၁၉။ ငါတို့အပြစ်ကြောင့် အနာတရဖြစ်

တင်ထားသည် စက်တင်ဘာ 16, 2021 မှ Adrian Ebens အထဲ၌ ဘုရားသခင်သည်ချစ်ခြင်းမေတ္တာဖြစ်

၁၉။ ​၁၉။ ငါတို့အပြစ်ကြောင့် အနာတရဖြစ်

အဖြစ်အပျက်သည် မတွေးနိုင်သည့်အထိ ချောက်ချားဖွယ် ဖြစ်ခဲ့ပေမည်။ လူ၊ သတ္တဝါ အားလုံး ကိုယ့်အသက်အတွက် လုပြေးနေကြ၏။

“နောဧအသက်ခြောက်ရာစေ့သောနှစ်၊ ဒုတိယလ၊ ဆယ်ခုနစ်ရက်နေ့တွင်၊ ကြီးစွာ သော နက်နဲရာ ရေပေါက်ရေတွင်းတို့၏ အဆီးအတားရှိသမျှကို ပယ်ရှင်း၍၊ မိုဃ်း ကောင်းကင်ပြွန်၀များကို ဖွင့်သဖြင့်၊ (၁၂) အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ် မှာ မိုဃ်းရွာလေ၏။” - ကမ္ဘာဦးကျမ်း ၇:၁၁၊ ၁၂

ကမ္ဘာကြီးကို ရေလွှမ်းမိုးသည့်ဖြစ်စဉ်သည် အများတွက် စိတ်မအေးစရာဖြစ်၏။ ဘုရား၏ မေတ္တာတော် လက်ပန်းကျပြီဖြစ်ကာ ဆက်လက်၍ မဖေးမ,တော့ဘဲ သန်းများစွာတို့သည် ရေတွင် ပါကြမည်ဖြစ်၏။ မေတ္တာရှင် ဘုရားသခင်သည် အကယ်ပင် ဤသို့ပြုပါမည် လော။ ဤအဖြစ်သည် အများစုအတွက် ပဟေဠိဖြစ်၏။

ဘုရားသခင်၏တရားစီရင်မှုအကြောင်း ငါတို့ရှုကွက်ဆင်းသည့်အခါ လက်ဝါးကားတိုင်၌ အသေခံခဲ့သည့်ဖြစ်စဉ်ကို ငါတို့အမှတ်ရရမည်ဖြစ်၏။ အကြောင်းမှာ လက်ဝါးကားတိုင် သည် ဘုရားသခင်၏ တရားစီရင်ပုံကိုပြ၏။ လက်ဝါးကားတိုင်၌ စတေးခံမှုသည် သမ္မာ ကျမ်းစာရှိ တရားစီရင်မှုခပ်သိမ်းကို သိနားလည်စေမည့် သော့ချက်ဖြစ်၏။ ယေရှုဘုရား သည် တစ်ကမ္ဘာလုံး၏ အပြစ်ကို ဦးရွက်ရသည့်ဝန်၊ ထို့ပြင် ၎င်းကို သတ်လိုကြသည့် ဆန္ဒ များကလည်း ၎င်းကိုထုထောင်း၏။ အပြစ်က ယေရှုဘုရားကိုသတ်၊ အပြစ်က ပုထုဇဉ် များကိုသတ်၏။ လူအများက ဘုရား၏အမျက်က ခရစ်တော်ကိုသတ်သည်ဟု မှတ်ခြင်း သည် ပြဿနာဖြစ်၏။ အနှီအကြောင်း ဟေရှာယကျမ်း၌ ဗျာဒိတ်ခဲ့၏။

“မထီမဲ့မြင်ပြုခြင်းကို ခံ၍၊ လူတို့တွင် အယုတ်ဆုံးသော သူဖြစ်၏ ငြိုငြင်သောသူ၊ နာကြဉ်းခြင်းဝေဒနာနှင့် ကျွမ်းဝင်သောသူဖြစ်၏။ သူတစ်ပါးမျက်နှာလွှဲခြင်းကို ခံရသော သူကဲ့သို့ဖြစ်၏။ မထီမဲ့မြင်ပြုခြင်းကို ခံလျက်ရှိ၍၊ ငါတို့သည် မရိုသေကြ။ (၄) သို့သော်လည်း၊ ထိုသူသည် ငါတို့အနာရောဂါဝေဒနာများကို ယူတင်ဆောင် ရွက်လေ၏။ ဒဏ်ခတ်တော်မူခြင်းကို၎င်း၊ ဘုရားသခင်ဆုံးမ၍ နှိမ့်ချတော်မူခြင်း ကို၎င်း ခံရသောသူဖြစ်သည်ဟု ငါတို့သည် ထင်မှတ်ကြပြီ။” - ဟေရှာယ ၅၃:၃၊ ၄

ဘုရားသခင်က ခရစ်တော်ဘုရားကို လက်ဝါးကားတိုင်၌ ဒဏ်ရိုက်ခဲ့သည်ဟု ငါတို့မှတ် လျှင် ကျမ်းစာလာ အပြစ်သားများကို စီရင်ပုံခပ်သိမ်းသည် ဘုရားက ၎င်းတို့ကို ဒဏ်ရိုက် သည်ဟု မှတ်ရတော့ပေမည်။ ကမ္ဘာကြီးရေလွှမ်းမိုးသည့်ဖြစ်စဉ်ကို ဂရုတစိုက်လေ့လာ ကြအံ့။

ပုဂ္ဂိုလ်တစ်ဦးသည် ကုန်တိုက်သို့သွားပြီး ပိုင်ရှင်အား ၎င်း၏လုပ်ငန်းတွင် စုတ်ဝင်မည် သတင်းပေးအံ့။ “သင့်လုပ်ငန်းနှင့် သင့်မိသားစုအပေါ် အန္တရာယ်ကျမည်” ဆိုအံ့။ “ငါတို့၏ အကွယ်အကာတွင်မနေလျှင် ဘယ်အရာကမျှ တားဆီးနိုင်မည်မဟုတ်၊ အမှန်တကယ် လွတ်မြောက်လိုသူများအတွက် ငါတို့ သင်္ဘောစီစဉ်ထား၏” ဟု ဆက်အံ့။ ထိုအန္တရာယ်မှ လွတ်နိုင်ရန် ဆိုင်ပိုင်ရှင်ကို တင်ကြိုသတိပေးရန်လာခြင်းဖြစ်ကြောင်း ပြောအံ့။ ထိုသူ၏ အကူအညီကို လက်ခံခြင်းဖြင့် ၎င်းသည် ထိုအကူအညီကို လက်မခံသူများ ကြုံရမည့် အန္တရာယ်မှ လွတ်မည်ဖြစ်၏။ ဆိုင်ရှင်အား ၎င်း၏သတင်းပေးမှုကို လက်ခံရန်နားချ၏။ “သင်နှင့် သင့်မိသားစုအပေါ် အန္တရာယ်မကျစေလိုပါ။ အန္တရာယ်ကျခဲ့လျှင် ငါတို့ အလွန် ဝမ်းနည်းရပါမည်။” ထို့ကြောင့် ထိုပုဂ္ဂိုလ်က ၎င်း၏ကွယ်ကာစောင်မ,မှုကို လက်ခံရန် ဆိုင်ပိုင်ရှင်အား တိုက်တွန်း၏။

အကယ်၍ ထိုပုဂ္ဂိုလ်သည် ၎င်းနှင့်မဆိုင်သည့် အဖွဲ့၏အန္တရာယ်မှ ကာကွယ်ပေးခြင်းဖြစ် လျှင် ၎င်းသည် လုံခြုံရေးဗန်းပြ ဒုစရိုက်ဖြစ်၏။ ၎င်း၏အဖွဲ့မှမြစ်ဖျားခံမည့် အန္တရာယ်ကို ကာကွယ်ပေးလျှင် ခြောက်လှန့်မှုမြောက်၏။ ဤအဖြစ်သည် လူတစ်ဦး၏ အဇ္ဈတ္တကို ခြောက်လှန့်မှုဖြင့် ဖိအားပေးခြင်းဖြစ်၏။

လာဘ်ပေးမည့်သူသည် ကရုဏာကိုငြင်းဆန်သူများကို စုတ်ပေးမည့်သူဖြစ်နိုင်သလော။

ကျမ်းစာလာ ကမ္ဘာကြီးရေလွှမ်းမိုးခြင်းအကြောင်းသည် ခြောက်လှန့်မှုလော။ ဘုရားသခင် သည် ၎င်း၏သတိပေးချက်ကို နာခံသူများကို ကာကွယ်၊ မနာခံသူများကို သတ်သလော။

“ထိုအခါ ဘုရားသခင်သည်၊ နောဧအား မိန့်တော်မူသည်ကား၊ သတ္တဝါအပေါင်းတို့ ၏အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မမှု နှင့်ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့်တကွ သူတို့ကို ငါဖျက်ဆီး [H7843] မည်။ (၁၄) ဂေါဖရသစ်သားဖြင့် သင်္ဘောကို ကိုယ်ဘို့ တည်လုပ်လော့။ အထဲ၌ လည်း အခန်းများကို လုပ်လော့။ အတွင်း၊ ပြင်၊ ပတ်လည်ကို ထင်းရူးစေးနှင့် သုတ်လော့။” - ကမ္ဘာဦးကျမ်း ၆:၁၃၊ ၁၄

ကမ္ဘာကြီးသည် ဆိုးသွမ်းမှုနှင့် ပြည့်နှက်၏ဟု ကျမ်းစာ၌လာ၏။ ထိုအကြောင်းခံတရား သည် ၎င်းတို့ကို ဖျက်ဆီးထိုက်သလော။ ထိုသို့ ခြေကုတ်ယူလျှင် သူတော်ယောင် မဆန် ပေလော။

“ဖျက်ဆီး” ကို ဟေဗြဲပါဠိ၌ကြည့်လျှင်။     ။

H7843: စကားရင်း; ဆွေးမြေ့ရန်၊ ဆိုလိုသည်မှာ (ကာရိုက်ကြိယာအရ) ပျက်စီး သည် (တိုက်ရိုက်ယူ (သို့) ဥပမာ): — ထုနှက်သည်၊ ဖြုတ်သည်၊ ခြစား (လူ/ပစ္စည်း)၊ ဖျက်ဆီး (သူ/ ခြင်း)၊ ဆုံးရှုံးသည်၊ ရုပ်ပျက်စေသည်၊ တစ်စစီဖြစ်၊ ဖျက်သူ၊ လုံးလုံးပျက်စီး၊ ဖြုန်း (သူ)။

အငယ် (၁၃) မတိုင်မီများတွင် အနှီဝေါဟာရကိုပင် သုံးခဲ့၏။

“ထိုအခါ မြေကြီးသည် ဘုရားသခင့်ရှေ့မှာ ပုပ်စပ်[H7843]လျက်ရှိ၏။ မြေကြီး သည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏။ (၁၂) ဘုရားသခင်သည် မြေကြီးကို ကြည့်ရှု သောခါ၊ ပုပ်စပ်[H7843]လျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖောက်ပြန်[H7843]ခြင်းသို့ ရောက်ကြပြီ။” - ကမ္ဘာဦးကျမ်း ၆:၁၁၊ ၁၂

ကမ္ဘာဦးကျမ်း ၆:၁၃ ၌ သုံးသည့် ဟေဗြဲပါဠိကို ဘာသာပြန်သူများ သုံးခဲ့သည်အတိုင်း “ဖျက်ဆီး” ဟု သုံးလျှင် အောက်ပါအတိုင်း ဖြစ်လာပေမည်။     ။

“ထိုအခါ မြေကြီးသည် ဘုရားသခင့်ရှေ့မှာ ပျက်စီး လျက်ရှိ၏။ မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏။ (၁၂) ဘုရားသခင်သည် မြေကြီးကိုကြည့်ရှုသောခါ၊ ပျက်စီး လျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား မြေကြီးပေါ်မှာ လူ အပေါင်းတို့သည် ၎င်းတို့၏လမ်းကို ဖျက်ဆီး ကြ၏။” - ကမ္ဘာဦးကျမ်း ၆:၁၁၊ ၁၂

ကမ္ဘာကြီးသည် ပျက်စီးပြီးသားဟုမှတ်ရခြင်းမှာ ပုထုဇဉ်တို့၏ ကြံစည်မှုသည် ခြစား၊ ပျက်စီးကုန်ကြ၍ ဖြစ်၏။ လူသည် ရမ်းကားလာတော့၏။ ထိုကာလတွင် ကမ္ဘာကြီးသည် မာရ်နတ်၏စရိုက်ကို အဟန့်မရှိပြကုန်၏။ သမ္မာကျမ်းစာတော်မြတ်က အနှီရမ်းကားမှု၏ ရင်းမြစ်ကို ပြတော်မူ၏။     ။

“သို့ရာတွင်၊ ကုန်သွယ်ခြင်း များပြားသောအားဖြင့်၊ အဓမ္မအမှုတို့နှင့် ပြည့်စုံ၍ ပြစ်မှားသေ အပြစ်ရောက်လေပြီ။” - ယေဇကျေလ ၂၈:၁၆

အနှီသည် သမ္မာကျမ်းလာ အဓမ္မမှုမကျင့်သူ ခရစ်တော်ဘုရားနှင့် လားလားကွာခြား၏။

ပြစ်မှားခြင်းကို မပြု။ သူ၏နှုတ်၌ မုသာမရှိ သော်လည်း၊ လူဆိုးတို့နှင့်အတူ မြေမြှုပ်ခြင်းငှာ စီရင်ကြ၏။ သို့ရာတွင် သေပြီးမှ သူဌေး၌ ရှိ၏။” - ဟေရှာယ ၅၃:၉

ဆာလံဆရာလည်း ခရစ်တော့်အကြောင်း အောက်ပါအတိုင်း ဆို၏။

“သူသည် သူတို့၏အသက်ကို ဖိနှိပ်ခြယ်လှယ်ခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်း တို့ထဲမှ ရွေးနုတ်တော်မူလိမ့်မည်။ အကြောင်းမူကား သူတို့၏သွေးသည် သူ၏ အမြင်၌ တန်ဖိုးရှိ၏။” - ဆာလံကျမ်း ၇၂:၁၄

ထို့ကြောင့် ဘုရားသားတော်သည် အကုသိုလ်မလုပ်။ ၎င်းက ရွေးနုတ်ခဲ့သူများကိုလည်း အကုသိုလ်မလုပ်ရန် ဟန့်၏။ အကုသိုလ် အပြုမခံရရန်လည်း စောင်မ၏။ စာတန်သည် အကုသိုလ်တရားဖြင့်ပြည့်ကာ ကမ္ဘာကြီးကိုလည်း အကုသိုလ်တရားဖြင့်ပြည့်ရန် ပဒေသာ စိုက်ခဲ့၏။ အနီဉာဉ်ဆိုးရှိစေရန် မည်သည့်ကြောင်းတရားက စာတန်ကို တွန်းပို့သနည်း။

“တစ်ဖန် သားဦးကို ဤကမ္ဘာလောကထဲသို့ ခေါ်ဆောင်လာသောအခါ ‘ဘုရား သခင်၏ကောင်းကင်တမန်အပေါင်းတို့သည် ထိုအရှင်ကို ရှိခိုးရမည်’ ဟု မိန့်တော် မူ၏။” - ဟေဗြဲဩဝါဒစာ ၁:၆

“တစ်ဖန် မာရ်နတ်သည် ကိုယ်တော်ကို အလွန်မြင့်မားသောတောင်ပေါ်သို့ ခေါ် ဆောင်သွား၍ လောကီနိုင်ငံအားလုံးနှင့် ၎င်းတို့၏ဘုန်းစည်းစိမ်တို့ကိုညွှန်ပြကာ (၉) ‘သင်သည် ပျပ်ဝပ်လျက် ငါ့ကိုရှိခိုးလျှင် ဤအရာအားလုံးတို့ကို သင့်အား ငါ ပေးမည်’ ဟု လျှောက်လေ၏။” - ရှင်မဿဲခရစ်ဝင် ၄:၈၊ ၉

မာရ်နတ်သည် ယေရှုဘုရားကို မစ္ဆရိယချည်နှောင်၏။ ၎င်းသည် ခရစ်တော်ဘုရားနှင့် အလားတူ ကိုးကွယ်ခြင်းကို ခံလို၏။ သို့သော် သတ္တုချရလျင် မာရ်နတ်သည် အဖန်ဆင်းခံ ဖြစ်ပြီး ခရစ်တော်ဘုရားသည် ဘုရား၏သားတော် ဖန်ဆင်းရှင်တည်း။ အခြေမတူမှုသည် ကမ္ဘာအသင်္ချေဝေး၏။ သို့တိုင်လည်း မာရ်နတ်သည် ခရစ်တော်ဘုရား၏ ရာထူးကို တပ်မက်အဘိဇျာဝင်၏။ ခရစ်တော်ဘုရားကို ခါးသီးရခြင်းသည် အနှီတပ်မက်ခြင်းမှစ၏။ အနှီက အကုသိုလ်မျိုးစေ့ ချခဲ့၏။ ခရစ်တော်ဘုရားအပေါ် စာတန်၏ အမုန်းသည် ကြီးမား လွန်းရကား ပကဒူးကပင် ဘုရားသားတော်ကို သတ်ရန် ကြံခဲ့၏။ လက်ဝါးကားတိုင်းပေါ်၌ ခရစ်တော်ဘုရား စတေးခံမှုက ဤသတ္တကမ္ဘာကြီးကို မဖန်ဆင်းမီကပင်ရှိခဲ့သည့် မာရ် နတ်၏ ကလိမ်ဉာဏ်အမှန်ကို စကြဝဋ္ဌာသို့ချပြ၏။

“သင်တို့သည် သင်တို့၏အဖမာရ်နတ်နှင့်စပ်ဆိုင်ကြပြီး သင်တို့အဖ၏ဆန္ဒအတိုင်း ပြုလိုကြ၏။ မာရ်နတ်သည် အစအဦးကပင် လူသတ်သမားဖြစ်၏။ သူ၌သမ္မာ တရားမရှိသောကြောင့် သမ္မာတရား၌မရပ်တည်…” - ရှင်ယောဟန်ခရစ်ဝင် ၈:၄၄

စာတန့်အကြံသည် ၎င်း၏ကြမ်းကြုတ်မှုကို မီးမွှေးပေး၏။ အာဒံ၊ ဧဝတို့ အပြစ်သင့် ကြသည့်အခါ စာတန်၏ဗီဇနှင့် တူလာကြတော့၏။ ၎င်းတို့ထံတွင်ရှိခဲ့သည့် ခရစ်တော် ဘုရား၏ ဝိညာဉ်သည် မွမွကြေတော့၏။ ပုထုဇဉ်ကို အသက်ထောက်ပေးနေသည်မှာ ခရစ်တော်ဘုရား၏ ဝိညာဉ်ဖြစ်၏။ ခရစ်တော်ဘုရားသည် ဤကမ္ဘာရှိ ပုထုဇဉ်အားလုံးထံ လာ၍အလင်းပြသည့် အလင်းရှင်ဖြစ်၏ - ယောဟန် ၁:၉။ ခရစ်တော်ဘုရားသည် အာဒံ အား လုံးလုံးပေယျာလကန်ပြုခဲ့လျှင် အနိစ္စရောက်မည်ဖြစ်၏။ အာဒံ့သန္တာန်တွင်းရှိ ခရစ် တော်၏ ဝိညာဉ်သည် ကြေမွငြား ထိုအဖြစ်က ၎င်းကိုစိတ်နာစေငြား ကျောမခိုင်းခဲ့ပါ။ ခရစ်တော်ဘုရား၏ ဆက်လက်အနွံအတာခံမှုဖြင့် ကျောက်တော်ကြီးမှ အသက်စမ်းရေ ထွက်ပြီး အာဒံအား အသက်ထောက်ပေး၏။ ထို့ကြောင့် ရှင်ပေါလုက အောက်ပါအတိုင်း ဆို၏။     ။

“ယေရှု၏ အသက်ရှင်တော်မူခြင်းသည် ငါတို့၏ကိုယ်ခန္ဓာ၌ ထင်ရှားမည့်အ ကြောင်း ယေရှု၏အသေခံတော်မူခြင်းကို ငါတို့ကိုယ်ခန္ဓာ၌ အစဉ်ဆောင်ထားကြ ၏။” - ကောရိန္သုဩဝါဒစာဒုတိယစောင် ၄:၁၀

ရွေ့လျော့ဖောက်ပြန်သောသူတို့သည် ဘုရားသခင်၏သားတော်ကို သူတို့ကိုယ် တိုင် လက်ဝါးကပ်တိုင်ပေါ်၌ပြန်တင်၍ အရှက်ကွဲစေသောသူများ ဖြစ်ကြသော ကြောင့် သူတို့ကို အသစ်တစ်ဖန်နောင်တရခြင်းသို့မရောက်စေနိုင်ရာ။” - ဟေဗြဲ ဩဝါဒစာ ၆:၆

အာဒံ၊ ဧဝတို့ကို ဘုရားသခင်အတိုင်း တစ်သဏ္ဌာန်တည်း ဖန်ဆင်းထား၏။ မာရ်နတ် လည်း ထိုသဏ္ဌာန်ကိုမုန်းပြီး အမဲဖျက်ရန်ကြံ၏။ ပုထုဇဉ်အချင်းချင်း ဇာတ်တူသား စားကြခြင်းသည် ခရစ်တော်ဘုရားကို မုန်းသည့်မာရ်နတ်၏ဓာတ်ခံ ပြခြင်းဖြစ်၏။ ဤ အကြောင်း လက်ခံရခက်ပေမည်။ သို့ငြား သမ္မာကျမ်းစာ၌ ဤသို့ပင်လာ၏။ ဤသဘော တရားကို လက်ခံနိုင်သည့်အခါ သမ္မာကျမ်းစာလာ အဓမ္မမှုများကို ငါတို့မှတ်ခဲ့ပုံများ ပြောင်းကုန်ပါမည်။ မာရ်နတ်သည် ပုထုဇဉ်အချင်းချင်း ဇာတ်တူသား စားစေခြင်းဖြင့် ခရစ်တော်ကိုထိုးနှက်ရန် လမ်းရှာကြောင်း သင် သိနားလည်သည့်အခါ ဇာတ်တူသား စားကြခြင်းသည် မိုက်မဲကြောင်း သင်တွေ့ပေမည်။

“ငါ၏ဤညီအစ်ကိုတို့တွင် အငယ်ဆုံးသောသူတို့ထဲမှ တစ်ဦးတစ်ယောက်အား သင်တို့ပြုခဲ့သမျှသည် ငါ့ကိုပြုခဲ့ခြင်း ဖြစ်၏။” - ရှင်မဿဲခရစ်ဝင် ၂၅:၄၀

အနှီသည် အရေးပါသည့်အချက်ဖြစ်၏။ အဓမ္မခပ်သိမ်းသည် သားတော်ကို မုန်းခြင်း၊ ဝန်တိုခြင်းများက မီးမွှေးပေး၏။ တစ်ဦးချင်းက ကြောင်းကျိုးရင်းမြစ်ကို နားမလည်သည့် တိုင် မိမိကိုယ်ကိုသတ်သေသည့် ဥပေစ္ဆေဒကကံသည် ခရစ်တော်ဘုရားကို မုန်းတီးခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်၏။ မိမိပတ်ဝန်းကျင်ကိုမုန်းခြင်း၊ ရန်သူနှင့်မိမိကိုယ်ကိုပင် အကြမ်း ဖက်မှုသည် ခရစ်တော်အပေါ်ထားရှိသည့် မာရ်နတ်၏အမုန်းစိတ်က မီးမွှေးခြင်းကြောင့် ဖြစ်၏။ အနှီသည် အဓမ္မပြုခြင်း၊ မုန်းတီးခြင်းခပ်သိမ်း၏ မူလအစဖြစ်၏။

ကမ္ဘာဦးကျမ်း အခန်းကြီး (၆) လာ အဓမ္မခပ်သိမ်းသည် ခရစ်တော်အပေါ် မာရ်နတ်၏ အမုန်းတရားများ ပုထုဇဉ်များဖြင့် ပြခြင်းဖြစ်၏။ ခရစ်တော်ဘုရားသည် တစ်ခုတည်း သော အသက်ရင်းမြစ်ဖြစ်သောကြောင့် ၎င်းကို မုန်းခြင်းခပ်သိမ်း၏ ရလာဒ်ကား ပျက်စီး ခြင်းဖြစ်၏။

လူ့စိတ်အတွင်းရှိ အဓမ္မတရားသည် ဧဒင်ဥယျာဉ်အတွင်း သိုးငယ် ပထမဆုံး သေခဲ့ချိန်၌ မြင်နိုင်၏။ အနှီအဟိတ်တိရစ္တာန်ကို သတ်ရခြင်းသည် အာဒံ့အဓမ္မဓာတ်ခံကိုပြ၏။ ဘုရား သခင်သည် အနှီယဇ်ဖြင့် အာဒံ့အတွင်းရှိမျိုးစေ့ကို ရောင်ပြန်ဟပ်ပြ၏။ အနှီမျိုးစေ့သည် ကာဣနက ညီတော်အာဗေလကို သတ်ခဲ့ချိန်သည်တွင် ဗူးပေါ်ခဲ့၏။

ပုထုဇဉ်တစ်ဦး အသက်ဆက်ရှင်ရန်မှာ ခရစ်တော်ဘုရားက အသက်ဆက်လက် ထောက် ပေးမှ ဖြစ်နိုင်ပါမည်။ ထို့ကြောင့် ခရစ်တော်ဘုရားသည် ကမ္ဘာကြီးစတည်ချိန်မှ စတေးခံခဲ့ ရသည့် သိုးသငယ်ဟု ဆိုရခြင်းဖြစ်၏ - ဗျာဒိတ် ၁၃:၈။ ခရစ်တော်ဘုရားသည် ပကဒူး ကပင် ငါတို့၏ အပြစ်များကြောင့် အနာတရရခဲ့၏။ ၎င်းသည် အပြစ်စသင့်ချိန်မှစပြီး ဒဏ်ကြေခဲ့ရ၏။ လူသားများ အသက်ရနိုင်ရေး ခရစ်တော်ဘုရားသည် စာတန့်မှိုင်းမိသည့် ပုထုဇဉ်တိုင်း၏ အမုန်းဒဏ်များကို ဆက်၍ခံနေ၏။

အမှုရောက်လေရာရာ၌ သူလည်းခံရ၏။ ရှေ့တော်မှ စေလွှတ်သော ကောင်းကင် တမန်သည် ကယ်တင်လျက်၊ မေတ္တာကရုဏာတော်ရှိသည်အတိုင်း ရွေးနုတ်တော် မူ၏။ ရှေးကာလပတ်လုံး သူတို့ကို ချီဆောင်တော်မူ၏။” - ဟေရှာ ယ ၆၃:၉

ထိုအတွေးများက ခရစ်တော်၏ ကားတိုင်အကြောင်း၊ အကုသိုလ်တရားများအကြောင်း၊ ဘုရားသခင်၏ သိက္ခာတော်အကြောင်းများကို အမြင်ပြောင်းစေ၏။ ပုဂ္ဂိုလ်တစ်ဦး အနှက် ခံ၊ အဓမ္မပြုခံ၊ အသတ်ခံရခြင်းတိုင်းသည် စာတန်က ခရစ်တော်အပေါ် ပြုလိုသည့် အ ထောက်အထားများဖြစ်၏။ ကိလေသာခေါ်ရာနောက် ကောက်ကောက်ပါခြင်းများသည် မိမိဖြစ်စေ သူတစ်ပါးကိုဖြစ်စေ ဘယနှင့်မရဏာကို ပေးခြင်းဖြစ်ပြီး ခရစ်တော်ကို တစ်ဆုံး နာကျင်စေမှုများသည် မာရ်နတ်၏ အစွန်းရောက်မှုများဖြစ်၏။ အနှီသည် ဉာဏ်မမီနိုင် အောင် ရက်စက်သည့် အမုန်းတရားဖြစ်၏။

လက်ဝါးကားတိုင်၏လက်တံသည် စကြဝဠာ၌ အပြစ်စဝင်ချိန်မှ ယနေ့ခေတ်အထိ ရှည် ၏။ ဘုရားသခင်နှင့် လက်ဝါးကားတိုင်၌ ဖြေရှင်းမှုပြုသူတိုင်းသည် ၎င်း၏ကိုယ်တွင် ကိန်းသည့်အသက်နှင့် ခရစ်တော်ထံမှလာသည့်အသက်တို့ တိုက်နေကြ၏။ အနှီသည် မိမိကိုယ်ကို ကိန်းကြေစေသည့် သော့ချက်ဖြစ်၏။ အနှီသည် ခရစ်တော်ကို စစ်ပြုသည့် စာတန့်တိုက်စစ်ဖြစ်၏။ ယခုတွင် အောက်တွင်လာသည့် ကြည့်မှန်ကို ရှုကြအံ့။

“ဘုရားသခင်၏အမျက်တော်သည် ကောင်းကင်မှထင်ရှားလျက် သမ္မာတရားကို မတရားမှုဖြင့် တားဆီးပိတ်ပင်သောသူတို့၏ ဘုရားတရားမဲ့ခြင်းနှင့် မတရားမှု အလုံးစုံတို့အပေါ်သို့ သက်ရောက်၏။ (၁၉) အဘယ်ကြောင့်ဆိုသော် ဘုရားသခင် သည် မိမိနှင့်ပတ်သက်၍ သိအပ်သောအရာတို့ကို သူတို့အားထင်ရှားစေတော်မူပြီ ဖြစ်၍ ထိုအရာတို့သည် သူတို့၌ ထင်ရှားလျက်ရှိ၏။” - ရောမဩဝါဒစာ ၁:၁၈၊ ၁၉

“အမျက်တော်” သည် ဂရိပါဠိ၌ “ဆန္ဒ” ဟူသည့်အဓိပ္ပာယ်ရှိကာ ပင်ရင်းအဓိပ္ပာယ်ကား “ပြီးနောက်မှလက်လှမ်းသည်”။ ၎င်းကို “အမျက်၊” “ဒေါသ” ဟုလည်း ပြန်နိုင်၏။ “against” သည် “အထက် (သို့) အပေါ်” “အပေါ်ရောက်လုရောက်ခင်” “ထံသို့” ဟူ၍ ပြန် နိုင်၏။ ဤကျမ်းချက်ကို ထိုသုံးသပ်ချက်ဖြင့် အနက်ပြန်ကြမည်ဖြစ်ပြီး တစ်ချက်မှတ်ရ ဦးမည်မှာ ယေရှုဘုရားက ငါသည် အမှန်တရား ဟုဆိုခြင်းဖြစ်၏ - ရှင်ယောဟန် ၁၄:၆။ ထို့ကြောင့် အမှန်တရားကို ဖိနှိပ်ချိုးနှိမ်ခြင်းသည် ခရစ်တော်ဘုရားကို ဖိနှိပ်ချိုးနှိမ်ခြင်း ဖြစ်ကြောင်း သတိချပ်ပါ။

“ဘုရားသခင်၏ဆန္ဒ သည် ကောင်းကင်မှထင်ရှားလျက် ခရစ်တော် ကို မတရားမှု ဖြင့် တားဆီးပိတ်ပင်သောသူတို့၏ ဘုရားတရားမဲ့ခြင်းနှင့် မတရားမှုအလုံးစုံတို့ အပေါ်(သို့)ထံ သက်ရောက်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မိမိနှင့် ပတ်သက်၍ သိအပ်သောအရာတို့ကို သူတို့အားထင်ရှားစေတော်မူပြီဖြစ်၍ ထို အရာတို့သည် သူတို့၌ ထင်ရှားလျက်ရှိ၏။” - ရောမဩဝါဒစာ ၁:၁၈-၁၉ ပြင်ဆင်

ဘုရားသခင်သည် သားတော်၏ စိတ်မျိုးကို ငါတို့သန္တာန်၌ကိန်းရန် နေ့စဉ်ပို့လွှတ်နေ၏။ အချို့က နားတစ်ဖက်မှဝင်ပြီး အခြားတစ်ဖက်မှထွက်၏။ တစ်ချို့ကလည်း အပဲ့ပြင်မခံဘဲ ထိုစိတ်မျိုး ပိုင်ကြသူများကို နှိပ်ကွပ်ကြ၏။ ခရစ်တော်ဘုရားသည် ဤကမ္ဘာပေါ်ရှိ ပုထု ဇဉ်တိုင်း၏ အပယ်ခံဖြစ်ရ၏။ နေ့တွင် ခရစ်တော်သည် ကမ္ဘာ့အပူသည်ကြီး ဖြစ်ရ၏။ ခရစ်တော်ဘုရားသည် နေ့စဉ် ၎င်းကိုယ်ကို ငြင်းပယ်၊ ဒုက္ခထမ်းကာ ၎င်း၏အသက်ကို ငါတို့အတွက် လှူတော်မူ၏။ အနှီအဖြစ်၌ ငါတို့အတွက်ထားရှိသည့် ဘုရားသခင်၏ မုဒိတာကို မြင်နိုင်၏။ ဘုရားသခင်သည် ငါတို့ကို နေ့စဉ်ရက်ဆက်နားချငြား အများစုက ထိုသိစိတ်ကို ချိုးနှိမ်ကြ၊ အသံတိမ်မြုပ်စေကြ၏။

ပုထုဇဉ်တို့၏ ဗီဇဆိုးကြီးက ဘုရားသခင်ကို ၎င်းတို့၏စိတ်နှင့်နှိုင်းကြ၏။ ၎င်း၏မေတ္တာ ကို ငြင်းပယ်ကြပြီး ဘုရားသခင်ကို အဓမ္မပုဂ္ဂိုလ်ဟု ဆိုကြ၏။ ပုထုဇဉ်တို့၏ ဓာတ်သွေး များကို ဘုရားအပေါ်တင်ကာ ခရစ်တော်ဘုရားကို ဘုရားကရိုက်သည်ဟု ဆိုကြ၏။ အမှန် တွင် ခရစ်တော်ဘုရားသည် ဘုရား၏အမျက်ကြောင့်မဟုတ်ဘဲ ငါတို့၏အပြစ်များကြောင့် အနာရ၏။ ၎င်းကိုဆည်းကပ်ပါသည် ဆိုသူများကို ဘုရားက မည်သို့မိန့်သနည်း။

“အစ္စရေးလူမျိုးနှင့်ပတ်သက်၍မူကား ‘နာခံခြင်းမရှိ၊ ဆန့်ကျင်ပုန်ကန်တတ်သော လူမျိုးထံသို့ တစ်နေ့လုံး ငါ့လက်ကို ကမ်းလျက်နေခဲ့၏’ ဟု ဆို၏။” - ရောမဩဝါဒ စာ ၁၀:၂၁

ငါတို့သည် လက်ဝါးကားတိုင်ဖက်မှ ရှုတတ်လျှင် ရေလွှမ်းမိုခြင်း၊ သောဒုံနှင့် ဂေါမောရမြို့ မီးလောင်ရခြင်း၊ ယေရုရှလင်မြို့ ကျဆုံးရခြင်း၊ ကမ္ဘာကြီး ကုန်ဆုံးရခြင်းစသည့် ထိတ်လန့် ဖွယ်အကြောင်းများကို နားလည်ပေးနိုင်မည်ဖြစ်၏။ ခရစ်တော်အပေါ် စာတန်ထားရှိသည့် အမုန်းတရားကို ပုထုဇဉ်တိုင်းကို သေစေချင်သည့်အကြောင်း၌ မြင်နိုင်၏။ အကြောင်းမှာ ပုထုဇဉ်တိုင်းအား ခရစ်တော်ဘုရားသည် အသက်ပေးခဲ့ခြင်းကြောင့် ... ။ လူတိုင်းသည် ထာဝရအသက်ကို ရရှိနိုင်ကြမည့်အကြောင်း ခရစ်တော်သည် ၎င်း၏ အသက်ကို လှူလို လှ၏။ ကိလေသာမင်းမူရာအရပ်၌ ခရစ်တော်မစံနိုင်။ သို့သော် ကားတိုင်ပေါ်၌ စတေးခံ စဉ်က ၎င်း၏ရင်ခွင်မှ သွေးရည်ကြည်စီးဆင်းခဲ့သကဲ့သို့ ၎င်း၏ အဖိခံဆန္ဒသည် ပုထုဇဉ်ကို အသက်ရှင်နိုင်ရန် အစွမ်းတန်ခိုးပေး၏။

“သမ္မာသတိရှိလျက် နိုးကြားစွာစောင့်နေကြလော့။ သင်တို့၏ရန်သူတည်းဟူသော မာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ ဝါးမျိုရမည့်သူကို လှည့်လည်ရှာဖွေ လျက်ရှိ၏။” - ရှင်ပေတရုဩဝါဒစာပထမစောင် ၅:၈

အခန်း (၁၃) ၌ ပုထုဇဉ်တို့၏ဓာတ်ခံက ကမ္ဘာကြီးကို မည်သို့အကျိုးပေးကြောင်း နှီးနှော ပြီး ဖြစ်၏။ လူသားများက ခရစ်တော်ဘုရားကို ချိုးနှိမ်ကာ ခရစ်တော်ဘုရားအပေါ် ထားရှိ သည့် စာတန့်အမုန်းတရားများကို ဇာတ်တူသားစားခြင်းများဖြင့် ပြကြသည့်အခါ သဘာဝ လောကသည် ပြန်၍အကျိုးပြ၏။ ခရစ်တော်၏ ပဲ့ပြင်သံကို ၎င်းတို့၏သန္တာန်၌ တိမ်မြှုပ် စေသည့်အခါ သဘာဝလောကသည် လူသားများကို ဒဏ်ခတ်၏။ ဘုရားသခင်လည်း လောကကြီး၏ ဆိုးသွမ်းမှုကိုရှုသည့်အခါ တန်ပြီဖြစ်ကြောင်း ပြတော့၏။

“ထာဝရဘုရားကလည်း ငါ့ဝိညာဉ်သည် လူတို့တွင် အစဉ်မဆုံးမရ။ အကြောင်း မူကား လူတို့သည်အသားဖြစ်၏။ သူ၏အသက်တန်းသည်လည်း၊ အနှစ်တစ်ရာ နှစ်ဆယ်ဖြစ်စေဟု မိန့်တော်မူ၏။” - ကမ္ဘာဦးကျမ်း ၆:၃

ကန့်သတ်ခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်က လူသားများကိုကယ်ရန် နားချသည့် ကာလကို ဆိုလို၏။ လမ်းမှားသူများကို ဝိညာဉ်တော်သည် နေ့စဉ်ရက်ဆက် နားချ၏။ သို့သော် ပုထုဇဉ်များက မည်သို့တုံ့ပြန်ကြောင်းကို အောက်ပါအတိုင်းတွေ့ရ၏။

“ဘုရားသခင်၏အမျက်တော်[ဆန္ဒ]သည် ကောင်းကင်မှထင်ရှားလျက် သမ္မာတ ရား[ခရစ်တော်]ကို မတရားမှုဖြင့်တားဆီးပိတ်ပင်[ဖိနှိပ်]သောသူတို့၏ ဘုရား တရားမဲ့ခြင်း နှင့်မတရားမှုအလုံးစုံတို့အပေါ်(သို့)ထံ သက်ရောက်၏။” - ရောမ ဩဝါဒစာ ၁:၁၈

ရေမလွှမ်းမိုးမီကာလရှိ ပုထုဇဉ်များသည် နားချသည့်အသံတော်ကို တိမ်မြုပ်စေကြ၏။ ၎င်းတို့သည် ထိုပဲ့ပြင်သံကို နေ့စဉ်ငြင်းပယ်ပြီး ဆိုးမြဲဆိုးနေကြ၏။ ထိုသို့ ပြုမူကြခြင်းများ သည် ခရစ်တော်ဘုရားကို ရေနှစ်သတ်သည်နှင့် ပမာဆင်၏။ ၎င်း၏လုပ်ဆောင်မှုသည် တစ်နေ့ပြီးတစ်နေ့ အရာမထင်ဖြစ်ကာ ခရစ်တော်သည် လောင်းရိပ်မိသည်ဟု အခါခါ ခံစားခဲ့ရ၏။

“သူတို့သည်လည်း ပုန်ကန်၍၊ သန့်ရှင်းသော ဝိညာဉ်တော်ကို နာစေကြ၏။ ထို့ ကြောင့်၊ သူတို့ကို ရန်ဘက်ပြု၍ စစ်တိုက်တော်မူ၏။” - ဟေရှာယ ၆၃:၁၀

ပုထုဇဉ်များပျက်စီးရန် နီးလာလေလေ ခရစ်တော်ဘုရား၏ တရားပြမှုသည် ကြားရလေ လေဖြစ်ပြီး ၎င်း၏အသံသည် ရန်သူ့အသံပမာ ဖြစ်လာတော့၏။ ၎င်း၏တရားပြမှုကို ဆန့်ကျင်သူများ၏ ပြက်ရယ်အပြုခံ၊ အမုန်းခံရ၏။

“အကျွန်ုပ်၏ စိတ်ဝိညာဉ်သည်လည်း အလွန်ထိတ်လန့်နေပါ၏။ အိုထာဝရဘု ရား၊ မည်မျှကြာပါမည်နည်း။ (၄) အိုထာဝရဘုရား၊ တစ်ဖန်ကြွလာ၍ အကျွန်ုပ် ၏စိတ်ဝိညာဉ်ကို ကယ်မတော်မူပါ။ ကိုယ်တော်၏ မေတ္တာကရုဏာတော်ကို ထောက်၍ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ (၅) အကြောင်းမူကား သေခြင်းထဲ တွင် ကိုယ်တော်ကိုအောက်မေ့ခြင်းမရှိပါ။ မရဏာနိုင်ငံတွင် ကိုယ်တော်ကို မည်သူ ချီးမွမ်းပါမည်နည်း။ (၆) အကျွန်ုပ်သည် ညည်းတွားရသဖြင့်ပင်ပန်းလှပါ၏။ ညစဉ် ညတိုင်း အကျွန်ုပ်၏မျက်ရည်များဖြင့် အကျွန်ုပ်၏ညောင်စောင်းသည် အိုင်ထွန်း၍ အကျွန်ုပ်၏ခုတင်သည်စိုရွှဲလျက်ရှိပါ၏။ (၇) အကျွန်ုပ်၏မျက်စိသည် ပူဆွေးခြင်း ကြောင့်အားယုတ်၍ အကျွန်ုပ်၏ရန်သူအပေါင်းတို့ကြောင့် မှုန်ဝါးသွားပါ၏။ (၈) အပြစ်ဒုစရိုက်ပြုသောသူအပေါင်းတို့၊ ငါ့ထံမှထွက်သွားကြလော့။ အကြောင်းမူ ကား ထာဝရဘုရားသည် ငါ၏ငိုကြွေးသံကိုကြားတော်မူပြီ။” - ဆာလံကျမ်း ၆:၃-၈

ခရစ်တော်ဘုရား၏ အနွံအတာခံမှုသည် ဖုံးဖိ၍မရပါ။ ပုထုဇဉ်တို့သည် ခရစ်တော်ဘုရား ၏ ကားတိုင်တော်ကိုငြင်းလျှင် သက်မဲ့ကျောက်တုံးများက သက်သေခံကြမည်ဖြစ်၏။ ခရစ်တော်ဘုရားသည် ဖန်ဆင်းရှင်ဖြစ်သည်ကြောင့် သဘာဝလောကကြီးသည် ၎င်းတို့၏ ဖန်ဆင်းရှင်၏ အသဲနာမှုကို ရောင်ပြန်ဟပ်ပြ၏။

“ဖန်ဆင်းခံလောကတစ်ခုလုံးသည် ယခုတိုင်အောင် အတူတကွညည်းတွားလျက် အတူတကွသားဖွားခြင်းဝေဒနာကို ခံစားလျက်ရှိကြောင်း ငါတို့သိကြ၏။” - ရောမ ဩဝါဒ စာ ၈:၂၂

ဆာလံသီချင်းများက သမ္မာကျမ်းစာကို ရေးခဲ့ကြသည့် ပုဂ္ဂိုလ်များ၏သန္တာန်တွင် ခရစ် တော်ဘုရား၏ ဝိညာဉ်တော်ကိန်းကြောင်း ဖေါ်ပြ၏။

“သင်တို့ခံစားရမည့်ကျေးဇူးတော်နှင့်ပတ်သက်၍ ဟောပြောခဲ့သည့်ပရောဖက်တို့ သည် ထိုကယ်တင်ခြင်းအကြောင်းကို ရှာဖွေစူးစမ်းခဲ့ကြ၏။ (၁၁) သူတို့အထဲ၌ ရှိသော ခရစ်တော်၏ဝိညာဉ်တော်သည် ခရစ်တော်၏ဒုက္ခဝေဒနာများနှင့် ထို ဝေဒနာများ နောက်တွင်ဖြစ်လာမည့် ဘုန်းအသရေတို့အကြောင်းကို ကြိုတင် သက်သေခံသောအခါ မည်သူ၊ သို့မဟုတ် မည်သည့်အချိန်ကိုဆိုလိုကြောင်း သူတို့ စူးစမ်းလေ့လာကြ၏။” - ရှင်ပေတရုဩဝါဒစာပထမစောင် ၁:၁၀၊ ၁၁

ဆာလံ (၁၈) ၌ လက်ဝါးကားတိုင်ပေါ်၌ ခရစ်တော်ဘုရား၏ ဒုက္ခများကို ရေလွှမ်းမိုးခြင်း သာဓကဖြင့် ပြခဲ့၏။

“သေခြင်း၏နှောင်ကြိုးတို့သည် ငါ့ကိုရစ်ပတ်၍ ပျက်စီးခြင်းရေစီးကြောင်းသည် ငါ့ကိုကြောက်လန့်တုန်လှုပ်စေ၏။ (၅) မရဏာနိုင်ငံ၏နှောင်ကြိုးတို့သည် ငါ့ကို ပတ်စည်းထား၍ သေခြင်း၏ထောင်ချောက်တို့သည် ငါ့ကိုထိပ်တိုက် ရင်ဆိုင်ကြ ၏။” - ဆာလံကျမ်း ၁၈:၄၊ ၅

အခြားဆာလံသီချင်းများက သောဒုံမြို့၊ ဂေါမောရမြို့၊ လူဆိုးများ၏ အန္တိမနိဂုံးအကြောင်း ကို ဝါးမြိုသောတေဇောမီးဖြင့် စပ်ဆိုငြား ဆာလံ (၁၈) က ရေလွှမ်းမိုးခြင်းနှင့်နွှယ်သည့် ဝေါဟာရကို သုံးခဲ့၏။ လမ်းမလိုက်သူများ ပြောင်းလည်းရန် ခရစ်တော်ဘုရား ကြိုးပမ်း သည့်အခါ ၎င်းသည်ထိုသူများ၏ တရားမဲ့စရိုက်များ၏ လွှမ်းမိုးခြင်းကိုခံရ၏။

“မြေကြီးပေါ်မှာ လူကိုဖန်ဆင်းတော်မူသည်ကို နောက်တရ၍၊ နှလုံးတော်ပူပန် လျက် ရှိတော်မူ၏။” - ကမ္ဘာဦးကျမ်း ၆:၆

ရေမလွှမ်းမိုးမီက ပုထုဇဉ်များသည် ခရစ်တော်ဘုရားကို ပြောင်ပြောင်တင်းတင်း အိုးမဲ သုတ်ခဲ့ကြ၏။ ၎င်းတို့၏ အကုသိုလ်တရားများကြောင့် ၎င်းသည် ရင်နာကာ ရေမလွှမ်းမီ ဖက်ခြမ်းရှိ ကားတိုင်ပေါ်မှ ငါ ရေငတ်၏ ဟုဆိုစေ၏။ ဝိညာဉ်တော်သည် ပုထုဇဉ်တို့ အပေါ် အလုပ်မလုပ်တော့။ နှစ်ရာချီစောင့်ခဲ့ပြီးဖြစ်ကာ ခမည်းတော်ကလည်း ၎င်းတို့၏ ပိုင်းဖြတ်ချက်ကို လက်ခံတော့၏။

“ကာ​လ​အ​ချိန်​မ​စေ့​မီ ဖျက်​ဆီး​ခြင်း၊ ရေ​လွှမ်း​မိုး၍၊ (၁၆) အ​ခြေ​အ​မြစ်​ပယ်​ရှင်း​ခြင်း​ကို ခံ​ရ​သော​သူ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​အား ငါ​တို့​ထံ​မှ ထွက်​သွား​လော့​ဟူ၍​လည်း​ကောင်း၊ အ​န​န္တ​တန်​ခိုး​ရှင်​သည် ငါ့​တို့​အ​ဖို့ အ​ဘယ်​သို့ ပြု​နိုင်​သ​နည်း​ဟူ၍​လည်း​ကောင်း၊ (၁၇) ဆို​တတ်​သော အ​ဓ​မ္မ​လူ​တို့ လိုက်​ဖူး​သော​လမ်း​ဟောင်း​ကို သင်​သည် လိုက်​ဦး​မည်​လော။ (၁၈) သို့​ရာ​တွင် ဘု​ရား​သ​ခင်​သည် သူ​တို့​အိမ်​ကို ကောင်း​သော​အ​ရာ​နှင့် ပြည့်​စေ​တော်​မူ၏။ မ​တ​ရား​သော​သူ​တို့၏ အ​ကြံ​အ​စည်​ကို ငါ​သည်​ဝန်​မ​ခံ။” - ယော​ဘ​ဝ​တ္တု ၂၂:၁၅-၁၈

ခမည်းတော်သည် ပုထုဇဉ်တို့၏ ပေယျာလကန်ပြုခြင်းကို ခံရ၏။ သို့တိုင်လည်း ခရစ် တော်သည် ပုထုဇဉ်များနှင့်နေကာ ၎င်းတို့နှင့်အတူ ကူခံစားမည်ဖြစ်၏။ မဟုတ်လျှင် ၎င်း တို့သည် ပွဲချင်းပြီးကြမည်ဖြစ်ကာ ဘုရားသခင်သည် အပြစ်အပုံခံရမည်ဖြစ်၏။ ရေမလွှမ်း မိုးမီအချိန်ရှိ ပုထုဇဉ်များအပေါ် မိုးကြိုးပစ်၊ လျှပ်စီးလက်ချိန်တွင် ခရစ်တော်သည် ၎င်းတို့ နှင့်အတူ ရှိတော်မူ၏။ ၎င်းတို့၏နောက်ဆုံးချိန်အထိ အတူရှိတော်မူ၏။ ခရစ်တော်သည် ဘုရားသခင် ငါတို့နှင့်အတူ ရှိတော်မူသည့် ဧမာနွေလဖြစ်၏။ ရေလွှမ်းမိုးခြင်းသည် လက် ဝါးကားတိုင်ကို ပြခြင်းဖြစ်၏။ သို့သော် ငါတို့က ၎င်းကို ဘုရားရိုက်သည်ဟု မှတ်ကြ၏။

ရေလွှမ်းမိုးခြင်းဖြစ်စဉ်ဖြင့် သက်မဲ့လောကက ဝမ်းမြောက်ဖွယ်တရားပြခြင်းကို တား၍ မရပါ။ ရေလွှမ်းမိုးခြင်းနှင့် ကားတိုင်ဆက်စပ်ပုံကို သတိချပ်ပါလော့။

၁။ ဖိတ်ခေါ်ခြင်း

“သေခြင်း၏နှောင်ကြိုးတို့သည် ငါ့ကိုရစ်ပတ်၍ ပျက်စီးခြင်းရေစီးကြောင်းသည် ငါ့ကိုကြောက်လန့်တုန်လှုပ်စေ၏။ (၅) မရဏာနိုင်ငံ၏နှောင်ကြိုးတို့သည် ငါ့ကို ပတ်စည်းထား၍ သေခြင်း၏ထောင်ချောက်တို့သည် ငါ့ကိုထိပ်တိုက်ရင်ဆိုင်ကြ ၏။ (၆) ငါခံရသည့်ဆင်းရဲဒုက္ခထဲမှ ထာဝရဘုရားကို ငါခေါ်၍ ငါ၏ဘုရားသခင် ထံ အကူအညီအော်ဟစ်တောင်းခံ၏။ ကိုယ်တော်သည် ငါ၏အသံကို မိမိဗိမာန် တော်ထဲမှ ကြားတော်မူ၏။ ငါ၏အော်ဟစ်သံသည်လည်း ရှေ့တော်မှောက် နား တော်သို့ ဝင်လေ၏။” - ဆာလံကျမ်း ၁၈:၄-၆

“မွန်းလွဲသုံးနာရီခန့်တွင် ယေရှုသည် ကျယ်လောင်သောအသံဖြင့် ‘ဧလိ၊ ဧလိ၊ လာမာ ရှာဗခသာနိ’ ဟု အော်ဟစ်တော်မူ၏။ ၎င်း၏အဓိပ္ပာယ်မှာ ‘အကျွန်ုပ်၏ ဘုရား၊ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်ကို အဘယ်ကြောင့်စွန့်ပစ်တော်မူသနည်း’ ဟူ၍ ဖြစ်၏။” - ရှင်မဿဲခရစ်ဝင် ၂၇:၄၆

၂။ မြေကြီးတုန်ရီခြင်း

“ထိုအခါ ကိုယ်တော်သည် အမျက်ထွက်တော်မူသောကြောင့် မြေကြီးသည် တုန်ရီ တုန်ခါ၏။ တောင်များ၏အခြေအမြစ်တို့သည်လည်း လှုပ်ခတ်တုန်ရီကြ၏။” - ဆာလံကျမ်း ၁၈:၇

“ထိုအခါ ဗိမာန်တော်ကန့်လန့်ကာသည်အထက်စွန်းမှ အောက်စွန်းတိုင်အောင် နှစ်ခြမ်းကွဲသွားလေ၏။ မြေကြီးသည်လှုပ်၍ ကျောက်များသည် အက်ကွဲလေ၏။” - ရှင်မဿဲခရစ်ဝင် ၂၇:၅၁

၃။ အမှောင်ထု

“ကိုယ်တော်သည် ကောင်းကင်ကိုညွတ်စေလျက် ကြွဆင်းတော်မူ၏။ အမှောင်ထု သည် ခြေတော်အောက်၌ရှိ၏။” (သင်သည် သူ၏ဖနှောင့်ကို ကြိတ်လိမ့်မည်။) - ဆာလံကျမ်း ၁၈:၉

“ကိုယ်တော်သည် အမှောင်ကို မိမိ၏လျှို့ဝှက်သောနေရာဖြစ်စေတော်မူ၏။ မိုးရေ ဖြင့် မှောင်မည်းနေသောတိမ်တိုက်တို့သည် ကိုယ်တော်၏ပတ်လည်၌ရှိသော အမိုးအကာဖြစ်၏။” - ဆာလံကျမ်း ၁၈:၁၁

“မွန်းတည့်ချိန်မှစ၍ မွန်းလွဲသုံးနာရီတိုင်အောင် မြေတစ်ပြင်လုံး၌ အမှောင်ကျ ရောက်လေ၏။” - ရှင်မဿဲခရစ်ဝင် ၂၇:၉, ၄၅

၄။ ရေအရင်းအမြစ်ကိုဖေါ်ပြ

“အို ထာဝရဘုရား၊ ကိုယ်တော်၏ဆုံးမခြင်းနှင့် နှာခေါင်းတော်မှ ပြင်းစွာရှူထုတ် သောလေကြောင့် ပင်လယ်ကြမ်းပြင်များသည်ထင်ရှား၍ ကမ္ဘာကြီး၏အောက်ခြေ တို့သည် အကွယ်အကာမဲ့ဖြစ်သွားကြ၏။” - ဆာလံကျမ်း ၁၈:၁၅

“နောဧအသက်ခြောက်ရာစေ့သောနှစ်၊ ဒုတိယလ၊ ဆယ်ခုနစ်ရက်နေ့တွင်၊ ကြီးစွာ သော နက်နဲရာ ရေပေါက်ရေတွင်းတို့၏ အဆီးအတားရှိသမျှကို ပယ်ရှင်း၍၊ မိုဃ်း ကောင်းကင်ပြွန်၀များကိုဖွင့်၏။” - ကမ္ဘာဦးကျမ်း ၇:၁၁

၅။ မျက်နှာတော်ဝှက်ခြင်း၊ အထီးကျန်ဟုခံစားခြင်း

သင့်ကို ခဏသာ ငါစွန့်သည်ဖြစ်၍၊ များစွာသော ကရုဏာနှင့် တစ်ဖန်သိမ်းဆည်း ဦးမည်။ (၈) ပြင်းစွာသော အမျက်ထွက်၍ ခဏမျှ ငါမျက်နှာလွှဲသော်လည်း၊ ထာ ဝရမေတ္တာနှင့် သင့်ကို ကယ်မသနားဦးမည်ဟု သင့်ကို ရွေးနုတ်သော ထာဝရဘု ရား မိန့်တော်မူ၏။ (၉) နောဧလက်ထက်၌ လွှမ်းမိုးသောရေကို ငါသည်မှတ်၍၊ ထို ရေသည် မြေကြီးကို နောက်တစ်ဖန်မလွှမ်းမိုးရဟု ကျိန်ဆိုခြင်းကို ပြုသည်နည်း တူ၊ သင့်ကို အမျက်မထွက်၊ မဆုံးမဟု ကျိန်ဆိုခြင်းကို ပြုပြီ။” - ဟေရှာယ ၅၄:၇-၉

“မွန်းတည့်ချိန်မှစ၍ မွန်းလွဲသုံးနာရီတိုင်အောင် မြေတစ်ပြင်လုံး၌ အမှောင်ကျ ရောက်လေ၏။ မွန်းလွဲသုံးနာရီခန့်တွင် ယေရှုသည် ကျယ်လောင်သောအသံဖြင့် ‘ဧလိ၊ ဧလိ၊ လာမာ ရှာဗခသာနိ’ ဟု အော်ဟစ်တော်မူ၏။ ၎င်း၏အဓိပ္ပာယ်မှာ ‘အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်ကို အဘယ်ကြောင့် စွန့်ပစ်တော် မူသနည်း’ ဟူ၍ ဖြစ်၏။” - ရှင်မဿဲခရစ်ဝင် ၂၇:၄၅၊ ၄၆

၆။ ကယ်တင်ခြင်း

“ကိုယ်တော်သည် မြင့်သောအရပ်မှ လက်တော်ကိုဆန့်လျက် ငါ့ကိုကိုင်ဆွဲပြီး များစွာသောရေထဲမှ ငါ့ကိုဆယ်ယူတော်မူ၏။” - ဆာလံကျမ်း ၁၈:၁၆

“ဘုရားသခင်သည်၊ နောဧမှစ၍ အသက်ရှင်သမျှသောသတ္တဝါ၊ နောဧနှင့်အတူ သင်္ဘောထဲ၌ရှိသော တိရစ္ဆာန်အပေါင်းတို့ကိုအောက်မေ့၍၊ မြေကြီးပေါ်မှာ လေ လာစေတော်မူသဖြင့် ရေငြိမ်လေ၏။ (၂) နက်နဲရေပေါက်ရေတွင်းများ မိုဃ်း ကောင်းကင်ပြွန်ဝများကို ဆို့ပိတ်၍ မိုဃ်းကို စဲစေတော်မူ၏။ (၃) ရေသည်လည်း မြေပေါ်မှာ အစဉ်အတိုင်းစီးသွား၍၊ အရက်တစ်ရာငါးဆယ်စေ့သောအခါ ယုတ် လျော့လေ၏။” - ကမ္ဘာဦးကျမ်း ၈:၁-၃

သက်မဲ့လောကက ၎င်း၏ဖန်ဆင်းရှင် ဘာကြုံသည်ကို သက်သေပြ၏။ ခရစ်တော်ဘုရား သည် ဤကမ္ဘာလူသားအားလုံးသို့ အလင်းပေးသည့် အလင်းဖြစ်ကာ ၎င်း၏နာကျင်မှု သည် ရေထဲပါသွားကြသည့်သူများတွင် ပေါ်လွင်၏။

“ကောင်းကင်သည် ထာဝရဘုရား၏ နှုတ်ကပတ်တော်အားဖြင့်လည်းကောင်း၊ ကောင်းကင်တန်ဆာရှိသမျှတို့သည် နှုတ်တော်မှထွက်သက်လေအားဖြင့် လည်း ကောင်း ဖန်ဆင်းခြင်းခံရ၏။ ကိုယ်တော်သည် ပင်လယ်ရေများကို တာတမံကဲ့သို့ စုဝေးစေ၍ နက်ရှိုင်းသောရေထုများကို သိုလှောင်တိုက်ထဲ၌ ထားတော်မူ၏။” - ဆာလံကျမ်း ၃၃:၆၊ ၇

ခရစ်တော်၏ ပြာဋိဟာဖြင့် ကောင်းကင်မြေကြီးသည် ဖြစ်တည်လာ၏။ ၎င်းက အရာခပ် သိမ်းကို အမိန့်ပေးခဲ့၏။ ၎င်း၏မိန့်ကြားမှုဖြင့် ရေထုသည် မြေထု၌ တစ်စုတစ်စည်း ရှိခဲ့၏။ ရေမလွှမ်းမိုးမီကာလရှိ ပုထုဇဉ်များက ခရစ်တော်ကို လုံးလုံးငြင်းဆန်ကြသည့်အခါ ရေကို တားသည့် ၎င်း၏အသံသည် ဆိတ်ခဲ့ပြီး ရေထုကြီးတာကျိုးကာ သဘာဝတရားသည် ဗြောင်းဆန်ခဲ့၏။

တာကျိုးစေသူမှာ စာတန်မဟုတ်။ သို့သော် ခရစ်တော်ဘုရားကို ဆန့်ကျင်ကြရန် မှိုင်း တိုက်ပေးသည့်အခါ ခရစ်တော်ကလည်း ၎င်းတို့၏ဆုံးဖြတ်ချက်ကို လက်ခံပေးရတော့၏။ သို့နှင့် သဘာဝလောကလည်း “ငြိမ်သက်ခြင်း ရှိစေသောဝ်” ဝါစာ မကြားရတော့ပါ။ ရေထုကြီးလည်း မာရ်နတ်နှင့် မတရားသူများအတိုင်း ဘောင်ဘင်ပြတော့၏။ စာတန် ကိုယ်တိုင် လက်ဝါးကားတိုင်၏အဆိပ်ကို ရေလွှမ်းမိုးချိန်၌ ကြုံခဲ့ရ၏။ ရေထုကြီး၏ ဘောင်ဘင်ခတ်မှုသည် ခရစ်တော်ဘုရား၏ နှလုံးစိတ်ဝမ်းကြေကွဲမှုကို ပြ၏။ ကောင်းကင် မှကျလာသည့် ရေထုသည် အာဒံ့မျိုးဆက်များအတွက် ကျရသည့် မျက်ရည်ကိုပုံဆောင်၏ (ဆာလံ ၁၁၉:၁၃၆)။ ရေမလွှမ်းမိုးမီဖက်ခြမ်းရှိ ပုထုဇဉ်များသည် ခရစ်တော်ဘုရား၏ အနွံအတာခံမှုကို လျစ်လျူရှုငြား သဘာဝလောကကြီးက ဖန်ဆင်းရှင်၏ အနွံအတာခံမှု၊ ကြေကွဲမှု၊ စတေးခံမှုတို့ကို အသိအမှတ်ပြု၏။ မာရ်နတ်သည် ရေမလွှမ်းမိုးမီရှိ လူများကို ခရစ်တော်ဘုရားနှင့် ဝိညာဉ်တော်တို့ကို ငြင်းပယ်စေခြင်းဖြင့် အနှီအနိဋ္ဌာရုံကြီးကို ဖြစ်စေ တော်မူ၏။ ငြင်းပယ်ခြင်းသည် ကမ်းကုန်သည့်အခါ သဘာဝကြီးက ထိုအကျိုးကိုပြတော့၏။

ခရစ်တော်မပါလျှင် မည်သူမျှ မရှင်နိုင်ကြောင်း ငါတို့သိ၏။ သို့နှင့်ခရစ်တော်ဘုရားသည် ထိုအနိဋ္ဌာရုံကို ရင်ဆိုင်ခဲ့ရ၏။ ၎င်းတို့ခံရသည့်အတိုင်း ခရစ်တော်လည်း ခံခဲ့ရ၏။ ခရစ် တော်သည် ၎င်းတို့အသက်မြဲသရွေ့ အနွံအတာခံနေရ၏။ လမ်းမလိုက်ကြသူများ သေဆုံး ကြသည့်အခါ ခရစ်တော်လည်း ရင်နင့်ရ၏။ ၎င်းတို့၏ ကြောက်အော်အော်ခြင်းများက ခရစ်တော်ကိုလည်း ထပ်တူခံစားစေပြီး ကယ်လည်းကယ်လိုခဲ့ပါ၏။ သို့သော် မတတ်နိုင် တော့။ ခရစ်တော်သည် လက်ဝါးကားတိုင်၌ စိတ်ကြေကွဲစွာ အသေခံခဲ့စဉ်၌ ၎င်းတို့ ကြေကွဲခဲ့ကြသည့်အတိုင်း ခံခဲ့ရ၏။

ခရစ်တော်ဘုရား၏ လက်ဝါးကားတိုင်အကြောင်း အမြင်ကွယ်ရန် ယနေ့ခေတ် ခရစ်ယာန် များက ဘုရားသခင်သည် လူဆိုးများကို အမျက်အရင်းခံပြီး ဒဏ်ပေးသည်ဟု ဆိုကြ၏။ ရေလွှမ်းမိုးခြင်း အနိဋ္ဌာရုံအတွက် ဘုရားအပေါ်အပြစ်တင်ကာ အပြစ်သားများကို သေစေ သောဘုရားဟု ပုံချကြ၏။ ယေရှုဘုရားကို ကားတိုင်၌ သံနှင့်ရိုက်ခဲ့ကြသည့် ရောမ စစ်သားများအပေါ်ပြခဲ့သည့် ဘုရား၏တန်ခိုးပြာဋိဟာသည် မြေထုခွဲကာ ရေလွှမ်းစေခဲ့ သည့် ပြာဋိဟာပင်ဖြစ်၏။ ဘုရားသခင်သည် သားတော်ကို လက်ဝါးကားတိုင်၌ သံနှင့် ရိုက်ချိတ်ခဲ့သလော။ ၎င်း၏ရက်စက်မှုက ခရစ်တော်ကို သေစေသလော။ မဟုတ်ပါ။ အခါတစ်ထောင် လုံးလုံးမဟုတ်ရပါ။ မြွေ့လက်ထဲရောက်နေသည့် ဘုရား၏ပြာဋိဟာက ခရစ်တော်၏ခြေဖနှောင့်ကို ပေါက်နေခြင်းဖြစ်၏။

မိခင်များ ၎င်းတို့၏သားသမီးများကို ပြန်၍ဟင်းတည်ကြချိန်။ လူများစွာ သေကြသော ကြောင့် ကားတိုင်စိုက်စရာကွက်လပ်ပင် မကျန်တော့သည့် AD 70 က ယေရုရှလင်မြို့ ကျဆုံးခန်းကို အာရုံပြုကြည့်ပါလေ။ ဖြစ်စဉ်တူများ ယေရမိမြည်တမ်းစကား၌လာ၏။

“ဓားဖြင့်သေသောသူသည်၊ ငတ်မွတ်၍ သေသောသူထက် သာ၍ မင်္ဂလာရှိ၏။ ငတ်မွတ်၍ သေသောသူသည် အသီးအနှံပြတ်ခြင်းအားဖြင့် ထိုးဖောက်၍ ပိန်ကြုံ ရ၏။ (၁၀) စိတ်ကြင်နာတတ်သော မိန်းမတို့သည် မိမိတို့ သားကိုပင် ပြုတ်ရကြ ၏။ ငါ၏လူမျိုးသတို့သမီးသည် ပျက်စီးသောကာလ၌ မိမိတို့သားကိုပင် စားရကြ ၏။ (၁၁) ထာဝရဘုရားသည် အမျက်တော်ကို စုံလင်စေတော်မူပြီ။ ပြင်းစွာသော အမျက်တော်အရှိန်ကို လွှတ်တော်မူပြီ။ ဇိအုန်မြို့ကိုမီးရှို့၍ မြို့ရိုးအမြစ်တိုင်အောင် လောင်စေတော်မူပြီ။ (၁၂) ရန်ပြုသောသူနှင့်စစ်တိုက်သောသူသည် ယေရုရှလင် မြို့ တံခါးအတွင်းသို့ ဝင်နိုင်သည်ဟု၊ လောကီ ရှင်ဘုရင်နှင့် လောကီသတ္တဝါ တစ်စုံတစ်ယောက်မျှမယုံကြ။ (၁၃) ယေရုရှလင်မြို့အလယ်၌ ဖြောင့်မတ်သော သူတို့ကို သတ်တတ်သောမြို့သားပရောဖက်တို့၏ ဒုစရိုက်များနှင့်၊ ယဇ်ပုရော ဟိတ်တို့၏ အပြစ်များကြောင့် ဤအမှုသည် ရောက်လေပြီ။” - ယေရမိမြည်တမ်း စကား ၄:၉-၁၃

အခန်းငယ် (၁၁) ၌ ဘုရားသခင်၏ အမျက်အကြောင်းချပြထားပြီး ၎င်း၏ဒေါသကို ဆက်၍အရှည် ဆွဲပြ၏။ ထိုအကြောင်း ဤစာအုပ်၏ အခန်း (၁၁) ၌ ငါတို့သိခဲ့သည့် အတိုင်း ဝမ်းနည်းသည်ဟု ယူနိုင်၏။ အခန်းငယ် (၁၂) ၌ ယေရုရှလင်မြို့သို့ ရန်သူဝင်လာ ကြောင်းကိုပြ၏။ အခန်းငယ် (၁၃) ၌က “ယေရုရှလင်မြို့အလယ်၌ ဖြောင့်မတ်သောသူ” ဟုဆို၏။ အသတ်ခံရသည့် ဖြောင့်မတ်သောသူသည် မည်သူနည်း။

“အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည်လည်း အပြစ်အတွက် တစ်ကြိမ်တည်း နှင့်အပြီး ဒုက္ခဝေဒနာခံစားတော်မူ၏။ သင်တို့ကို ဘုရားသခင်ထံတော်သို့ ပို့ ဆောင်မည့်အကြောင်း ဖြောင့်မတ်သောအရှင်သည် မဖြောင့်မတ်သော သူတို့ ကိုယ်စား ဒုက္ခဝေဒနာခံစားတော်မူ၏။” - ရှင်ပေတရုဩဝါဒစာပထမစောင် ၃:၁၈

ယေရုရှလင်မြို့သည် ငြိမ်းချမ်းသည့်မြို့ဖြစ်ပြီး ခရစ်တော်သည် ထိုမြို့၏ လောကုတ္တရာ မီးအိမ်ရှင်ဖြစ်၏။ ပရောဖက်များ၊ ပုရောဟိတ်များ၏ အပြစ်များကြောင့် ခမည်းတော် သည် ၎င်း၏မျက်နှာကို ရင်နင့်စွာဖြင့် ကွယ်ထားရ၏။ ထိုအဖြစ်က ရန်သူတော် စာတန် မာရ်နတ်ကို မြို့တွင်း၌ ခြယ်လှယ်ခွင့်ရစေကာ သမာဓိရှင် ခရစ်တော်ဘုရားကို မြို့အလယ် ၌ သတ်ခဲ့၏။ ယေရမိ၊ ဒံယေလများခေတ်၌လည်း ဘုရားသခင်၏ သားသမီးများ အဖျက် ဆီးခံ၊ သုံ့ပန်းအဆွဲခံရချိန်များ၌ ခရစ်တော်၏ အသွေးတော်စွန်းခဲ့ရ၏။ ဘုရားသခင်၏ သားသမီးများ၊ ဖျက်ဆီးခံရတိုင်း ထိုသို့ဖြစ်ရ၏။ ခရစ်တော်သည် ၎င်းတို့နှင့်အတူ ကူခံစား ပြီး ကားတိုင်ကိုထမ်းခဲ့၏။

ရေလွှမ်းမိုးခြင်းဖြစ်စဉ်ကို ကားတိုင်ရှုထောင့်မှ သင်ရှုကွက်ဆင်းနိုင်ပါသလော။ သောဒုံမြို့ ဖြစ်စဉ်၌ ခရစ်တော်ဘုရား ခံရပုံကို သင်ရှုကွက်ဆင်းနိုင်သလော။ အီဂျစ်ပြည်၌ သားဦး များ သေကြချိန်၊ ယေရုရှလင်မြို့ ပျက်စီးချိန်များ၌ ခရစ်တော်ဘုရား၏ ပဋာမြေလူး အဖြစ်ကို သင်ရှုကွက်ဆင်းနိုင်သလော။ ပုထုဇဉ်တိုင်း ပျက်စီးကြရာ၌ ကားတိုင်ကို သင် မြင်ပေးနိုင်သလော။ ခရစ်တော်ဘုရား၏ ကားတိုင်ဖြင့်သာ သမ္မာကျမ်းစာတော်မြတ်လာ တရားစီရင်ထုံးများသည် ဘုရားသခင်၏ မေတ္တာတော်ဟု သင်ရှုကွက်ဆင်းနိုင်မည်ဖြစ်၏။ ပုထုဇဉ်များနှင့် သဘာဝလောကကြီးမှ ပြလာသည့် ကြမ်းကြုတ်မှုများသည် ခရစ်တော် ဘုရားအပေါ် စာတန့်အမုန်းတရားကို ပြခြင်းဟု မှတ်တတ်မှသာ ငါတို့သည် သစ်တိုင်၌ ချိတ်ဆွဲသည့် မြွေအကြောင်းကို လက်ခံတတ်မည်ဖြစ်၏။ မြွေကို လက်ဝါးကားတိုင်နှင့် ဆက်စပ်သုံးသပ်နိုင်သည့်အခါ မြွေဆိပ်ကို ပိန်းကြာရွက်တွင်ရေမတင်သည့်ပမာ အ ပျောက်ကုနိုင်ပါမည်။

https://maranathamedia-myanmar.com/book/view/agape-bur