ကာကွယ်စောင့်ရှောက်သော ဘုရား

တင်ထားသည် ဩဂုတ် 05, 2021 မှ Gary Hullquist အထဲ၌ ဘုရားသခင်သည်ချစ်ခြင်းမေတ္တာဖြစ်

ပုံပြင်အဖြစ်အပျက်- ယုဒရှကာရုတ်အကြောင်း

လူစီဖာ၏စိတ်ကို ယုဒရှကာရုတ်၏ အသက်တာတွင် တွေ့နိုင်ပါသည်။ ယုဒရှကာရုတ်သည် ရည်းမှန်းချက်ကြီးသူ ဖြစ်သည်။ ယေရှု၌ သူ့လို ရည်မှန်းချက်ကြီးခြင်းမျိုး မရှိသည်ကို တွေ့ရသောအခါ သူစိတ်ပျက်ခဲ့သည်။ ထို့ကြောင့် သူသည် သခင်ယေရူကို မေရှိယကဲ့သို့ ပြုမူရန် လိုအပ်မည့် အခြေနေသို့ တွန်းအားပေးမည့်အစီစဥ်ကို လုပ်ဆောင်ခဲ့သည်။ ယုဒရှကာရုတ်သည် သူ့၏အလွန်ထက်သောဗျူဟာအတွက် ဂုဏ်တင်ခြင်းခံရပြီး၊ သူရဲကောင်းတစ်ဦးအဖြစ်

ကြေငြာခြင်း ခံချင်ခဲ့သည်။ သခင်ယေရှုသည် သူနှင့် ပူးပေါင်းဆောင်ရွက်ရန်မပြုခဲ့လျှင်၊ သူက ဘာပဲဖြစ်ဖြစ် မေရှိယဖြစ်မှာမဟုတ်။ တစ်နည်းအားဖြင့် ယုဒသည် ငွေ ၃၀ ပိုချမ်းသာလိမ့်မည်။ သူ့၌ အရှုုံးမရှိ။

သို့သော် ယုဒရှကာရုတ်သည် သခင်ယေရှု၏စိတ်တော်ကို မသိခဲ့ပါ။ သခင်ယေရှုသည် မိမိကိုယ်ကို ဂုဏ်သတင်းမရှိကြောင်းပြပြီး၊ အစေခံတစ်ဦးအသွင်ယူကာ ပြုမူသောအခါ ၁၂ သူ၏အပြုမူသည် လူစီဖာကိုပင် အံ့အားသင့်စေခဲ့သည်။ ဘုရားသခင်ဘက်မှ ထိုသို့ပြုမူလိမ့်မည်ဟု သူတို့တစ်ဦး တစ်ယောက်မျှ မျှော်လင့်မထားခဲ့ကြချေ။ စာတန်သည်လည်း ဤကဲ့သို့ လုံးဝမစဉ်းစားမိခဲ့ပေ။ ထိုကဲ့သို့သော အပြုမူသည် သူ့အတွက် စိမ်းနေပြီး ရွံစရာဖြစ်နေသည်။ ဘုရားသခင်၏သားတော်သည် မိမိကိုယ်ကို နှိမ့်ချလိမ့်မည်ဟု သူ မစဉ်းစားနိုင်ခဲ့ပါ။ ဘုရားသခင်သည် ရှုံးနိမ့်မှု၌ အောင်ပွဲခံနိုင်ကြောင်း သူ၏တစ်ကိုယ်ကောင်းဆန်သော ဦးနှောက်ထဲသို့ တစ်ခါမျှမဝင်ဖူးပါ။ သခင်ယေရှုသည် သေခြင်းဖြင့် ဘီလီယံချီသောလူသားများအတွက် အသက်ယူဆောင်ပေးနိုင်ခဲ့သည်။ ၎င်းသည် လူစီဖာအတွက် ရူးသွမ်စရာဖြစ်သည်သာမက အံ့အားသင့်စရာလည်း ဖြစ်နေသည်။ စာတန်တွေးထားသည်မှာ သူသည်ဘုရားသခင်ကို ဒုက္ခပေးခဲ့သလို ဘုရားသခင်က သူ့ကို ဒုက္ခဘေးန္တရယ်ပေးလိမ့်မည်ဟူ၍ ဖြစ်သည်။ သို့သော် သူ့အထင်သည် မှားယွင်းခဲ့ပါသည်။

“သင်၏နှုတ်ကို ဒုစရိုက်၌အပ်နှံ၍၊ သင်၏လျှာဖြင့်မုသာကို စီရင်တတ်၏။… ထိုသို့ ကျင်၍ ငါသည် တိတ်ဆိတ်စွာနေသောကြောင့်၊ ငါကို သင်နှင့်တူသည်ဟု ထင်လေပြီတကား။” ၁၃

ထို့ကြောင့် ဘုရားသခင်၏ အကြံစည်သည် ကျွန်တော်တို့၏ အကြံစည်နဲ့မတူပါ။ (ဟေရှာယ ၅၅း၈)- သူသည် ကျွန်တော်တို့ စဉ်းစားသလို မစဉ်းစားပါ။

ချစ်ခြင်းမေတ္တာ၏အသွင်အပြင်

ထို့နောက် ယုဒရုကာယုတ်သည် ယေရှု စော်ကေားအနိုင်ကျင့်မှု ခံယူသည်ကို တွေ့ရသောအခါ စိုးရိမ်ပူပန်လာခဲ့သည်။ ထို့နောက် လိပ်ပြာမသန့်ဖြစ်လာပြီး အလွန်အမင်းစိုးရိမ်လာခဲ့သည်။ ခရစ်တော်သည် အပြစ်မဲ့ကြောင်းနှင့် သူသည် ခရစ်တော်ကို သစ္စာဖောက်မိကြောင်း ကြွေးကြော်ခဲ့သော်၊ ယဇ်ပုရောဟိတ်များက သူ့ကို အထင်သေးသောအကြည့်များနှင့် ကြည့်ခဲ့ကြသည်။ သို့သော် ကယ်တင်ရှင်ကမူ သနားသဖြင့် ဝမ်းနည်းသော အကြည့်ဖြင့် သူ့ကို ကြည့်ခဲ့သည်။ ကယ်တင်ရှင်၏ ထိုအကြည့်သည် ပေတရုကို ရင်ကွဲနာကျလျက် နောင်တတရား ရစေခဲ့သော အကြည့်ဖြစ်သော်လည်း၊ ယုဒရှကာယုတ်ကမူ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ပါသည်။ ထိုနည်းတူစွာပင် ဘုရားသခင်သည် ရွေးနုတ်ခံရသောသူများနှင့် ပျောက်ဆုံးသောသူများအပေါ် တန်းတူညီစွာ ဆက်ဆံပါသည်။

ကာကွယ်စောင့်ရှောက်သော ဘုရား

ဘုရားသခင်၏မေတ္တာ၊ဒေါသကို ပျက်စီးယိုယွင်းတတ်သော ဖန်ဆင်းခြင်း အရာများအတွက် သနားကြင်နာစွာဖြင့် ကွယ်ကာပေးခြင်း အဖြစ်လည်း ဖော်ပြထားသည်ကို တွေ့ရပါသည်။  ဓမ္မဟောင်းအချိန်တွင် ဘုရားသခင်သည် ကာကွယ်စောင့်ရှောက်သော ဘုရားသခင်ဖြစ်သည်။ အိမ်တစ်အိမ်စီတွင် သိုးသငယ်ကိုပူဇော်ပြီး တံခါးကို အသွေးဖြင့်သုတ်ထားရန် မောရှေအား သူညွှန်ကြားခဲ့သည်။ “တံခါးထုပ်နှင့် တံခါးတိုင်နှစ်ဘက်၌ရှိသော အသွေး ကိုမြင်သောအခါ၊ ထာဝရဘုရားသည် တံခါးကို လွန်သွားတော် မူမည်၊ ဖျက်ဆီးသောသူသည် သင်တို့ကို ဒဏ်ခတ်ခြင်းငှာ၊ အိမ်ထဲသို့ ဝင်ရ သောအခွင့်ကိုပေးတော်မမူ။” ထွက်မြောက်ရာ ကျမ်း ၁၂း ၂၃။ “ ကယ်တင်ရှင်၏ ကွယ်ကာပေးခြင်း အမှတ်လက္ခဏာဖြစ်သော အသွေးကို သူတို့ အိမ်တံခါးထုပ်ပေါ်တွင် သုတ်ထားသောကြောင့် ဖျက်ဆီးသောသူသည် လွန်သွားခဲ့ပါသည်။”၁၄

ဖျက်ဆီးသောသူ

တောလည်ရာကျမ်း ၂၁း၆ တွင် မှတ်တမ်းတင်ထားသည်မှာ “ထိုအခါ ထာဝရဘုရားသည်၊ ဣသရေလအမျိုးသားတို့တွင် မီးမြွေများကို စေလွှတ်တော်မူ၍၊…” သို့သော် မြွေများသည် အချိန် တိုင်း ထိုနေရာတွင် ရှိနှင့်ခဲ့သည်ကိုလည်း ကျွန်ပ်တို့အားအသိပေးထားပါသည်။၁၅ ဣသရေလလူ မျိုးတို့သည် ညည်းညူခြင်းဖြင့် ဘုရားသခင်အတူပါရှိခြင်း၏ သက်သေကို ငြင်းပယ်သောအခါ၊ ဘုရား၏ ကွယ်ကာသောလက်ကို အတင်းဖယ်ရှားခိုင်းသလိုဖြစ်လာပြီး၊ သူတို့သည် သဲကန္တာရ၏ သဘာဝ ဘေးအန္တရာယ်များနှင့် ရင်ဆိုင်ခဲ့ရသည်။ ထို့ကြောင့် ရှင်ပေါလုပြောသည်မှာ ‘သူတို့သည် ညည်းတွားမြည်တမ်းကြသောအခါ ဖျက်ဆီးသောသူသည် သူတို့ကို ဖျက်စီးခဲ့၏။’၁၆              ကောင်းကင်တမန်များက အကြိမ်ပေါင်းများစွာ “ဖျက်ဆီးသူ၏ရည်ရွယ်ချက်ကို ပျက်ပြားစေကြောင်း၊ ဖျက်ဆီးသူ၏ ဒဏ်ချက်ကို ဖယ်ရှားပေးခဲ့ကြောင်းကို”၁၇ ကျွန်ပ်တို့ ဖတ်ရှုရသည်။

၎င်းသည် စာတန်၏ထိန်းချုပ်မှုအောက်တွင် အပြည့်အဝမရောက်စေရန် လူသားတို့အား ကာကွယ်ပေးသော ဘုရား သခင်၏ထိန်းချုပ်သောတန်ခိုး ဖြစ်သည်။… သို့သော် လူတို့သည် ဘုရားသခင်၏ ကာကွယ်ထိန်းချုပ်ခြင်း ကန့်သတ်ချက်ကို ကျော်လွန်သွားသောအခါ၊ ၎င်းအထိန်းသည် ဖယ်ရှားပစ်ခြင်း ခံရသည်။ ဘုရားသခင်၏ပညတ်တော်ကို လွန်ကျူးမှုတိုင်းသည် ပျိုးထားသော မျိုးစေ့ဖြစ်ပြီး၊ ၎င်းသည် မလွဲမသွေ ရိတ်သိမ်းချိန်ကာလကို ဖြစ်ထွန်းစေသည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် အမြဲလိုလို ခုခံတွန်းလှန်ခြင်းခံရပြီး၊ နောက်ဆုံးတွင် အပြစ်သားများထံမှ နှုတ်ထွက်သွားသည်။ ထိုအချိန်တွင် စိတ်ဝိညာဉ်၏မကောင်းသော ကိလေသာများကို ထိန်းချုပ်ရန် တန်ခိုးမရှိတော့ပါ။ စာတန်၏မုန်းတီးခြင်းနှင့် ရန်ငြိုးထားခြင်းမှ အကာအကွယ်မရှိတော့ပေ။ ၁၈

လက်စားချေခြင်းသည် ဘုရားသခင်ထံမှလာသော အာဏာဆန်သောတန်ခိုး၏ လုပ်ဆောင် ချက်မဟုတ်ပါ။ သို့သော် သူ့၏ ကရုဏာတော်ကို ငြင်းပယ်သောသူများသည် သူတို့စိုက်သည့်အတိုင်း ရိတ်သိမ်းကြရမည် ဖြစ်သည်။

ဘုရားသခင်သည် အသက်၏မူလအုတ်မြစ်ဖြစ်သည်။ လူတစ်ယောက်သည် အပြစ်တရားကို ရွေးချယ်လိုက်လျှင် သူသည် ဘုရားထံမှ ဝေးကွာသွားသည်။ ထို့ကြောင့် မိမိကိုယ်ကို အသက်မှ ဖြတ်တောက်ပစ်ခြင်းဖြစ်သည်။ သူတို့သည် မိမိတို့စရိုက်လက္ခဏာများကို ပြုပြင်တိုးတက်စေပြီး၊ သူတို့၏ သဘောထားများကို ဖော်ပြနိုင်ရန် အချိန်အတိုင်းတာတစ်ခုထိ ဘုရားသခင် သူတို့ကို တည်ရှိစေသည်။ အချိန် ပြီးမြောက်၊ ပြည့်စုံသောအခါ သူတို့သည် မိမိတို့ကိုယ်ပိုင်ရွေးချယ်မှု၏ရလဒ်များကို လက်ခံရရှိသည်။ ၁၉

ကျွန်ပ်တို့သည် သူ့ကိုလက်ခံခွင့်ပြုလျှင်၊ ဘုရားသခင်သည် ဖျက်ဆီးသောသူထံမှ ကာကွယ် ပေးမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် သူ့ကိုလက်ခံခွင်မပြုလျှင်၊ ထိုအကာအကွယ်ကို လက်မခံ သောကြောင့် ကျွန်ုပ်တို့၏ ရွေးချယ်မှုကို သူအသိမှတ်ပြုပြီး၊ သူ့၏လက်တော်ကို ရုပ်သိမ်း လိုက်သည်။ ထို့အတူ ရှင်ပေါလုပြောသည်မှာ- “ကျွန်ုပ်တို့၏အပြစ်ကျူးလွန်သောနှလုံးသားကို ကိုယ်တော်သည် အခွင့်ပေးလိုက်ရသည်။” ၂၀

“ဘုရားသခင်သည် အပြစ်သားအပေါ် ကွပ်မျက်သူတစ်ယောက် ကဲ့သို့ ရှိမနေပါ။ သို့သော် သူ၏ကျေးဇူးဂရုဏာကို ငြင်းပယ်သောသူတို့အား သူတို့သဘောအတိုင်း ထားပြီး၊ သူတို့စိုက်သည့်အ တိုင်း သူတို့ ရိတ်ကြရန်သာ ဖြစ်သည်။”၂၁ “ရှေးဣသရေလူမျိူးများသည် ဘုရားသခင်အပေါ်သစ္စာရှိပြီး၊ သူ့၏ ပညတ်တော်ကိုလည်း စောင့်ထိန်းကြသည့် အချိန်တွင် သူတို့ကို ဆန့်ကျင့်ပြီး အောင်နိုင်သောအရာ ဤကမ္ဘာတွင် မရှိခဲ့ပေ။ သို့သော် သူတို့သည် ဘုရားသခင်၏ ပညတ်တရားများကို ချိူးဖောက်ခဲ့ကြသောအခါတွင် မိမိတို့ကိုယ်မိမိ ဘုရားထံမှ ဝေးကွာစေပြီး၊ ဖျက်ဆီးသောသူ၏ အာဏာတန်ခိုး လက်အောက်သို့ ကျရောက်ခဲ့ကြသည်သာ ဖြစ်သည်။ ၂၂

https://maranathamedia.com/book/view/loving-wrath-of-god