maranathamedia-myanmar.com
စာရေးဆရာ Niklas Smars
ထုတ်ဝေခဲ့သည် အောက်တိုဘာ 07, 2021
75
ဒေါင်းလုတ်များ 428

အခြားဘာသာစကား

English

သန့်ရှင်းသော ဝိညာဉ်တော်က ဘယ်သူလဲ။ သန့်ရှင်းသော ဝိညာဉ်တော်ဆိုတာ ဘာလဲ။ ဘုရားသခင်နှင့် သူ၏သားတော်သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ဘယ်လိုပတ်သက်သလဲ။ ဝိညာဉ်ဟူသော စကားလုံးသည် အလွန်ကျယ်ပြန်သောကြောင့် အထက်ပါမေးခွန်များကို ဖြေဆိုရန်မလွယ်ကူပါ။ အများစုကလည်း ထိုမေးခွန်းအကြောင်း မလေ့လာရဲကြပေ။ အကြောင်းမှာ အယ်လင်ဝှိုက်က သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပတ်သက်၍ “တိတ်တိတ်နေ ခြင်းသည် သာ၍ကောင်း၏” ဟုပြောခဲ့ပါသည်။ သို့သော်လည်း သူမကိုယ်တိုင်ကမူ သန့်ရှင်းသော ဝိညာဉ်တော်အကြောင်း မကြခဏ ပြောလေ့ရှိပါသည်။ သို့ဖြစ်၍ မည်သည့် အချိန်တွင် တိတ်တိတ်နေ၍၊ မည်သည့်အချိန်တွင် ပြောရမည်နည်း။

ဤစာအုပ်တွင် Niklas Smars က ဤကဲ့သို့သော် မေးခွန်းများကို နိမ့်ချစွာနှင့် ကြင်နာစွာ ဖြေရှင်းထားပါသည်။ ခရစ်တော်၏ ဝိညာဉ်တော်သည် ကျွန်ုပ်တို့၏ နှစ်သိမ့်သူ ဥပဇ္ဈာယ်ဆရာ ဖြစ်ကြောင်း ပိုမိုပြည့်စုံစွာ သိမြင်ခြင်းက သူ့၌ ကြီးမားသော ငြိမ်သက်ခြင်းနှင့် ကောင်းချီးမင်္ဂလာများ ရရှိစေသည်။ စာဖတ်သူလည်း ထိုငြိမ်သက်ခြင်းကို ရရှိခံစားစေရန် ရည်ရွယ်ပါသည်။

“ယုံကြည်ခြင်းအားဖြင့် ကျွန်တော်တို့ ယေရှုကို ကြည့်ရှုစဉ် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် မှောင်မိုက်ကို ဆုတ်ဖြဲသွား၏။ သူ၏ အံ့ဖွယ်မေတ္တာတော်ကြောင့် ဥပဇ္ဈာယ်ဆရာဖြစ်သော ယေရှုကို ကျွန်ုပ်တို့အတွက် ပေးတော်မူသောကြောင့် ဘုရားသခင်ကို ကျွန်ုပ်တို့ မြတ်နိုးရ၏။ (19MR 297-298) 1892

“ကောင်းချီးခံရသော နာမတော် ဥပဇ္ဈာယ်ဆရာအဖြစ် ခရစ်တော်ကို သိရန်ဖြစ်သည်။ (Ms7- 1902) (January 26, 1902) par. 10) EGW

“ယုံကြည်သူအားလုံးအတွက် ခရစ်တော်သည် ဥပဇ္ဈာယ်ဆရာအဖြစ် လာရောက်ခဲ့သည်။ သင့်ယုံကြည်စိတ်ချစိတ်ကို သူခေါ်ဖိတ်နေပါသည်။” (8MR 57.3) 1898