ဆင်းအပြီးတွင် ခေါင်အဖြစ် လူယောက်ျားနှင့် လူမိန်းမနှစ်ဦးကို ဖန်ဆင်းခဲ့၏။

ဖန်ဆင်းခြင်း အဆင့်ဆင့်တိုင်းသည် အရေးပါလှပြီး ခမည်းတော်နှင့် သားတော်တို့၏ ဂုဏ်တော်ကိုထင်ဟပ်၏။

ကမ႓ာဦးကျမ်း ၁း၂၇ - ထိုသို့ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမကို ဖန်ဆင်းပြီး၏။

ဖန်ဆင်းခြင်းသည် ဤသို့ အဆင့်ဆင့်တန်းစဉ်လိုက်လာ၏။

ကမ႓ာဦးကျမ်း  ၂းရ - ထိုနောက်၊ ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုဖန်ဆင်း၍၊ သူ၏ နှာခေါင်းထဲသို့ ဇီိဝအသက် မှုတ်တော် မူလျှင်၊ လူသည်အသက်ရှင်သောသတ္တဝါဖြစ်လေ၏။

ကမ႓ာဦးကျမ်း ၂း၁၈-၂၅ - ထာဝရအရှင်ဘုရားသခင်ကလည်း၊ ယောက်ျားသည် တစ်ယောက်တည်း မနေကောင်း၊ သူနှင့်တော်သော အထောက်အမကို သူ့ဖို့ငါလုပ်ဦးမည်ဟု အကြံရှိတော်မူ၏။ ထာဝရအရှင် ဘုရားသခင်သည် မြေတိရစ္ဆာန်တို့နှင့်၊ မို်းကောင်းကင်ငှက်အပေါင်းတို့ကို မြေဖြင့်ဖန်ဆင်းတော်မူပြီးလျှင်၊ လူသည် အဘယ်သို့ ခေါ်ဝေါ်သမုတ် မည်ကို သိခြင်းငှာ၊ လူရှိရာသို့ ဆောင်ခဲ့တော်မူ၏။ လူသည်လည်း အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို ခေါ်ဝေါ်သမုတ်သည်အတိုင်း၊ နာမည်အသီးအသီးရှိကြ၏။ ထိုသို့လူသည် သားယဉ်အပေါင်းတို့ကို လည်းကောင်း၊ မိုးကောင်းကင်ငှက်အပေါင်းတို့ကိုလည်းကောင်း၊ သားရဲ အပေါင်း တို့ကိုလည်းကောင်း၊ အမည်ပေး၍မှည့်လေ၏။ သို့သော်လည်း လူနှင့်တော်သော အထောက်အမ မပေါ်မရှိသေး။ ထိုအခါ ထာဝရ အရှင်ဘုရားသခင်သည် လူကို ကြီးသောအိပ်ခြင်းဖြင့် အိပ်စေတော်မူ၍၊ လူသည် အိပ်ပျော်စဉ်၊ နံရိုးတစ်ချောင်းကို ဘုရားသခင် ထုတ်ပြီးလျှင်၊ ထိုအရိုးအစား အသားကို စေ့စပ်စေတော်မူ၏။ ထာဝရအရှင် ဘုရား သခင်သည် လူထဲကထုတ်သောနံရိုးဖြင့် လူမိန်းမကိုဖန်ဆင်း၍ လူရှိရာသို့ ဆောင်ခဲ့တော်မူ၏။ လူကလည်း၊ ယခု ဤသူသည် ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲကအသား ဖြစ်၏။ လူထဲက ထုတ်သောကြောင့် သူ့ကို လူ မိန်းမဟု ခေါ်ဝေါ်အပ်သည်ဟု ဆိုလေ၏။ ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍၊ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့်၊ ထိုသူတို့ သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်။ ထိုသူ လင်မယားနှစ်ဦး တို့သည် အဝတ်မဝတ်ဘဲ နေ၍၊ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ကြ၏။


ဘုရားသခင်သည် သားတော်အားဖြင့် မြေမှုန့်ယူ၍ ပုံသွင်းကာ အသက်ကိုနှာဝမှ မှုတ်သွင်းပြီး အာဒံ ဖြစ်စေ၏။ ထိုနှင့်တစ်ပါတည်း ခမည်းတော်၏ ကောင်းချီး၊ သား တော်၏ ယုံကြည်နာခံတတ်သည့်စိတ်သဘောကို အာဒံထံ လက်ဆင့်ကမ်းခဲ့၏။ အာဒံသည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းလိုသည့် စိတ်အရင်းခံရှိ၏။ အကြောင်းကား ထိုစိတ်သဘောကို သားတော်ထံမှ သန့်ရှင်းတော်ဝိညာဉ်တော် အားဖြင့် လက်ခံရရှိခြင်း ကြောင့်ဖြစ်၏ … ။

၁ ကော ၂း၁၆ - ထိုလူကိုသွန်သင်နိုင်မည်အကြောင်း အဘယ်သူသည် ထာဝရဘုရား၏ စိတ်တော်ကိုသိသနည်း။ ငါတို့မူကား ခရစ်တော်၏ စိတ်ကို ခံရကြ၏။


မိမိ၌ တစ်စုံတစ်ရာ လပ်နေသေးသည်ဟူသည့်အသိတစ်ခုကို အာဒံအား ဘုရားသခင် အသိကပ်စေ၏။ အဘယ့်ကြောင့်နည်း။ ဤအချက်ကား ငါတို့အား ဘုရားသခင်နှင့် ၄င်း၏နိုင်ငံတော်အကြောင်း သွန်သင်၏။ အချို့သောအရာများသည် ကိုယ်ကြုံမှသာ သိနိုင်မည်ဖြစ်ပြီး အာဒံသည် ၎င်း၌ လပ်နေသည်ဟူသည့် အသိကြောင့် သာ၍ ဆန္ဒထန်ပြီး ဘုရားသခင် ဖြည့်ဆည်းပေးသည့်အခါ လွန်စွာသဘောတွေ့၏။

အာဒံသည် ၄င်းအား သာအတူနာအတူ နားလည်ဖေးမပေးမည့် ပါရမီဖြည့်ဖက် လိုလျက် ရှိ၏။ အာဒံသည် တိရစ္ဆာန်အပေါင်းတို့ကို အမည်ပေးသည့်အခါ ၄င်းနှင့် တူသူ မရှိကြောင်း သိလာ၏။ ယင်းအဖြစ်က ဘုရားသခင့် နိုင်ငံတော်၏ အနှစ် ဖြစ်သည့် ဆက်ဆံရေးအကြောင်းကို အာဒံ၏စိတ်၌ အမြစ်စွဲလေ၏။ ကိုယ်ဖြစ်မှ ကိုယ်သိ မည့် အဖြစ်ဖြစ်၏။ ဘုရားသခင်သည် ဆက်ဆံရေး၏ အရေးပါမှုကို နှုတ်တွေ့သင််ပေး နိုင်၏။ သို့ငြား တိရိစ္ဆာန်များကို အမည်ပေးရင်း မည်သည့်အရာ သည် အခရာကျကြောင်းကို အာဒံ ရှင်းရှင်း သိလာရ၏။

ဘုရားသည် အဘယ့်ကြောင့် အာဒံကိုကြီးစွာအိပ်စက်စေကာ ၄င်း၏နံရိုးဖြင့် မိန်းမကို ဖန်ဆင်းရသနည်း။ ကိစ္စမများပေလော။ အနုစိတ်လွန်းပေ၏။ ဘုရားသည် အာဒံ၏ ဦးနှောက်ကို ဘာ့ကြောင့် မသုံးရသနည်း။ ဘာ့ကြောင့် နံရိုးကိုမှ ယူရသနည်း။ ကျမ်းရင်း ကလည်း ဤအကြောင်းရှင်းမထား။ သို့သော် အာဒံ၏ အထီးကျန်ဝေဒနာကို နားလည် ပါရမီ ဖြည့်ပေးသည့် အကြောင်းရင်းဖြစ်မည်ဟု ယူနိုင်၏။

ရှင်ယောဟန်ခရစ်ဝင် ၁း၁၈ - ဘုရားသခင်ကို အဘယ်သူမျှ မမြင် စဖူးသော်လည်း၊ ခမည်းတော်၏ရင်ခွင်၌ရှိသော တစ်ပါးတည်းသော သားတော်သည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။

ရှင်ယောဟန်ခရစ်ဝင် ၈း၄၂ - အကြောင်းမူကား၊ ငါသည် ဘုရားသခင့် အထံတော်မှ ထွက်ကြွရောက်လာ၏။ ကိုယ်အလိုအလျှောက်လာသည် မဟုတ်။ ဘုရားသခင်သည် ငါ့ကိုစေလွှတ်တော်မူ၏။

သုတ္တံကျမ်း ၈း၂၃-၂၅ - မြေကြီးမဖြစ်မီ၊ ရှေ့ဦးစွာသောကာလ၊ အနန္တကာလမှစ၍ ငါသည် ဘိသိက်ခံပြီ။ နက်နဲသော ပင်လယ်မဖြစ်၊ ရေနှင့်ကြွယ်ဝသော စမ်းရေတွင်းမဖြစ်မီ ငါ့ကိုဖြစ်ဖွားစေတော်မူ၏။ တောင်ကြီးမတည်၊ တောင်ငယ်မဖြစ်မီ၊ ငါ့ကိုဖြစ်ဖွား စေတော်မူ၏။

ရောမသြဝါဒစာ ၁း၁၉၊ ၂ဝ - အဘယ်ကြောင့်နည်းဟူမူကား၊ သိအပ် သော ဘုရားသခင်၏ အကြောင်းအရာတို့သည် သူတို့တွင်ထင်ရှားလျက် ရှိ၏။ အဘယ်သို့နည်းဟူမူကား၊ ဖန်ဆင်းသော အရာများကိုထောက်ရှု သဖြင့်၊ ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင် မရသော ဘုရားသခင်၏ အရာတို့သည် ကမ႓ာတည်သည်ကာလမှစ၍ ထင်ရှားလျက်ရှိကြ၏။ ထိုကြောင့် သူတို့သည် ကိုယ်အပြစ်ကိုမဖုံးနိုင်ရာ။

ငါတို့ထုတ်နုတ်ခဲ့သည့် ကျမ်းချက်များကို ပြန်ကြည့်လျှင် သားတော်သည် ခမည်းတော်၏ရင်ခွင်မှလာ၏ ဆိုသည့်အချက် ငါတို့တွေ့ရ၏။ သုတ္တံကျမ်း ၈း၂၅ ၌ “ဖြစ်ဖွား” ဟုဆိုထား၏။ ရှင်ပေါလုမှလည်း ဖန်ဆင်းတော်မူသောအရာတို့သည် တန်ခိုးကြီးမြတ်သော ဘုရားသခင် ရှိတော်မူကြောင်းကိုပြသည်ဖြစ်၍ ငါတို့သည် လက်တစ်လုံးခြား ဆင်ခြေပြစရာမရှိဟု ဆို၏။ 

ဧဝနှင့် ပထမဆုံး မျက်လုံးချင်းဆုံခိုက်တွင် ၄င်းအားပါရမီဖြည့်ပေးနိုင်မည့် လက်တွဲဖော်ကို ပိုင်ဆိုင်ရပြီဖြစ်ကြောင်းသိခဲ့သည့် အာဒံံ့အဖြစ်ကို မည်သူအကုန်အစင် သိနားလည် နိုင်မည်နည်း။ အလိုတော်အတိုင်း လိုက်နာခြင်း၏ အရေးပါပုံကို မြေး၊ မြစ်၊ တီ၊ တွတ် များအထိ သွန်သင်ပေးမည့်၊ ၄င်း၏ မျိုးဆက်ကို ပြန့်ပွားပေးမည့်၊ ၄င်း၏အရိုးထဲက အရိုး၊ အသားထဲကအသားသည် ၄င်း၏ဘေး၌ ခြေစုံရပ်လျက်ရှိပြီ။ သားတော်မ ရှိဘဲ ခမည်းတော်သည်မပြည့်စုံသည့်ပမာ အာဒံသည် လည်းလက်တွဲဖေါ် ဧဝ မရှိဘဲ မဖြစ်နိုင်သည့် နိုင်ငံတော်ကို ဘုရားသခင်တည်ခဲ့၏။ အာဒံ့မျိူးဆက်တို့သည် ဧဝကဲ့သို့သော သက်ရှိ စံနမူနာပြမည့် ပုဂ္ဂိုလ်မျိုး မရှိလျှင်မည်သို့ ပုံချအပ်နှံလိုက် နာကြရမည်ကို သိကြမည်မဟုတ်။

ဇနှီးမောင်နှံဆက်ဆံရေး၌ သန့်ရှင်းမွန်မြတ်ခြင်းရှိ၏။ ဤဆက်ဆံရေးသည် စင်းလုံးချော မှသာ ခမည်းတော်နှင့် သားတော်တို့၏ဆက်ဆံရေးကို ညွှန်းမည်ဖြစ်ပြီး သားတော် ဘုရားအပေါ် မာရ်နတ်၏ စွပ်စွဲချက်တို့သည် မှားကြောင်းကိုလည်း အစဉ်ပြသရာ ရောက်ပါမည်။

၁ ကော ၁၁း၁ဝ - ထိုကြောင့်၊ ကောင်းကင်တမန်များကိုထောက်၍၊ မိန်းမသည် မိမိခေါင်းကို ဖုံးရမည်။

၄င်းနှင့်သားတော်အကြား ဆက်ဆံရေးအကြောင်း ကောင်းကင်တမန်များကို သွန်သင်ရန် ဘုရားသခင်သည် လင်နှင့်မယားပုံစံကို ချပြခဲ့၏။ ရခဲလှသည့်ဘဝ မဟုတ်လော။

ဤအမှန်တရားကို သိပြီဖြစ်ကြသောကြောင့် ထိမ်းမြှားခြင်း၏အနှစ်ကား ငါတို့သည် ခမည်းတော်နှင့်သားတော် အကြားဆက်ဆံမှုကို အတုယူကြရန်ဖြစ်ကြောင်း တွေ့နိုင်၏။ လင်သည် ကောင်းချီး ရင်းမြစ်၊ ဇနီးသည် ကို်းစားအပ်နှံခြင်းကိုပြသူ ပမာဆင်၏။

အာဒံ၊ ဧဝံတို့သည် ထူးမြတ်သော အခွင့်ကို ရကြ၏။ ၄င်းတို့သည် ခမည်းတော်နှင့် သားတော်တို့အတိုင်း နေထိုင်ခဲ့လျှင် ဒုက္ခသစ္စာကို မည်မျှလွှဲဖယ် နိုင်ကြပါမည်နည်း။

https://maranathamedia-myanmar.com/book/view/Wisdom-of-God-BUR