ခရစ်ယာန်နိုင်ငံရေးနှင့် ယေရှု၏ ခရစ်ယာန်ဘာသာ

တင်ထားသည် အောက်တိုဘာ 28, 2021 မှ Danutasn Brown အထဲ၌ ဘုရားသခင်သည်ချစ်ခြင်းမေတ္တာဖြစ်

ခရစ်ယာန်နိုင်ငံရေးနှင့် ယေရှု၏ ခရစ်ယာန်ဘာသာ

သောကြာနေ့၊ သတင်းတွင် ပြောကြားချက်အရ “မျက်စိအတွက် မျက်စိ” ဟူသောကျမ်းပိုဒ် သည် ဒေါ်နယ်ထရမ့်၏ အနှစ်သက်ဆုံး ကျမ်းပိုဒ်တစ်ခုဖြစ်သည်။

WHAM 1180 AM ရေဒီယို အစီစဉ်တင်ဆက်သူ  Bob Lonsberry က ရီပဗ္ဗလီကန်ပါတီ၏ ရေပန်းအစားဆုံး ရွေးကောက်ပွဲ ယှဉ်ပြိုင်သူအား သူ၏အသက်တာ၊ အတွေးအခေါ်ကို လွှမ်း မိုးသော သမ္မာကျမ်းချက် (သို့) ကျမ်းစာပုံပြင်တစ်ခုခု ရှိပါသလားဟု မေးမြန်းခဲ့သည်။

“ဟုတ်ကဲ့၊ အများကြီးရှိပါတယ်။ သမ္မာကျမ်းစာအကြောင်းပြောရရင်တော့ ကျွန်တော် ကြိုက်တာ  အများကြီးရှိပါတယ်။ “မျက်စိအတွက် မျက်စိ” တို့ ဘာတို့ ပြောလို့ရတာပေါ့။ အရမ်းကောင်းတဲ့ အရာတော့ မဟုတ်ဘူးပေါ့ဗျာ။ ဒါပေမယ့်…ကြည့်ကြည့်လိုက်။ ကျွန်တော်တို့ နိုင်ငံမှာ ဘာတွေ ဖြစ်ပျက်နေ လဲဆိုတာ  ကြည့်ကြည့်လိုက်။  လူတွေက  ကျွန်တော်တို့အပေါ်   ဘယ်လို အမြတ်ကြီးစား ခေါင်းပုံဖြတ်နေကြလဲ။ သူတို့ ကျွန်တော်တို့ကို ဘယ်လို လှောင်ပြောင်ကဲ့ရဲ့ကြလဲ။”  https://www.politico.com/blogs/2016-gop-primary-live-updates-and-results/2016/04/trump-favorite-bible-verse-221954

“ကိုယ့်မျက်စိကို ဖျက်လျှင် ကိုယ်မျက်စိဖျက်ခြင်းကို ခံစေ။ သူ့သွားကို ချိုးလျှင် ကိုယ်သွားချိုးခြင်းကို ခံစေဟူသော  ပညတ်စကားကို သင်တို့ ကြားရပြီ။ ငါ့ပညတ်သည်ကား၊  နှောင့်ယှက်သောသူကို မဆီးတားနှင့်။ သင်၏ ပါးတစ်ဖက်ကို သူတစ်ပါးပုတ်လျှင် ပါးတစ်ဖက်ကို လှည့်၍ပေး အုံးလော့။ သင့်အင်္ကျီကို ယူလို၍ တရားတွေ့သောသူအား သင့်ဝတ်လုံကို လည်း ယူစေခြင်းငှာ အခွင့်ပေးဦးလော့။ အကြင်သူသည် သင့်ကိုအနိုင်ပြု     ၍ ခရီးတစ်တိုင်သွားစေ၏။ ထိုသူနှင့်တကွ နှစ်တိုင်သွား ဦးလော့။ တောင်း သောသူအား ပေးလော့။ ချေးငှားလိုသော သူကိုလည်း မငြင်းမပယ်နှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ချစ်လော့။  ရန်သူကို   မုန်းလော့ဟူသော  ပညတ် စကားကို  သင်တို့ကြားရပြီ။  ငါ့ပညတ်သည်ကား၊  သင်တို့သည် ကောင်းကင် ဘုံ၌ရှိတော်မူသော  သင်တို့အဘ၏ သားဖြစ်လိုသောငှာ သင်တို့၏  ရန်သူတို့ ကို  ချစ်ကြလော့။ သင်တို့ကို ကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။ သင် တို့ကို မုန်းသောသူတို့အား  ကျေးဇူးပြုကြလော့။  သင်တို့ကို နှောင့်ယှက်ညှင်း ဆဲသော  သူတို့အဖို့ ဘုရားသခင်ကို  ဆုတောင်းကြလော့။  အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ သည် ကောင်းသောသူ မကောင်း သောသူတို့အပေါ်၌ ကိုယ်တော်၏ နေကို ထွက်စေတော်မူ၏။ ဖြောင့်မတ်သော သူ မဖြောင့်မတ်သော သူတို့အပေါ်၌ မိုးကို ရွာစေတော်မူ၏။” မဿဲ ၅း ၃၈-၄၅

အမေရိကန်၏ နိုင်ငံရေးရာ စကားဝိုင်းကို ထင်ရှားစေသော  မေးခွန်းတစ်ခု၊  အမေရိကန်ကို အပြင်ဘက်မှ လေ့လာသုံးသပ်သူများအား ခေါင်းခြောက်စေသော မေးခွန်းတစ်ခုရှိပါသည်။ ဘာကြောင့် ခရစ်ယာန်ဘာသာဝင် အမေရိကန်နိုင်ငံသားများသည် ဒေါ်နယ်ထရမ့်ကို ထောက် ခံအားပေးကြတာလဲ။  ယေရှုရဲ့ ပုံသက်သေ  လုံးလုံးမဟုတ်တဲ့ သူ့ကို ဘာလို့  ထောက်ခံအား ပေးကြတာလဲ။   ခရစ်ယာန်ဘာသာ၏  ယုံကြည်ချက်များဖြင့်  လွှမ်းမိုးမှု    ကြီးစွာခံရသော အမေရိကန်သည်  တိုင်းတစ်ပါးများနှင့်  ပတ်သက်၍  အလွန်ပြင်းထန်သော  စစ်တပ်ဝါဒကို အဘယ့်ကြောင့်  ထောက်ခံရသနည်း။  တန်ခိုးအာဏာကြီးမားသော  ခေါင်းဆောင်နိုင်ငံ  တစ် နိုင်ငံအတွက် စစ်တပ်ဝါဒတွေ  ဘာလို့လိုအပ်မလဲ။  ကမ္ဘာ့နံပတ်တစ်နိုင်ငံဖြစ်ရန် အမေရိကန် သည် ဘာ့ကြောင့် အရူးအမူးဖြစ်ရသနည်း။

ခရစ်ယာန်အသိုင်းဝန်းတွင် ကြီးမားသော အသိမြင်၊ သဘောထား ကွဲလွဲမှုတစ်ခု ရှိပါသည်။ ကမ္ဘာနှင့်တစ်ဝန်းလုံး အတိုင်းအတာဖြင့် သဘောထားကွဲလွှဲသော အရာလည်း ဖြစ်လာ၏။ ထိုအရာမှာ  သခင်ယေရှု၏ “ရန်သူကို ချစ်ပါ” ဟူသော ငြိမ်းချမ်းရေး  သွန်သင်ချက်နှင့် ဓမ္မ ဟောင်းကျမ်းရှိ   အမျက်ကြီးသော   ဘုရားသခင်၏  ဂလဲ့စားချေခြင်းတို့အကြား  ဆန့်ကျင် ဘက်ဖြစ်မှု ဖြစ်သည်။ တစ်ဦးချင်း အဆင့်တွင်  ခရစ်ယာန်များသည် သဘောကောင်းတတ် ကြပါသည်။  သခင်ယေရှု၏ သွန်သင်ချက် အသက်တာပုံစံတို့ကို လိုက်လျောက်တတ်ကြပါ သည်။ သို့သော်လည်း အများအဆင့်၊ နိုင်ငံအဆင့်တွင်မူ  နိုင်ငံခြားသားများ၊  တစ်ပါးလူမျိုး များအပေါ်တွင် ဓမ္မဟောင်းကျမ်းရှိ ဘုရားသခင်၏ စိတ်သဘောထားကဲ့သို့သော သည်းမခံ တတ်သည့် သဘောထားမျိုး ထွက်လာရပြန်သည်။  သခင်ယေရှု၏ သွန်သင်ချက်များသည် ကျွန်ုပ်တို့နေ့စဉ် အသက်တာတွင် ထိတွေ့ဆက်ဆံရသည့် သူများအပေါ်တွင်သာ ကျင့်သုံးရ မည့်အရာနှင့် တူလာသည်။ ဘုရားသခင်၏ အမျက်ဒေါသသည် သူ့ကိုမသိသော တိုင်းနိုင်ငံ များ၊ ဘာသာခြား ကိုးကွယ်သူများအတွက် တမင်ရည်ရွယ်ထားသည့် အရာကဲ့သို့  ဖြစ်လာ သည်။ ဓမ္မဟောင်းကျမ်းရှိ  ဘုရားသခင်သည် သူ၏ရန်သူများကို သတ်ဖြတ်၊ ချေနင်းရုံမက လူမျိုးတုန်းသတ်ဖြတ်သည့် ဘုရားမဟုတ်ပါလား။  ကမ္ဘာတွင် အကျော်ကြားဆုံး ဘာသာမဲ့ ဝါဒီတစ်ဦးဖြစ်သော Richard Dawkins က  ထိုကဲ့သို့ တွေး၏။

 “ဓမ္မဟောင်းကျမ်းက ဘုရားသခင်ဟာ စိတ်ကူးယဉ်စာအုပ် အားလုံးထဲမှာ မနှစ်မြုပ်ဖွယ်ရာ အကောင်းဆုံး ဇာတ်ကောင်ဖြစ်ပါတယ်။ မနာလို သဝန်တိုတတ်တယ်။ မာနကြီးတယ်။ သ ဘောထား  သေးသိမ်တယ်။  တရာမျှတမှု  မရှိဘူး။  ခွင့်မလွှတ်နိုင်တဲ့သူ  လည်းဖြစ်တယ်။ လက်စားချေလိုတဲ့သူ၊ သွေးဆာပြီးတော့ လူမျိုးငယ်တွေကို အပြတ်ရှင်းထုတ်တတ်တဲ့သူ၊ မိန်မမုန်းတဲ့သူ၊ လိင်တူဆက်ဆံရေးကို ဆန့်ကျင်တဲ့သူ၊ လူမျိုးရေး ခွဲခြားတဲ့သူ၊ ကလေးလူ သတ်မှုကျူးလွန်သူ၊  လူမျိုးဖြုန်း သတ်ဖြတ်သူ၊  သွေးသားအရင်းကို သတ်တဲ့သူ၊ ကူးစက် ရောဂါဖြစ်စေတဲ့သူ၊ စိတ်ကြီးဝင် ရောဂါရှိတဲ့သူ၊ သူတစ်ပါးကို နှိပ်စက်ခြင်းဖြင့်သော်လည်း ကောင်း နှိပ်စက်ခံခြင်းဖြင့်သော်လည်းကောင်း ကာမသာယာသူ၊ အကြောင်းရင်းမရှိ ရုတ်တ ရက် သူတစ်ပါးကိုမကောင်းကြံကာ အနိုင်ကျင့်တဲ့သူ ဖြစ်ပါတယ်။”

စာဖတ်သူသည်  ခရစ်ယာန်မဟုတ်သောကြောင့်  အထက်ကအချက်များကို  လက်ခံသည် ဖြစ်စေ၊  စာဖတ်သူသည်  ခရစ်ယာန်ဖြစ်သောကြောင့်  ဤစာအုပ်ငယ်ကို  ရွံရှာ၍ လွင့်ပစ် ချင်လာသည်ဖြစ်စေ  ဘာမှမလုပ်သေးဘဲ  စိတ်ရှည်စေချင်ပါသည်။   ဓမ္မဟောင်းကျမ်းရှိ အဖြစ်ပျက်များကို နားလည်နိုင်ရန် အခြားနည်းလမ်းတစ်ခု ရှိသေးသည်ဟု ကျွန်တော်တို့ ယုံကြည်ပါသည်။ သခင်ယေရှုက ဓမ္မဟောင်းကျမ်းကြည့်ရာတွင် အသုံးပြုရမည့် မျက်မှန် ကို ပေးထားပါသည်။ သို့သော် ကျွန်တော်တို့ လေ့လာသည့်အခါ၊ စိတ်သဘောထား နိမ့်ချမှု၊ စိတ်ရှည်ခြင်း၊ စာနာသနားတတ်မှုတို့ ရှိရန်လိုအပ်ပါသည်။  ကျွန်ုပ်တို့ကို အချိန်မရွေး သတ် ရန် အသင့်ရှိသောသူဟု ကျွန်တော်တို့ တွေးထင်ကြသော ကျွန်ုပ်တို့အထက်ရှိ  တန်ခိုးရှင်၏ စိတ်ဒုက္ခ၊ စိတ်ဒဏ်ရာများ အကြောင်းကိုသာ သဘောပေါက်မည်ဆိုလျှင် ကျွန်ုပ်တို့အတွက် ကောင်းချီးမင်္ဂလာ ဖြစ်သွားနိုင်ပါသည်။ အရေးကြီးသောအချက်မှာ ယေရှုကောင်းကင်တက် ကြွပြီး ဖူးမြော်သည့် ဘုရားသခင်သည် ထိုကဲ့သို့သော ဘုရားဖြစ်နိုင်ပါမလား။ Richard Dawkins သိသော  ဘုရားသည်  လူသားများအနေဖြင့်  သူတို့စိတ်ကူးထဲတွင်  ပုံဖော်သော ဘုရားသာဖြစ်သည်။ ဘုရားသခင်၏  စစ်မှန်သော  ဂုဏ်တော်မဟုတ်ပါ။  ဤလေ့လာမှုဖြင့် ကျွန်ုပ်တို့၏ စစ်မှန်သော စရိုက်၊ လက္ခဏာများနှင့် ဘုရားသခင်၏ စစ်မှန်သော စရိုက်၊လက္ခ ဏာများကို  သိမြင်လာရန်  ကျွန်တော်  မျှော်လင့်ပါသည်။ ကျွန်ုပ်တို့သည် ချွတ်ယွင်းမှုများနဲ့ ပြည့်နှက်နေ၏။  မေ့လျော့တတ်၏။  ကြောက်လန့်တတ်၏။  ဘုရားသခင်သည်  သနားခြင်း ကရုဏာတော်နဲ့  ပြည့်စုံ၏။ စာနာထောက်ထားတတ်၏။  လူသားအားလုံးကို ချစ်ခင်၏။ ဤ စာအုပ်အားဖြင့် လူ့စရိုက်၊လူ့ဇာတိ၊လူ့ပန်းတိုင်စသည့် လူသားတို့၏အခြေနေကို ပိုမိုကောင်း မွန်စွာ နားလည်လျှက် ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်နှင့် ပြန်လည်သင့်မြတ်နိုင်ရန် ကျွန်တော်မျှော် လင့်ပါသည်။

ဆက်လက်ဖတ်ရှု့ရန် https://maranathamedia-myanmar.com/book/view/in-gods-name-burmese