maranathamedia-myanmar.com
စာရေးဆရာ Danutasn Brown
ထုတ်ဝေခဲ့သည် အောက်တိုဘာ 28, 2021
50
ဒေါင်းလုတ်များ 473

အခြားဘာသာစကား

български език English Deutsch 國語 नेपाली

ကမ္ဘာမြေကြီး၏ စည်းစိမ်ဥစ္စာများ အပိုင်စီးနိုင်ရေးနှင့် ဩဇာအာဏာ လွှမ်းမိုးနိုင်ရေးအတွက် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပြိုင်ဆိုင်တိုက်လှန်ရာတွင် ဘုရားသခင်သည် သင့်ကို သူ့လူမျိုးကြီးအဖြစ် ရွေးချယ်ပြီ။ ထို့ကြောင့် သူသည် သင်၏ရန်သူများကို တိုက်ဖျက်ချေမှုန်းကာ သင့်လက်အေက်တွင် သွတ်သွင်းတော်မူမည်ဟု ယုံကြည်စေခြင်းထက် သာ၍ကောင်းသော စိတ်ဓာတ်လှုံ့ဆော်နည်း မရှိပါ။

ထိုကဲ့သို့သော ပုံပြင်များကို ဗြိတိသျှ၊ ဂျာမနီနှင့် အထင်ရှားဆုံးဖြစ်သော အမေရိကန်နိုင်ငံ တို့က အသုံးပြုခဲ့ကြသည်။ ခရစ်ယာန် အမည်ခံယူသော ထိုနိုင်ငံများ၏ သင်ကြားမှုတွင် ဘုရားသခင်အား စစ်ရေးမှူးကြီးတစ်ဦးသဖွယ် ပေါ်လွှင်စေသည့်အတွက် များစွာသော လူတို့က ခရစ်ယာန်ဘာသာကို စစ်မက်လိုလားသော အကြမ်းဖက်ဘာသာအဖြစ် ငြင်းပယ်ရှုတ်ချနေကြသည်။

ဤစာအုပ်ကို ရေးသော စာရေးသူလည်း ခရစ်ယာန်ဘာသာကို အကြမ်းဖက်ဘာသာရေး အဖြစ်ခံယူသူများအနက် တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။ ဘုရားသခင်နှင့် ခရစ်တော်အကြောင်းကို မတူခြားနားသော အမြင်ဖြင့်နားလည်နိုင်ရန် အစပြုပေးသည့် ခရစ်ယာန်တစ်ချို့နှင့် မထင်မှတ်သော နေရာတွင် ဆုံတွေ့သိကျွမ်းခဲ့သည်။ ဤစာအုပ်ငယ်လေးကို မိမိတို့ရည်မှန်းချက် တိုးတက် အောင်မြင်ရေးအတွက် ခရစ်ယာန်ဘာသာကို ခုတုံးလုပ်ကြသော နိုင်ငံများ၏ မှားယွင်းသော စနစ်ကို ဖော်ထုတ်ရန် ရည်ရွယ်ရေးသားထားပါသည်။

ကမ္ဘာကြီးတွင် ဖော်ညွှန်းသရုပ်ဖော်ခဲ့ကြသော ဘုရားသခင်အပေါ် အမြင်များသည် လူများကို နောက်ဆုတ်ထွက်သွားစေသည့် အဓိကအကြောင်းရင်းဖြစ်သည်။ ယေရှုသည် ငြိမ်သက်ခြင်း၏ အရှင်အဖြစ် ဤလောကသို့ ကြွလာခဲ့သည်မှန်လျှင် ခမည်းတော်ဘုရား၊ မှန်သော တစ်ဆူတည်းသော ဘုရားသခင်သည် ငြိမ်သက်ခြင်း၏ ရှင်ဘုရင် ဖြစ်မည်မှန်လျှင် အများထင်ကြသကဲ့သို့ စစ်မက်ဘုရား မဖြစ်နိုင်တော့ပေ။